အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Psiphon

Psiphon ဆိုသည်မှာ တနေ့ထက်တနေ့ အဆင့်ဆင့်ပြောင်းလဲလာသော open-source web proxy platform တစ်ခု ဖြစ်သည်။ ၎င်းသည် အခြား proxy software (CGIProxy နှင့် Glype ကဲ့သို့သော)နှင့်မတူ server ပေါ်တွင်ဘယ်လို ပြင်ဆင်မှုများပြုလုပ်လားခြင်းပေါ်မူတည်၍ ပုံစံမျိုးစုံကွဲပြားသည်။ ယေဘူယျအားဖြင့် Psiphon သည်

  • HTTPS နှင့်လည်းဝင်ရောက်ကြည့်ရှုနိုင်သည်။

  • HTTPS ဖြင့် ပြုလုပ်ထားသော site များသို့ဝင်ရောက်ကြည့်ရှုနိုင်သည်။

  • YouTube အပါအဝင် အနည်းငယ်ရှုပ်ထွေးသော web site များကို လည်းကြည့်ရှုနိုင်စွမ်းရှိသည်။ (လုံးဝပြီးပြည့်စုံခြင်းမရှိသေးပါ)

  • Username နှင့် password ဖြင့် log in လုပ်ရန်လိုသည့် website ရှိမည်။ မလိုသည့် website ရှိမည်။

  • သင့် proxy ပိတ်ဆို့ခြင်းခံရချိန်တွင် administrator ထံမှ proxy URLs အသစ်များ လက်ခံရရှိရန် အတွက် email address တစ်ခု register လုပ်စေသည်။

  • သင့် proxy (password တစ်ခု လိုအပ်စေရန် configure လုပ်လျက်) အားသုံးရန် အခြား သူများကို လည်းဖိတ်ခေါ်စေသည်။

Psiphon server software ၏ လက်ရှိ version သည် Linux ပေါ်တွင်သာ အလုပ်လုပ်ပြီး အခြား proxy များထက် တပ်ဆင်ရန် နှင့် စီမံခန့်ခွဲ ရန် ခက်ခဲသည်။ ပို အဆင့်မြင့်သော tool များကို တပ်ဆင်ရန် နှင့် အသုံးပြုရန် ခက်ခဲသော သူများအတွက် ပမာဏကြီးပြီး ပိတ်ဆို့ခြင်းကို တောင့်ခံနိုင်သည့် circumvention service operation များကို အလွယ်တကူ အဆင်ပြေစေရန် အတွက် ၎င်းကို အထူးပြုစီမံထားသည်။

Psiphon သမိုင်းကြောင်း

Psiphon 1, Web proxy platform မူလ version ကို Window များပေါ်တွင် အလုပ်လုပ်နိုင်အောင် စီမံထားပြီး internet filtering မရှိသော နိုင်ငံတစ်ခုရှိ non-expert computer user က တောင်internet filtering များလုပ်သော အခြားတိုင်းပြည်များမှ တဦးတယောက်ချင်းစီ အတွက် အခြေခံ circumvention server များ ထောက်ပံ့ပေးနိုင်အောင်ပြုလုပ်ထားသည်။ တပ်ဆင်ရန် နှင့် အသုံးပြုရန် လွယ်ကူပြီး အခြားနည်းများထက် ပို လုံခြုံအောင်ပြုလုပ်ထားသော HTTPS အတွက်ကိုတောင် ထောက်ပံ့ပေးသည်။ လမ်းကြောင်းများ ကြပ်နေခြင်း နှင့် ပိတ်ဆို့နေခြင်းများကို ကာကွယ်ရန် နှင့် node များဟုခေါ်သော ပိတ်ဆို့ခြင်းကို အဓိက လုပ်မည်ဟုရည်မှန်းထားခြင်းခံရသည့် အခြား web proxy သေးသေးလေးများ နှင့်တူညီမှုကို လျော့ချရန် user များ log in လုပ်ရန်လိုအပ်သည်။ Psiphon 1 ကို ထုတ်ခဲ့သည့် အဖွဲ့အစည်းမှ ယခုအခါ ပြန်လည်ပြုပြင်ခြင်း ထောက်ခံခြင်းမရှိတော့ပေ။

Psiphon 2 မှာ အပြည့်အစုံ ပြန်ပြင်ရေးထားခြင်းဖြစ်ပြီး service model တစ်ခု ၏ စွမ်းဆောင်ချက်၊ လုံခြုံရေး၊ compatibility နှင့် scalabitlity ကိုရည်ရွယ်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်တစ်ခု ချင်းစီ တွင်အောင်မြင်မှု အဆင့် မျိုးစုံ ရှိနိုင်သည်။ ပထမဦးစွာ Psiphon 2 user တစ်ဦး သည် private node တစ်ခု ကို log in လုပ်ရန် username နှင့် password လိုပေလိမ့်မည်။ Psiphon, Inc. သည် သူ၏ ကနဦး user များအား သူတို့၏ proxy များကို သူတစ်ပါးမှ ဝင်ရောက်ကြည့်ရှုနိုင်ရန် ခွင့်ပြုမှု ကဲ့သို့သော အထူးအခွင့်အရေးများကို ပေးခဲ့သည်။ User များ HTTPS ဖြင့်ဝင်ရောက်ကြည့်ရှုနေစဉ် ၎င်းတို့ ၏ administrator များသည် SSL certificate များကို ဝယ်ယူရန် မတတ်နိုင်သော ကြောင့် အစောပိုင်း Psiphon 2 proxy များတွင်လည်း user များသည် ‘invalid certificate’ browser warning များကို ဂရုစိုက်ရန် မလို ပေ။ Company မှ စီစဉ်သော Psiphon private node များအားလုံးသည် certificate လုပ်ပြီးသားများဖြစ်ပြီး browser warning များ မပေါ်လာပေ။ သိသာထင်ရှားစွာပင် Psiphon software ၏ third-party installation များအတွက်တော့ မရပေ။ နောက်ဆုံးတွင် Psiphon user များ အရေအတွက်ကန့်သတ်ချက်ရှိသော invitation များကို ပြုလုပ်နိုင်ပြီဖြစ်သည်။

