အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Censorship အားလေ့လာခြင်းနှင့် မှတ်တမ်းတင်ခြင်း

အချို့နိုင်ငံများတွင် အင်တာနက်အား အစိုးရမှ ဆင်ဆာ လုပ်ခြင်းကို ဖုံးကွယ်ထားခြင်းမရှိပါ။ ဆင်ဆာ လုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် နည်းလမ်းများကို Ronald Delber, John Palfrey, Rafal Rohozinski နှင့် Jonathan Zittrain တို့ ပြုစုသော Access Denied: The Practice and Policy of Global Internet Filtering နှင့် Access Controlled: The Shaping of Power, Rights and Rule in Cyberspae စာအုပ်များတွင် ဥပမာ အနေဖြင့် တွေ့နိုင်သည်။ (http://opennet.net/accessdenied နှင့် http://www.access-controlled.net တွင်ဖတ်နိုင်သည်။)

လူသိများသော site တစ်ခု ကို block လုပ်လိုက်သောအခါ တွင် ထိုအချက်ကို နိုင်ငံတွင်းရှိလူ တော်တော်များများသိသွားကြသည်။ သို့သော်လည်း တစ်ချို့အစိုးရများ (ဆင်ဆာပြုလုပ်သူများအပါ အဝင်) သည် censorship ပြုလုပ်ထားကြောင်းကို ငြင်းပယ်တတ်ပြီး နည်းပညာချို့ယွင်းချက်များ ဟု ပြောဆိုတတ်ကြသည်။ အကယ်၍သင်သည် censorship ပြုလုပ်ထားခြင်းခံနေရလျှင် ကိုယ့်အတွေ့အကြုံအရ အခြားသူများ (ဆင်ဆာဖြတ်တောက်ခြင်းကို အထူးပြုလေ့လာနေသော နိုင်ငံတကာအဖွဲ့များ၊ လှုပ်ရှားတတ်ကြွသူများ အပါအဝင် )တို့ကို သိရှိနားလည်လာအောင်နှင့် ကျယ်ပြန့်အောင် အကူအညီပေး နိုင်ပါသည်။

Network တွင် censor လုပ်ထားကြောင်း ငြင်းဆိုတတ်သော အစိုးရများသည် ၎င်းတို့အကြောင်းများ ကို လူသိအောင် ဖော်ထုတ်သော သင့်ကို လိုလားမည်မဟုတ်သောကြောင့် သတိထားရန်တော့ လိုလိမ့်မည်။

censorship နှင့်ပတ်သတ်သော သိကောင်းစရာများကို လေ့လာခြင်း

လွန်ခဲ့သော နှစ်နှစ်လောက်ထဲက censorship နှင့်ပတ်သတ်သော knowledge database များကို လူထု ကြားထဲ ချပြခဲ့ပြီးပါပြီ။ အချို့သော database များက လူသိအရမ်းများပြီး ၎င်းတို့ကို ကျွမ်းကျင် သူများမှ validated လုပ်ထားခြင်းဖြစ်သည်။ Block site list များကို မှန်နိုင်သမျှ မှန်အောင် နှင့် information များကို ထိန်းသိမ်းထားနိုင်ရန် ၎င်းတို့အား အမြဲမပြတ် update လုပ်လျက်ရှိသည်။ အချို့သော database များကို အောက်ပါ URL များတွင် ရရှိနိုင်သည်။

OpenNet Initiative နှင့် Reporters without Borders မှထုတ်ပြန်သော နိုင်ငံအများစု၏ အင်တာနက်အဖြေအနေ ကိုအကျဉ်းချုပ် ဖော်ပြပေးသော အစီရင်ခံစာများကိုပုံမှန် ထုတ်ပြန်ပေးလျှက်ရှိပါသည်။

 


