အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

VPN Service များ

VPN (virtual private network) တစ်ခုသည် သင် နှင့် အခြား ကွန်ပျူတာများ အကြား internet traffic များ အားလုံးကို encrypt နှင့် tunnel များလုပ်သည်။ ထိုကွန်ပျူတာမှာ စီးပွားဖြစ် VPN service တစ်ခု၊ သင့် အဖွဲ့အစည်း သို့မဟုတ် ယုံကြည်ရသော contact များနှင့် ဆက်သွယ်မှုရှိနိုင်သည်။ 

VPN service များ Internet traffic များအားလုံးကို tunnel လုပ်သောကြောင့် ၎င်းတို့အား email ၊ instant messaging၊ Voice over IP (VoIP) နှင့် ဖြတ်သန်းသွားသော tunnel လမ်းတလျောက် မည်သူမှ ဖတ်၍ မရအောင် လုပ်ထားသော Web browsing  ကဲ့သို့သော အခြား Internet service များအတွက် ပါ သုံးနိုင်သည်။

အကယ်၍ tunnel သည် Internet ကန့်သတ်ထားသည့် နေရာ၏ အပြင်ဘက်တွင် ဆုံးနေခဲ့လျှင် filtering entity/ server က encrypted data များကို သာ မြင်ပြီး tunnel မှ မည်သည့် data များ ဖြတ်နေသည်ကို မသိသောကြောင့် circumvention အတွက် အသုံးဝင်သော နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ ၎င်းတွင် သင့်လမ်းကြောင်းများ အားလုံးကို ခိုးနားထောင်သူအတွက် တူသယောင်ယောင်ဖြစ်နေစေသော အားသာချက်ရှိသည်။

 

နိုင်ငံတကာ ကုမ္ပဏီများ အိမ်မှ သို့မဟုတ် အင်တာနက်မှ တဆင့် အခြား ဝေးလံသော နေရာများ နေ၍ company computer system များကို ကြည့်ရှုရန် အတွက် အခြား သတင်းအချက်အလက်များ သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များ ကို ကြည့်ရှုရန် လိုအပ်သော ဝန်ထမ်းများကိုခွင့်ပြုရန် VPN technology ကို သုံးရသောကြောင့် circumvention ရည်ရွယ်ချက်များဖြင့် သုံးသော နည်းပညာများထက် VPN technology ကို ပိတ်ရခက်သည်။

Tunnel အဆုံးဝေးနေသမျှ ကာလပတ်လုံး data encrypted လုပ်နေမည် ဖြစ်ပြီး လိုချင်သည့် နောက်ဆုံးနေရာသို့ unencrypted လုပ်ကာ သွားနေမည်ဆိုခြင်းကို သတိပြုပါ။ ဥပမာ အကယ်၍ စီးပွားဖြစ် VPN provider တစ်ခု သို့ tunnel တစ်ခု သင် တပ်ဆင်ထားပြီး tuneel မှ တဆင့် web page http://news.bbc.co.uk ကို တောင်းဆိုခဲ့လျှင် သင့်ကွန်ပျူတာမှ အခြားတစ်ဖက်ရှိ VPN provider’s computer သို့ data များ encrypted လုပ်ခံရမည်ဖြစ်သော်လည်း ထိုမှ နေ၍ အခြား internet traffic ကဲ့သို့ပင် BBC မှ run သော server များထံသို့ unencrypted လုပ်ခံရလိမ့်မည်။ ဆိုလိုသည်မှာ သီအိုရီ အရ VPN provider၊ BBC နှင့် server နှစ် ခု အကြား စနစ်ကို control လုပ်သော မည်သူမဆို သင်မည်သည့် data ပို့သည် သို့မဟုတ် တောင်းဆိုသည် ကို တွေ့မြင်နိုင်ပေမည်။

VPN service များအသုံးပြုခြင်း

VPN Service များ သည် client-side software များ တပ်ဆင်ရန် လိုသည့် အရာများ လည်းရှိသည်။ မလိုသည့် အရာများ လည်းရှိသည်။ (များသောအားဖြင့် Windows, Mac OS သို့မဟုတ် GNU/Linux ထဲရှိ ရှိရင်းစွဲ VPN support များပေါ်တွင် မူတည်ပြီး အပို client software များမလိုအပ်ပါ။ )

VPN service တစ်ခု ကို သုံးရန် service ၏ ပိုင်ရှင်များကို ယုံကြည်ရန်လိုအပ်သော်လည်း service အပေါ်မူတည်၍ အခမဲ့ သို့မဟုတ် ၅ မှ ၁၀ ဒေါ်လာ အထိရှိနိုင်သည့် လစဉ်ကြေးဖြင့် Internet filtering ကို ရှောင်ကွင်းသည့်  လွယ်ကူအဆင်ပြေသော နည်းလမ်းကိုထောက်ပံ့ပေးသည်။ အခမဲ့ service များသည် adsupported သို့ bandwidth ကန့်သတ်ထားသည်များဖြစ်တတ်ပြီး ပေးထားသော အချိန်အပေါ်တွင် traffic အများဆုံးခွင့်ပြုထားခြင်းများ ဖြစ်နိုင်သည်။

ပေါ်ပြူလာဖြစ်သော အခမဲ့ VPN service များ:

  • Hotspot Shield, https://hotspotshield.com

    Berkman Center မှ 2010 report အရ Hotspot Shield သည် နာမည်အကြီးဆုံး VPN service ဖြစ်သည်။ Hotspot Shield အား မည်သို့ရနိုင်သည် နှင့် မည်သို့ အသုံးပြု ရမည်ဆိုသည့် အသေးစိတ်အား manual ထဲရှိ ‘Hotspot Shield’ chapter ထဲတွင်ဖတ်ရှုနိုင်သည်။