နောက်ပိုင်းတွင် အကောင်အထည်ပေါ်လာသော Psiphon 2 open node သည် log in ဝင်စရာမလိုဘဲသုံးနိုင်သည်။ open node တစ်ခုသည် hompage တစ်ခု ကို အလိုအလျောက်တင်ပေးပြီး ဘာသာစကားတမျိုးမျိုးဖြင့် တင်ပြပေးသော်လည်း  online censorship ကိုရှောင်ကွင်းနေသော အခါတွင် မည်သည့် နေရာတွင်မဆို အသုံးပြုနိုင်သည်။ Open node များတွင် user တစ်ယောက် account တစ်ခု ဖန်တီးနိုင်ပြီး email တစ်ခု register လုပ်နိုင်သော link တစ်ခု ပါဝင်သည်။ ဤသို့ပြုလုပ်ခြင်းသည် proxy administrator များအား  တိုင်းပြည်တွင်း ပိတ်ဆို့ခြင်းခံနေရ သော user များထံသို့ URL အသစ်များ ပေးပို့နိုင်သည်။ ယေဘူယျအားဖြင့် open node များသည် private node များထက် ပိတ်ဆို့ ခံရခြင်း နှင့် အစားထိုးခံရ ခြင်းများ ပြုလုပ်ရန် ပို မြန်ဆန်သည်။ Private node အသစ်များကဲ့သို့ပင် Psiphon open node များအားလုံးသည် HTTPS သုံးခြင်းဖြင့် လုံခြုံနိုင်ပြီး Psiphon, Inc မှ operate လုပ်ထားပါက valid, signed certificate များဖြင့် အထောက်အထားပြနိုင်သည်။

Psiphon node အားမည်ကဲ့သို့ အသုံးပြုနိုင်မည်နည်း။

Proxy ပိတ်ဆို့ခြင်းများကို ကန့်သတ်ရန် နှင့် စောင့်ကြပ်ကြည့်ရှုရန် Psiphon, Inc တွင် open nodes များကို ဖြန့်ဝေရန် အဓိက နည်းလမ်းမရှိပေ။ (right2know nodes များဟုလည်းတခါတရံသတ်မှတ်သည်။) Sesawe circumvention support forum များမှ ရည်ညွှန်းထားသော အင်္ဂလိပ်ဘာသာစကားသုံး open node တစ်ခု ကို http://sesaweenglishforum.net တွင်ရရှိနိုင်သည်။ အခြား open nodes များကို Psiphon’s client base ကိုပြုလုပ်ထားသော အမျိုးမျိုးသော condent producer များဖြင့်လည်း သီးသန့်ဖြန့်ဝေနိုင်သည် (mailing list များ၊ twitter feed များ၊ radio broadcast များစသဖြင့်)

Psiphon private node များမှာ မူကွဲပြားစွာလုပ်ဆောင်သည်။  Private node တစ်ခု အား ထိန်းသိမ်းခြင်း၏ အဓိက အကြောင်းအရန်းမှာ ကျယ်ပြန့်မှုကို ထိန်းချုပ် ရန် နှင့် social network တစ်ခု၏ ယုံကြည်မှု နှင့် သူ့ အသင်းဝင်များအကြား တူညီမှုအချို့ ကို ကာကွယ်ရန် ဖြစ်သော ကြောင့် ဤ စာအုပ်ထဲမှ invitation link တစ်ခု အား print ထုတ်ရန်ဖြစ်နိုင်လျှင်တောင်မှ အဆင်ပြေမည်မဟုတ်ပေ။ ခြုံပြောရလျှင် ‘informer’ တစ်ယောက်ဆီ သို့ပို့ထားသော invitation တစ်ခုသည် နိုင်ငံတွင်း blacklist ထဲသို့ ထည့်ထားသော node ၏ IP address တစ်ခုကို ရရန် လုံလောက်ပေသည်။ အကယ်၍ ၎င်း invitation အားလက်ခံခဲ့ပါက လက်ခံသူမှာ system administrator များမှ ပို့လွှတ်လိုက်သော အခြားမည်သည့် အစားထိုး proxy URL များကို မဆို လက်ခံရရှိပေလိမ့်မည်။ အကယ်၍ သင် invitation တစ်ခု လက်ခံရရှိခဲ့ပါက သင့်အား account တစ်ခု ဖန်တီးခွင့် နှင့် email address တစ်ခု register လုပ်ခွင့်ကို ပေးသော အောက်ဖော်ပြပါ link နှင့် တူညီသော link တစ်ခု ပါ ပါဝင်လာလိမ့်မည်။ (https://privatenode.info/w.php?

p=A9EE04A3)  ထိုသို့ပြုလုပ်ရန် အောက်ဖော်ပြပါ Create an account  အောက်ရှိ ညွှန်ကြား အတိုင်းလိုက်နာပါ။ သင့် account ဖန်တီးပြီးသော အခါ invitation link ကို အသုံးပြုစရာမလို တော့ဘဲ မှတ်ရလွယ်ကူသည့် https://privatenode.info/harpo ကဲ့သို့သော URL မှတဆင့် log in လုပ်နိုင်ပေသည်။