Herdict အသုံးပြု၍ ဆင်ဆာပိတ်ထားသော site များအား သတင်းပို့ခြင်း

Herdict(https://www.herdict.org) ဆိုတာကတော့ ကြည့်၍မရသော site များကို စုစည်းတင်ပြ ထားသော web site တစ်ခုဖြစ်သည်။ ၎င်းကို United States မှ Harvard University ရှိ Berkaman Center For Internet and Society မှ အင်တာနက် ဆင်ဆာအကြောင်းလေ့လာသော သုတေသန ပညာရှင်များမှ ပြုလုပ်နေခြင်းဖြစ်သည်။

Herdict မှာ ရှိတဲ့ data တွေက မပြည့်စုံပါဘူး။ ဥပမာပြောရရင် user တော်တော်များများ site တစ်ခု ဟာ နည်းပညာချို့ယွင်းမှုကြောင့် သို့မဟုတ် address မှားရိုက်မိလို့ ဖွင့်မရတာလားဆိုတာ မကွဲပြားကြပါဘူး။ သို့သော်လည်း data အားလုံးကို ကမ္ဘာတစ်ဝန်းမှ ရယူပြီး update အမြဲလုပ် လျက်ရှိပါသည်။



အထက်မှာ ဖော်ပြထားတားကတော့ Facebook report ရဲ့ အကြမ်းမျဉ်းဖြစ်ပါသည်။

သင့်ကိုယ်ပိုင် report များကို ထို Herdict web site တွင် တင်ပေးခြင်းအားဖြင့် လေ့လာနေသူများကို ကူညီနိုင်ပါသည်။ ၎င်းကို အခမဲ့ အသုံးပြုနိုင်ပြီး အသုံးပြုရလွယ်ကူကာ register ပင်လုပ်ရန် မလိုအပ်ပါ။ website တစ်ခု ၏ block notifications update များ ရရှိရန် register လည်းလုပ်နိုင်သည်။

Herdict သည် Firefox နှင့် Internet Explorer web browser များ အတွက် web site များ block လုပ်ခံရခြင်း သို့မဟုတ် သင် browse လုပ်နေကျအတိုင်း မဟုတ်သည့်အခါမျိုးတွင် report လုပ်ရ လွယ်ကူသည် add-ons များကို လည်း ဖန်တီးထားပါသည်။

Alkasirအသုံးပြု၍ ဆင်ဆာပိတ်ထားသော site များအား သတင်းပို့ခြင်း

Alkasir ဆိုတာကတော့ အသုံးပြသူ များအတွက် ပိတ်ဆို့ထားသော web site တစ်ခုကို သတင်းပို့ရန် လွယ်ကူ သည့် circumvention tool တစ်ခုဖြစ်သည်။ ၎င်းတွင် “Report Blocked URLs” ဆိုသော button ကို နှိပ်လိုက်ရုံဖြင့် block လုပ်နိုင်သည်။ Alkasir သည် နိုင်ငံတစ်ခုခြင်းစီ၏ blocked site များကို list လုပ်ထားပြီး အခြားသော ဆက်စပ်နေသော URL များကို အသုံးပြု၍ ရမရ စစ်ဆေးပေးသည်။ ၎င်းထံတွင်ပါသော report feature ကိုအသုံးပြုခြင်းဖြင့်လေ့လာသူများအတွက် သင် အလွယ်တကူ ပါဝင်ကူညီနိုင်ပါသည်။   

“Using Alkasir” (Alkasir အသုံးပြုခြင်း) အခန်းတွင် အသုံးပြုပုံအသေးစိတ်ကို ဖတ်ရှုနိုင်သည်။

ကိုယ့်စက်အား အဝေးမှ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားခြင်း

Researcher များကို ၎င်းတို့၏ စမ်းသပ်မှုများပြုလုပ်နိုင်ရန်  သင့်ကွန်ပျူတာထံသို့ remote access ပေးခြင်းအားဖြင့်လည်း Censorship research ကို ကူညီနိုင်သည်။ သို့သော် ၎င်းတို့သည် သင့် ကွန်ပျူတာ အား အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သင့် ကွန်ပျူတာ ပေါ်တွင်  ၎င်းတို့လုပ်သမျှအားလုံး သည် သင့် ISP သို့မဟုတ် government တို့၏ အမြင်တွင်မူ သင်လုပ်သည် ဟုသာ ထင်နိုင်သော ကြောင့် သင်လုံးဝယုံကြည်ရသော researcher များကိုသာ ထိုသို့သော access ပေးသင့်သည်။