Psiphon open node တစ်ခုအသုံးပြုခြင်း

Open Psiphon proxy တစ်ခုကို သင် ပထမ အကြိမ် ချိတ်ဆက်သည့် အခါတွင် ‘Psiphon Terms of Use and Privacy Policy’ ကိုသင်တွေ့ပေလိမ့်မည်။ စည်းကမ်းချက်များ တွင် အရေးကြီးသော security advice များသာမက proxy administrator တစ်ယောက် သင့် data များကို ထိန်းချုပ်ရန်မည်သို့ တောင်းဆိုနိုင်သည်ဟူသော သတင်းအချက်များပါ ပါဝင်သော ကြောင့် စည်းကမ်းချက်များကို သေချာစွာဖတ်ရှုပါ။ proxy ကိုသုံးရန် Agree ကို နှိပ်ပါ။

Terms of Use ကို သင်လက်ခံပြီးသည် နှင့် တပြိုင်နက် Psiphon မှာ အောက်တွင်ဖြော်ပထားသည့် အတိုင်း Node နှင့် ဆက်စပ်သည့် default home page ပေါ်လာပေလိမ့်မည်။ Proxy မှ တဆင့် အလိုအလျောက် တောင်းဆို နိုင် သည့် သို့မဟုတ် သင့် browser window အပေါ်ရှိ (Psiphon lingo ရှိ Bluebar ဟုခေါ်သော) blue URL bar ကို သုံးကာ သင် အခြား web site များကို ဝင်ရောက်ကြည့် ရှု ခြင်းဖြင့် ရလာမည့် ဤ page ပေါ်တွင် ဖော်ပြထားသည့် link များကို သင်နှိပ်နိုင်သည်။

account တစ်ခုပြုလုပ်ခြင်း

Unblocked open node တစ်ခု ၏ URL ကို သင်မှတ်မိ နေသ၍ သို့မဟုတ် bookmark လုပ်ထားသ၍ ၎င်း ကို filtered website များ ကြည့်ရှုရာတွင် သုံးနိုင်သည်။ အကောင့်တစ်ခု ဖန်တီးခြင်းသည် သင့်အား proxy language နှင့် default home page အပါအဝင် preference များကို ပြင်ဆင်ခြင်းများလုပ်ခွင့်ပေးသည်။ node administrator တစ်ယောက် URL တစ်ခု ပိတ်ဆို့ခြင်းခံရသည်နှင့် သင့်ထံအခြား proxy URL အသစ်တစ်ခု email ပို့ပေး၍ ရအောင် သင် email address တစ်ခု register လည်းလုပ်နိုင်သည်။ ထိုကဲ့သို့လုပ်ရန် Bluebar ထဲတွင် ‘Create account’ ကို နှိပ်ပါ။

Psiphon private node တစ်ခု ဆီသို့ invitation တစ်ခု သင်လက်ခံ ရရှိသည်ဆိုပါက သင့်အကောင့် ကို ဖန်တီးခြင်း အတွက် အဆင့်များသည် အောက်တွင်ဖော်ပြထားသည့် အတိုင်း တူညီနေနိုင်သည်။

Registration form တစ်ခုကို ဖြည့်နေစဉ်တွင် email service များ၊ social networking site များ သို့မဟုတ် အခြား platform များမှ တဆင့် သင့် ဇစ်မြစ်အစစ်အမှန်နှင့် မဆက်စပ်သော username ကို သင် ရွေးချင်ပေလိမ့်မည်။ သင်တစ်ခုခု ကို register လုပ်ရန် ရွေးချယ်ပါက သင့် email address တွင်လည်းအတူတူ ပင်ဖြစ်သည်။  သင့် proxy ၏ user အများစုကို သင့် username သို့မဟုတ် email address ကို မြင်ရခြင်းမှ ကာကွယ်ထားသော်လည်း နှစ်ခု စလုံးကို database ထဲတွင် ထည့်ထားပြီး Psiphon administrator များမှ မြင်ရသောနေရာတွင် သိမ်းထားသည်။ အကယ်၍ email address တစ်ခု ကို register လုပ်ရန် သင်ရွေးချယ်ပါက သင့် email အား HTTPS connection မှ တဆင့် ဝင်လို့ရမည့် နေရာ ကိုသာ ရွေး ချယ်သင့်ပေသည်။ HTTPS ဖြင့်သုံးနိုင်သော အခမဲ့ email provider များထဲတွင်  https://mail.google.com, https://www.hushmail.com, နှင့် https://mail.riseup.net  တို့ပါဝင်သည်။ Psiphon account များ၏ အလိုအလျောက် registration ကို ကာကွယ်ရန် Security code image ပေါ်တွင်ပြသထားသော နံပါတ်ကို ကြည့်ကာ နောက်ဆုံး field ထဲတွင် ရိုက်ထည့်ရပေမည်။ ပြီးဆုံးသောအခါ ‘Create account’ ကို နှိပ်ပါ။ 

သင့် အကောင့်ဖန်တီးမှု အောင်မြင်ခြင်းကို သေချာစေသော message ကို သင်ဖတ်ရပေလိမ့်မည်။ ယခုမှ စ၍ သင့် Psiphon node ထဲသို့ log in ဝင်ရန် ယခု စာမျက်နှာပေါ်မှ ဖြော်ပထားသော URL ကို သုံးပါ။ ၎င်းတွင်  HTTPS prefix နှင့် suffix တိုတိုလေး တစ်ခု (အထက်တွင်ဖြော်ပထားသော ပုံထဲတွင် ‘/001’) ပါဝင်သည်ဆိုခြင်းကို သတိပြုပါ။ ဤ welcome page ကို သင် print ထုတ်ချင် ခြင်း သို့မဟုတ် URL ကို bookmark လုပ်ချင်ပေလိမ့်မည်။ (သို့သော် welcome page ကို မတော်တဆ bookmark မလုပ်မိစေရန် သတိထားပါ။ ) အထက်တွင်ဖြော်ပထားသည့် အဆင့်များအတိုင်း username နှင့် password လည်းသင်လိုအပ်ပေလိမ့်မည်။

ဤ welcome page သည် အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း ‘invalid security certificate’ warning များအကြောင်း နှင့် Psiphon အသုံးပြုရန် အတွက လိုအပ်ချက် များလက်ခံရန် အကြံဥာဏ် အချို့  ပေးသည်။ အမှနန်တကယ်တမ်းတော့ ယင်း ညွှန်ကြားချက်များ မှာ ဟောင်းနေပြီ ဖြစ်ပြီး မလိုက်နာသင့်တော့ပေ။ အကယ်၍ Psiphon proxy တစ်ခုကို ချိတ်ဆက်နေချိန်တွင် အောက်တွင်ဖော်ပြထားသည့်အတိုင်းwarning အချို့ကိုသင်တွေ့မည်ဖြစ်ကာ ၎င်းတို့ကို ဂရုစိုက်သင့်ပေသည်။ ထိုကဲ့သို့ဖြစ်လာပါက သင့် browser ကို ပိတ်ကာ အကြံဥာဏ်များပေးနိုင်မည့် info@psiphon.ca သို့မဟုတ် English@sesawe.net ကို ဆက်သွယ်ပါ။

အခြားသူများအား အသုံးပြုရန် ဖိတ်ကြားခြင်း

သင့် Psiphon proxy ထဲသို့ဝင်ရန် သင် account တစ်ခု ကို အသုံးပြုရသည်ဆိုလျှင် အခြားသူများကို ဖိတ်ခေါ်ရန် စွမ်းဆောင်နိုင်ပြီဖြစ်သည်။ ပိတ်ဆို့ခြင်းကို ကာကွယ်ရန် အတွက် invite token များကိုဖြည်းဖြည်းချင်းစုဆောင်းကာ တစ်ကြိမ်တွင် သင် စုဆောင်းနိုင်သည့် ပမာဏ ကို ကန့်သတ်ထားသည် ကို သင်တွေ့ရမည်ဖြစ်သည်။ အကယ်၍သင့် proxy မှာ open node ဖြစ်နေခဲ့ပါက proxy URL ကို သူတစ်ပါးဆီ အလွယ်တကူ ပို့နိုင်မည်ဖြစ်သည်။ သို့သော် ပိတ်ဆို့ပြီးနောက်သင့် registered email address ထဲတွင် ‘migration’ message တစ်ခု လက်ခံရရှိခဲ့ပါက သင့် account အား private node တစ်ခုထဲသို့ရွှေ့လိုက်ပြီ ဆိုတာသင်တွေ့ရပေလိမ့်မည်။ Psiphon’s built-in invitation mechanism များမှ လွဲ၍ private node တစ်ခု ၏ URL ကို ဘယ်တော့မှ မမျှဝေသင့်ပေ။

တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော invitation များသင်စုဆောင်းမိသည်နှင့် တပြိုင်နက် အောက်ဖြော်ပပါအတိုင်း Invite (1 remaining) လိုမျိုး သင့် Bluebar ပေါ်တွင် link တစ်ခု တွေ့လိမ့်မည်။

သင့် Psiphon proxy ကို သုံးရန် တခြားသူများ အားဖိတ်ခေါ်ရာတွင် နည်းလမ်းနှစ်မျိုးရှိသည်။

  • Invitation များပေးပို့ခြင်း နည်းလမ်းမှာ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လက်ခံသူများထံသို့ invitation link များ အလိုအလျောက်ပို့ပေးသည်။Invitation message များမှာ သင့် ကိုယ်ပိုင် account မှ မဟုတ်ဘဲ Psiphon မှ လာခြင်းဖြစ်သည်။

  • Invitation များဖန်တီးခြင်း နည်းလမ်းမှာ အခြား channel များမှ ဖြန့်ဝေရန်အတွက် တစ်ခု သို့မဟုတ် တစ်ခု ထက်ပိုသော invitation link များဖန်တီးပေးသည်။

အကယ်၍ Bluebar link ပေါ်တွင် သင်နှိပ်လိုက်ပါက၊ သင် send invitation screen ပေါ်သို့ရောက်သွားမည်ဖြစ်သည်။ email ပို့စရာမလိုဘဲ invitation link တစ်ခု ဖန်တီးရန် Profile link ကို ပထမ ဦးစွာ နှိပ်ရမည်ဖြစ်ပြီး ‘Create invitations’ ကို နှိပ်ရမည်ဖြစ်သည်။

Invitations များပို့ခြင်း

သင့် Bluebar ပေါ်တွင် ‘Invite’ ကို နှိပ်ပါ သို့မဟုတ် Profile screen ပေါ်တွင် Send invitation ကို နှိပ်ပါ။ သင် invitation ပို့ချင်သည့် သူ ၏ email address တစ်ခု ကိုရိုက်ထည့်ပါ။ လိုင်းတစ်လိုင်းလျှင် address တစ်ခုစီ ထည့်ပြီး ‘Invite’ ကို နှိပ်ပါ။

Message တစ်ခု သို့မဟုတ် အများကြီး စောင့်နေကြသည်ဟူသော message တစ်ခု သင်တွေ့ပါက အဓိပ္ပါယ်မှာ Psiphon သည် သင့် invitation link များကို မကြာမီ အချိန်အတွင်း email ပို့တော့မည်ဟုဆိုလိုခြင်းဖြစ်သည်။

Private node များသို့ သင်သိသော သူများကို သာ ဖိတ်ရန်သတိရပါ။

    Invitations များပြုလုပ်ခြင်း

    Profile screen ထဲတွင် ‘Create invitations’ ကို နှိပ်ပါ။ invitation link ဖန်တီးလိုသည့် နံပါတ်အရေအတွက်ကို ရွေးချယ်ပြီး ‘Invite’ ကို နှိပ်ပါ။