GNU/Linux OS များအတွက်တော့ shell account က အကောင်းဆုံး option ပါပဲ။ ၎င်းကို set up လုပ်ရန် အတွက်  http://ubuntuforums.org နှင့် အခြားသော site များတွင် အကူအညီ ရယူနိုင်သည်။

Window OS များအတွက်ကတော့  remote desktop ဆိုသော build-in ကို အသုံးပြုသင့်သည်။ http://www.howtogeek.com/howto/windows-vista/turn-on-remotedesktop-in-windows-vist. တွင် instructions များဖတ်ရှုနိုင်သည်။ Internet သို့ချိတ်ဆက်ရန် router box ရှိ port forwarding setting ကိုလည်း ပြောင်းလဲရန်လိုအပ်သည်။ ၎င်းကို http://portforward.com တွင် ရှင်းပြထားသည်။ Remote access ပြုလုပ်ရန် နောက်ထပ်နည်းလမ်းကတော့ TeamViewer (http://www.teamviewer.com) tool ဖြစ်ပြီး ၎င်းကို operating system အားလုံးအတွက်အသုံးပြု နိုင်သည်။


နှိုင်းယှဉ်မှုများ ပြုလုပ်ခြင်း

Network Censorship ကို မှတ်တမ်းတင်ရန် အခြေခံအကျဆုံး နည်းလမ်းကတော့ အင်တာနက် ပေါ်ရှိ နေရာပေါင်းစုံမှ URL list များကဲ့သို့သော network resources များကို ရှာဖွေပြီး ရလဒ် များကို နှိုင်းယှဉ်ကြည့်ခြင်းဖြစ်သည်။ အချို့သော URL များသည် တစ်နေရာတွင် အလုပ်မလုပ်သော်လည်း နောက်တစ်နေရာတွင် သုံးလို့ရချင်ရနေတတ်သည်။ ထိုသို့ကွဲပြားနေခြင်းသည် အမြဲဖြစ်နေပြီး စနစ်တကျ ဖြစ်နေခြင်းလား? စသည်တို့ကို နှိုင်းယှဉ်ကြည့်သင့်သည်။ အကယ်၍သင့်ထံတွင် VPN ကဲ့သို့ စိတ်ချရသော circumvention tool တစ်ခု ရှိနေသည်ဆိုလျှင် circumvention ရှိခြင်း မရှိခြင်း သည် net တစ်ခုအတွက် မည်သို့ကွာခြားသည် ဆိုသည့် လေ့လာမှုများကို သင်ကိုယ်တိုင် ပြုလုပ်နိုင်သည်။ ဥပမာ United State တွင် မိတ်ဆွေအချင်းချင်း filesharing လုပ်သည့် software ကို ISP များမှ မည်သို့နှောင့်ယှက် နေသည် ဆိုသည့် အကြောင်း မှတ်တမ်းတင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ထိုသို့ နှိုင်းယှဉ်ခြင်းကို ကိုယ်တိုင် လက်ဖြင့်ရေးမှတ်၍ သော်လည်းကောင်း automated software များဖြင့် သော်လည်းကောင်းပြုလုပ်နိုင်သည်။

Packet sniffing

သင် သည် internet protocol များမည်သို့အလုပ်လုပ်သည် ဆိုသော နည်းပညာ များ နှင့်ရင်းနှီး လာပြီဆိုလျှင် Wireshark (http://www.wireshark.com) ကဲ့သို့သော packet sniffer သည် သင့်ကွန်ပျူတာမှ ထုတ်လွှတ် သည့် လက်ခံသည့်  network packets အတိုင်း record လုပ်ပေးလိမ့်မည်။