    သင့်နားတွင်ရှိနေမည့် မည်သည့် channel မှ တဆင့်မဆို invitation link များ ဖြန့်ဝေနိုင်သော်လည်း

    • invitation တစ်ခု ကို တစ်ကြိမ်စီသာသုံးနိုင်မည်ဖြစ်သည်။
    • Private node များအတွက် Proxy URL ကိုပြသခြင်း ရှောင်ကွင်းနိုင်ရန် link များကို လူမြင်အောင်မပြပါနှင်၊့

    • Private node များအတွက် သင်သိသော သူများကို သာ ဖိတ်ပါ။

    အလုပ်မလုပ်သော Website များအကြောင်းတင်ပြခြင်း

    အချို့ website များသည် Psiphon မှတဆင့် ကောင်းကောင်းမဖော်ပြနိုင်သော Flash နှင့် AJAX ကဲ့သို့သော embedded script များ နှင့် ရှုပ်ထွေးသော web နည်းပညာများကို သာအားထားတတ်သည်။ ယင်းကဲ့သို့သော website များတွင် Psiphon အသုံးဝင်စေရန် တည်ထောင်သူများသည် မည်သည့် site များတွင် ပြဿနာဖြစ်တတ်သည်ဆိုခြင်းကို သိရန်လိုသည်။ site ကိုရှာတွေ့ပါက Bluebar ပေါ်ရှိ Broken Page Link ကို နှိပ်ခြင်းအားဖြင့်အလွယ်တကူ တင်ပြနိုင်သည်။ အကယ် ၍ ပြဿနာအကြောင်းကို အနည်းငယ်ရှင်းပြနိုင်ပါက Psiphon development team အတွက် အမှား ပြင်ဆင်ရပိုလွယ်ကူစေပြီး ဖြေရှင်းချက်ကို ကူညီရှာဖွေပေးရာေ၇ာက်သည်။ ပြီးဆုံးပါက ‘Submit’ ကိုနှိပ်၍ သင့် message ကို developer များဆီ သို့ရောက်အောင်ပို့လိုက်ပါ။

    တီထွင်ကြံဆ နည်းလမ်းရ

    အကယ်၍ သင်၏ Internet Service Provider (ISP) မှ အချို့သော web site များကြည့်ရှုခြင်းကို censor လုပ်ထားလျှင် ယခုစာအုပ်တွင်ပါရှိသည့် chatper များမှ tools များကိုအသုံးပြုနိုင်သည်။ သို့မဟုတ်ပါက Information များကို ရရှိရန် အခြားသော creative ဖြစ်သည့် နည်းလမ်းများကို အသုံးပြုနိုင်သည်။ အောက်တွင် ဥပမာ အချို့ကို ဖော်ပြလိုက်သည်။

    ISP များပြောင်းသုံးခြင်း

    အချို့သော စီစစ်ခြင်းဆိုင်ရာ စည်းကမ်း တွေ ကို ISP များအားလုံးမှ တစ်ညီတစ်ညွတ်တည်း အမြဲတမ်း အသုံးပြုနေကြတာ မဟုတ်ပါဘူး။ နိုင်ငံပိုင် telecommunication company များနှင့် သုံးစွဲသူ (subscriber) များသော provider များသည် သုံးစွဲသူနည်းသော ISP  များထက် တင်းကြပ်သော စေ့စပ်သော ဥပဒေ များကို အသုံးပြုလိမ့်မည်။ ၂၀၀၂ ခုနှစ်တွင် ဂျာမန် အစိုးရမှ ၎င်းနိုင်ငံတွင်း ပြည်နယ်တစ်ခုတွင်ရှသော ISP နှင့်သာသက်ဆိုင်သော ဥပဒေတစ်ရပ်ကိုထုတ်ပြန်ခဲ့ပါသည်။ တို့ကြောင့်လူအတော်အများအသည် တခြားပြည်နယ်များတွင်ရှိသော ISP များမှ အသုံးပြုခြင်းအားဖြင့် ထိုဥပဒေအားရှောင်လွှားနိုင်ခဲ့ပါသည်။ ထိုနည်းတူစွာ ၂၀၁၀ ခုနှစ်တွင် ဂျာမနီတွင်လည်း အသုံးပြုသူ တစ်သောင်းအထက်ရှိသော ISP များအတွက် ဥပဒေတစ်ရပ်ပြငှာန်းခဲ့ပါသည်။ ထိုအခါ အသုံးပြုသူများသည် တခြားသော လူသုံးနည်းသော ISP များကိုအသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်အီဂျစ်တော်လှန်ရေးတွင်လည်း Noor DSL သည်နောက်ဆုံးမှ အင်တာနက်ပိတ်ချသော ISP ဖြစ်ပါသည်။ အကြောင်းမှာ ၄င်းသည် အင်တာနက်အသုံးပြုသူဈေးကွက် ၈ ရာခိုင်နှုန်းသာပိုင်ဆိုင်ပြီး ၄င်းဝန်ဆောင်မှုအားသုံးသော သူများ (ဥပမာ အီဂျစ်ဈေးကွက် exchange, အီဂျစ်အမျိုးသားဘဏ် နှင့်ကိုကာကိုလာ တို့ကဲ့သို့သော အရေးကြီးသော customer များရှိသောကြောင့်ဖြစ်ပါသည်။

    Alternative ISP သည်အခြားနိုင်ငံမှလည်းဖြစ်နိုင်သည်။ အချို့သော company များသည် နိုင်ငံရေးတည်ငြိမ်မှု မရှိသော တိုင်းပြည်မှ အသုံးပြုသူများအတွက် subscription fee ကိုပင် လျှော့ပေးတတ်သည်။ ၂၀၁၁ ခုနှစ်အတွင်း လစ်ဗျား နှင့် အီဂျစ် မြို့များတွင် ဆန္ဒပြပွဲများ ဖြစ်နေချိန်တွင် ၎င်းမြို့များမှ နိုင်ငံသားများသည် ၎င်းတို့၏ dial-up modems များကို အခြားတိုင်းပြည်ရှိ ISP များနှင့် ချိတ်ဆက်၍ လည်းကောင်း၊ satellite၊ packet radio နှင့် multinational company များမှ provide လုပ်ထားသော စီစစ်ထားခြင်းမရှိသော ဆက်သွယ်မှု(unfiltered connectivity) များကို အသုံးပြု၍လည်းကောင်း နိုင်ငံရေးနှင့် လူမှုရေးအခြေအနေများကို publicize လုပ်နိုင်ခဲ့သည်။

    Mobile networks

    Mobile Network များကို မြန်မြန်ဆန်ဆန် လူကြိုက်များလာရခြင်း အကြောင်းအရင်းမှာ ၎င်းတို့၏ သတင်းဖြန့်ဖြူးနိုင်ခြင်း နှင့် uncensored information များကို ရရှိနိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး ကိုယ်ပိုင် ကွန်ပျူတာနှင့်ကိုယ်ပိုင် အင်တာနက် ကွန်နက်ရှင် မရနိုင်သော နေရာများတွင် လျှင်လျှင်မြန်မြန် ထိုးဖောက်နိုင်ခြင်းကြောင့်ဖြစ်သည်။ Mobile carrier များသည် ISP များမဟုတ်ကြဘဲ ၎င်းတို့၏ network များသည် ဥပဒေအရ တိတိကျကျ အရေးယူရန် ခက်ခဲလှသည်။ သို့သော်လည်း  ၎င်း network များသည် စစ်ဆေးရန်လွယ်ကူပြီး မကြာခဏ စောင့်ကြည့်ခံရတတ်သည်။

    အင်တာနက်တက်ကြွစွာလှုပ်ရှားသူများ(internet activists) သည် short message service (SMS) campaigns များနှင့် Twitter ကဲ့သို့သော microblogging service များကို SMS technology မှတစ်ဆင့်အသုံးပြုနိုင်ရန် ၎င်းတို့၏ phone များနှင့် FrontlineSMS(http://www.frontlinesms.com) ကဲ့သို့သော free and open-source software များကို အသုံးပြုကြသည်။FrontlineSMS အသုံးပြုပြီး internet နှင့်ချိတ်ဆက်ထားသော computer တစ်လုံးသည် cell(mobile) phone များမှတစ်ဆင့် အင်တာနက်သို့ information များ တင်ချင်သော လူများအတွက် platform တစ်ခုသဖွယ် လုပ်ပေးနိုင်သည်။

    Mobile network များကို အခြားသော device များဖြင့်လည်းအသုံးပြုနိုင်သည်။ ဥပမာ international mobile roaming ပါပြီး နိုင်ငံ ၁၀၀ နှင့်အထက် တွင် mobile network မှတစ်ဆင့် Wikipedia သို့ free access ရရှိနိုင်သော Amazon’s Kindle 3G e-book reader မျိုးကဲ့သို့သော device ဖြစ်သည်။

    အင်တာနက်ကို လုံးဝအသုံးမပြုခြင်း

    တစ်ခါတစ်ရံမှာ အင်တာနက်အသုံးပြုခြင်းကို လုံးဝ ပိတ်ပင်လိုက်ပြီး အင်တာနက်တက်ကြွစွာလှုပ်ရှားသူ(activists) များသည် သတင်းအချက်အလက်ဖြန့်ဝေရန်နှင့် uncensored information များရရှိရန် အခြားသော နည်းလမ်းများကို အသုံးပြုရသည်။ ၁၉၈၉ ခုနှစ် အင်တာနက်အား တွင်တွင်ကျယ်ကျယ် အသုံးမပြုမီအချိန်တွင် University of Michigan မှ ကျောင်းသားအချို့သည် Tiananmen Square တွင်ပြုလုပ်သွားသည် event များနှင့်ပတ်သတ်သည့် government’s reports များကို ပြောင်းလဲရန် တက္ကသိုလ်များ၊ အစိုးရ ရုံးခွဲများ၊ ဆေးရုံများ နှင့် တရုတ်ပြည် ရှိ အဓိက စီးပွားရေး လုပ်ငန်းများသို့ daily summaries of international media များပို့ရန်အတွက် fax machine ကိုအသုံးပြုခဲ့ကြသည်။

    အကယ်၍ သင့်အင်တာနက်အသုံးပြုခွင့်ကို ပိတ်ပင်ထားလျှင် peer-to-peer exchanges (အပြန်အလှန် လဲလှယ်ခြင်း) ပြုလုပ်နိုင်ရန် အခြားသော နည်းလမ်းများကို အသုံးပြုရမည်။ IrDA(infrared) အင်ဖရာရက် နှင့် Bluetooth တို့ကို ခေတ်မီ mobile phone တော်တော်များများတွင်တွေ့နိုင်ပြီး ၎င်းတို့ကို သိပ်မဝေးသော အကွာအဝေးတစ်ခုမှ data transfer လုပ်ရန်အသုံးပြုနိုင်သည်။ “The Pirate Box”(http://wiki.daviddarts.com/PirateBox ) ကဲ့သို့သော အခြား projects များသည် mobile file sharing device များ ဖန်တီးနိုင်ရန် Wi-Fi နှင့် free, open source software များကိုအသုံးပြုကြသည်။ Cuba ကဲ့သို့ internet penetration နိမ့်သော နိုင်ငံများတွင် uncensored information များကို ဖြန့်ဝေခြင်သူများသည် USB flash drive များကို ကျယ်ကျယ်ပြန်ပြန့်အသုံးပြု ကြသည်။ ၂၀၁၁ခုနှစ် Libya နှင့် Egypt နိုင်ငံရေးမတည်ငြိမ်မှုများတွင် activist များသည် fax, speak2tweet( google နှင့် twitter တို့မှ တီထွင်ထားသော platform တစ်ခုဖြစ်ပြီး landline user များကို voicemail မှတစ်ဆင့် post တင်နိုင်ရန် ပြုလုပ်ပေးသည်။) နှင့် SMS ကဲ့သို့သော အခြားနည်းပညာများကို အသုံးပြုကြသည်။

    အရမ်းသစ်သော (သို့) အရမ်းဟောင်းသော နည်းပညာများအသုံးပြုခြင်း

    တစ်ခါတစ်ရံတွင် censor ၏ filtering နှင့် monitoring နည်းပညာများသည် လက်ရှိအခြေအနေရှိ internet protocols နှင့် service များအတွက်သာ ဖြစ်သည်။ ထို့ကြောင့် block လုပ်ခံရခြင်း မရှိနိုင်သည့် အရမ်းသစ်သော သို့မဟုတ် အရမ်း ဟောင်းသော နည်းပညာများကို အသုံးပြုရန် ထည့်သွင်းစဉ်းစားသင့်သည်။ Instant Messaging(IM) software (Windows Live Messenger, AIM အစရှိသဖြင့်) မပေါ်ထွန်းမီ group commnunication များကို real-time internet text messaging ပြုလုပ်နိုင်သော Internet Relay Chat(IRC) မှတစ်ဆင့်သာ ပြုလုပ်နိုင်သည်။ သိပ်ပြီး လူကြိုက်မများ တော့သော်လည်း IRC သည်ယခုအချိန်ထိ တီရှိနေပြီး အင်တာနက် အသုံးပြုသူများမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြ ဆဲဖြစ်သည်။  Bulletin Board System(BBS) ဆိုတာကတော့ အသုံးပြုသူများကို connect လုပ်ရန်၊ software များနှင့် အခြား data များကို upload နှင့် download လုပ်ရန်၊ သတင်းဖတ်ရန် နှင့် အခြား user များနှင့် သတင်းများ လဲလှယ် ရန်သုံးသည့် computer running software တစ်ခုဖြစ်သည်။ ပုံမှန်အရတော့ အသုံးပြုသူများမှ ထို systems များကို အသုံးပြုနိုင်ရန် ၎င်းတို့၏ modem များမှတစ်ဆင့် telephone number တစ်ခုကို ခေါ်ရမှာဖြစ်သည်။ သို့သော် ၁၉၉၀ အစောပိုင်းမှစ၍ bulletin board systems သည် Telnet နှင့် SSH ကဲ့သို့ သော internet interactive text protocols များမှတစ်ဆင့် အသုံးပြုခွင့်ပေးလာသည်။

    ထိုအကြောင်းအရာများအရ နည်းပညာအသစ်များသည် လည်း နည်းပညာအဟောင်းများကဲ့သို့ပင် တူညီသော ကောင်းကျိုးများ ရရှိနိုင်ပြီး သုံးစွဲသူ အရမ်းနည်းသေးသောကြောင့် censor လုပ်ခံရရန် အခွင့်အရေးနည်းသည်။ ဥပမာ IPv6 ကဲ့သို့ internet protocol အသစ်သည်အချို့နိုင်ငံရှိ ISP များတွင် တွင်တွင်ကျယ်ကျယ် အသုံးချနေပြီး ပုံမှန်အားဖြင့် ၎င်းကို filter လုပ်ထားခြင်း မရှိတတ်ပေ။

    အင်တာနက်ပေါ်ရှိ ဝန်ဆောင်မှုအချို့အား နည်းလမ်းပြောင်းလဲ အသုံးပြုကြည့်ခြင်း

    ဆင်ဆာလုပ်ခံထားရသော internet user များသည် web service များကို တီထွင်ထားသည့် ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ အခြားနည်းလမ်းအတွက် စတင်အသုံးပြုနေပြီဖြစ်သည်။ ဥပမာ ပုံမှန် chat room များထဲတွင်ပြောလို့မရသော အကြောင်းအရာများကို video game chat room များထဲတွင်ပြောဆိုကြသည်။ နောက်ထပ်နည်းလမ်းကတော့ email account တစ်ခုထဲကို သုံးစွဲပြီး email မပို့ဘဲ ပြောချင်သော အကြောင်းအရာများကို Drafts ထဲတွင်သိမ်းဆည်းခြင်း ဖြစ်သည်။

    Dropbox.com နှင့် Spideroak.com တို့ကဲ့သို့ online backup service များကို activist များမှ documents နှင့် အခြား data များ မျှဝေ ရန်အသုံးပြုကြသည်။

    ဘာသာပြန်ရန်, caching သို့မဟုတ် formatting (ပြင်ဆင်ရန်) အတွက် ရည်ရွယ်ထုတ်လုပ်ထားသော service များကို အင်တာနက် ဆင်ဆာ အားကျော်လွှားသည် simple proxy များအဖြစ်အသုံးပြုကြသည်။ ထင်ရှားသော ဥပမာ များမှာ google translator, google cache နှင့် archive.org တို့ဖြစ်ကြသည်။ သို့သော်လည်း Browsershots.org(website များ၏ screenshots ကိုရယူရန်) PDFMyURL.com(website တစ်ခုကို PDF form သို့ပြောင်းလဲပေးသည်) URL2PNG.com( URL မှ PNG image ကိုဖန်တီးပေးသည်) နှင့် InstantPaper.com (Nook and Kindle ကဲ့သို့ ဖတ်ရလွယ်သည့် documents များကို e-book readers များအတွက်ပြုလုပ်ပေးသည်) တို့ကဲ့သို့သော creative applications များ အများအပြားရှိသေးသည်။

    မည်သည့်ဆက်သွယ်ရေးလမ်းကြောင်းမဆို ဆင်ဆာကျော်လွှားခြင်းအတွက်လမ်းကြောင်း ဖြစ်နိုင်သည်


    သင့်ကြုံတွေ့နေရသော censorshiopဧရိယာ အပြင်ဘက်ရှိ ကွန်ပျူတာတစ်လုံး သို့မဟုတ် လူယုံ တစ်ယောက် ပါရှိသည့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုသင့်တွင်ရှိသည်ဆိုလျှင် ၎င်းကို ဆင်ဆာကျော်လွှားသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသင့်သည်။ အထက်မှာ ပြောခဲ့သလိုပဲ လူတွေဟာ ဆင်ဆာကိုရှောင်ရှားဖို့အတွက် ဆင်ဆာလုပ်လေ့လုပ်ထ မရှိသော video game မှ chat များကို အသုံးပြုနေကြပြီးဖြစ်သည်။ Game ထဲတွင် player များသည် ရှုပ်ထွေးလှသော in-world objects များကို ဖန်တီးနိုင်သည်။ In-world computer များကို create လုပ်ရန် idea များအကြောင်း TV screens များ သို့မဟုတ် blocked resources များကို ဆင်ဆာလုပ်ထားခြင်းမရှိဘဲ ကြည့်ရှုရာ တွင် အသုံးပြုမည့် tools များအကြောင်းကို ဆွေးနွေးကြသည်။

    အချို့လူများကလည်း social networking site profile များတွင်  Information များကို စကားလိမ်ဖြင့် ရေးရန် အကြံပေး ကြသည်။ ဥပမာ လူတစ်ယောက်က သူကြည့်ချင်သော web site ၏ address ကို သူ၏ social networking site profile တွင် တင်လိုက်သည်ဆိုပါစို့။ Uncensored access ရရှိနိုင်သော နေရာမှ သူငယ်ချင်း တစ်ယောက်က ထို web site ၏ content များကို ဓာတ်ပုံတစ်ခု ပြုလုပ်ပြီး graphic file အနေဖြင့် အခြား profile တွင် post လုပ်ပေးနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းကို လူများလုပ်ခြင်းထက် လွယ်ကူလျှင်မြန်စေရန် software များဖြင့် အစားထိုးနိုင်သည်။

    ကွန်ပျူတာ programming များ၏ကျေးဇူးကြောင့်၊ နံပါတ် အက္ခရာအနည်းအကျဉ်းသာ ပေးပို့လက်ခံနိုင်သော လမ်းကြောင်းများကို ဝက် proxy လမ်းကြောင်းများဖြစ်အောင် ပြောင်းလဲပေးနိုင်ပါလိမ့်မည်။ (၄င်းနည်းလမ်းများကို covert လမ်းကြောင်းများဟုလည်းခေါ်တတ်ပါသည်။ ) ဥပမာ- ကွန်ပျူတာ ပရိုဂရမ်မာများသည် DNS (Domain Name System) များဖြင့် firewall များကိုကျော်သော Ip-over-DNS သို့မဟုတ် HTTP-over-DNS proxy application များကို တီထွင်နိုင်ခဲ့ကြပါသည်။ Iodine ဆော့ဝဲ (http://code.kryo.se/iodine) သည် ၄င်းဥပမာဖြစ်ပါသည်။ ၄င်းနှင့်အလားတူ ဆော့ဝဲများအကြောင်းကို http://en.cship.org/wiki/DNS_tunnel နှင့် http://www.dnstunnel.de တွင်ကြည့်နိုင်ပါသည်။ ဤ application များဖြင့် ဝက်ဆိုက်တစ်ခုကို သွားသောလမ်းကြောင်းသည် တခြားတစ်ခုဆီကိုသွားနေသောပုံစံဖြစ်အောင် ရုပ်ပြောင်းပေးနိုင်ပါသည်။

    ကိုယ်တောင်းဆို (request) လုပ်လိုက်သောအကြောင်းပြချက်အစား ပြန်လာသော အကြောင်းအရာများအဖြစ်ရုပ်ဖျက်ပေးတတ်ပါသည်။ ထိုသို့သော communication များကို firewalls တော်တော်များများ မှ block မလုပ်နိုင်ပေ။ ဘာဖြစ်လို့လဲဆို တော့ DNS system ကို site location များနှင့်ပတ်သတ်သည့် directory information အတွက်ထက် end-user communication များကို သယ်ဆောင်ရန်အသုံးပြုသောကြောင့်ဖြစ်သည်။

    ဆင်ဆာကျော်လွှားရန်အတွက် အဆင့်မြင့်သော application များသည် covert လမ်းကြောင်းများအဖြစ်ပြောင်းပေးနိုင်ပြီး ၄င်းအကြောင်းအရာများကိုလည်း သုသေသနပြုလျှက်ရှိပါသည်။ အသုံးပြုနိုင်ရန်အတွက် အခြားတစ်နေရာတွင် dedicated server တစ်ခုထားရှိရန်လိုအပ်ပြီ ကိုယ့်စက်နှင့် ဟိုဘက်စက်နှစ်ခုစလုံးတွင် နည်းပညာကျွမ်းကျင်သူတစ်ယောက်မှ software တပ်ဆင်ပေးရန်လိုအပ်ပါလိမ့်မည်။