ငွေကြေးပေးဆောင်ရသော VPN Service များ၏ ဥပမာများမှာ Anonymizer, GhostSurf, XeroBank, HotSpotVPN, WiTopia, VPN Swiss, Steganos, Hamachi LogMeIn, Relakks, Skydur, iPig, iVPN.net, FindNot, Dold,UnblockVPN and SecureIX များဖြစ်ကြသည်။

သင် သည် အခမဲ့ရနိုင်သော VPN များနှင့် ငွေကြေးပေးဆောင်ရသော VPN provider များ၏ list အား monthly ffee နှင့် technical characteristic များနှင့် အတူ http://en.cship.org/wiki/VPN တွင်ရှာဖွေနိုင်သည်။

VPN စံစနစ်နှင့် encryption

ရှုပ်ထွေးမှု၊ သူတို့ပေးထားသော လုံခြုံရေးအဆင့် နှင့် ရရှိနိုင်သော operating system များ ကို ကွဲပြားစေသည့် IPSec, SSL/TLS နှင့် PPTP များအပါအဝင်  VPN network များ တပ်ဆင်ရန်အတွက် stasndard မျိုးစုံရှိသည်။ သာမန်အားဖြင့် feature မျိုးစုံရှိသော software ထဲတွင် standard များ၏ implementation များလည်း ရှိသည်။

  • PPTP ကို IPSec သို့မဟုတ် SSL/TLS ထက် အားနည်းသော encryption များတွင် သုံးနေစဉ်  Internet blocking များကို ရှောင်ကွင်းရန် အတွက် ၎င်းသည် အသုံးဝင်လိမ့်မည်ဖြစ်ပြီး client software ကို အဆင်ပြေစွာ Microsoft Window များ ၏ version အများစုထဲတွင် တည်ဆောက်ထားနိုင်သည်။
  • VPN system များကို အခြေခံထားသည့် SSL/TLS များသည် configure လုပ်ရန် ရိုးရှင်းလွယ်ကူပြီး သေချာသော လုံခြုံရေး အဆင့်များကို ပေးနိုင်သည်။

  • အခြားအရာများ application level တွင် run နေစဉ် IPSec သည် Internet Architecture ထဲရှိ packet transfer များအတွက် တာဝန်ယူကာ Internet Level တစ်ခု တွင် run သည်။ ၎င်းကို higher level protocol များအားလုံးကို ကာကွယ်ရန်အတွက် သုံးသော်လည်း တပ်ဆင်ရန် ခက်ခဲခြင်းကြောင့် ၎င်းသည် IPsec အားပို၍ လိုက်လျောညီထွေမှုရှိအောင်လုပ်ပေးသည်။

ကိုယ်ပိုင် VPN service တခုထောင်ခြင်း

စီးပွားဖြစ် VPN service များအတွက် ငွေကြေးပေးရန် နောက်တနည်းအနေဖြင့် ကန့်သတ်မထားသော location များထဲမှ contact များ နှင့် user များသည် ဤ contact များကို download လုပ်ပြီး private VPN service တစ်ခုကို တပ်ဆင်သော software များကို Install လုပ်နိုင်သည်။ ထိုသို့လုပ်ရန် technical knowledge လိုအပ်သော်လည်း အခမဲ့ရယူနိုင်သည်။ private setup တစ်ခု ဆိုသည်မှာ လည်း အချိန်တော်တော် ကြာ ရနိုင်သော commercial service ထက်  ပို၍ ပိတ်ရခက်သည်။ ဤကဲ့သို့သော private VPN များတပ်ဆင်ရန် အတွက် အများဆုံးသုံးတတ်ကြသော အခမဲ့ open source program များ ထဲမှ တစ်ခု မှာ Linux, MacOS, Window များ နှင့် အခြား operating system များ ပေါ်တွင် install လုပ်နိုင်သည့် OpenVPN (http://openvpn.net) ဖြစ်သည်။

OpenVPN system တစ်ခု တပ်ဆင်နည်းကို နားလည်ရန် ဤဆောင်းပါးထဲရှိ ‘Using OpenVPN’ chapter ကို ဖတ်ပါ။

အားသာချက်များ

VPN တစ်ခု သည် encrypt လုပ်ထားသော data ပြောင်းရွေ့ခြင်းကို လုပ်ဆောင်ပေးသောကြောင့် Internet censorship ကိုရှောင်ကွင်းရန် အလုံခြုံဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ configure လုပ်ပြီးသည်နှင့် တပြိုင်နက် အသုံးပြုရန် အလွန်လွယ်ကူသည်။

VPN များသည် web traffic များထက် ပိုသော ကိစ္စများအတွက် secure circumvention service များကို လိုအပ်ပြီး additional software များကို install လုပ်နိုင်သော သူတို့၏ ကိုယ်ပိုင်ကွန်ပျူတာများမှ အင်တာနက်အသုံးပြုလိုသည့်  နည်းပညာ နားလည်သော user များ အတွက် အကောင်းဆုံးဖြစ်သည်။ VPN များသည် censor လုပ်ထားသော location များရှိ non-filtered location များတွင် ယုံကြည်ရသော contact များမရှိသော user များအတွက် အကောင်းဆုံးသော resource တစ်ခု ဖြစ်သည်။ VPN technology သည် ပိတ်၍ မရသော common business application တစ်ခု ဖြစ်သည်။

အားနည်းချက်များနှင့် အန္တရယ်များ

အချို့ commercial VPN များသည် (အထူးသဖြင့် အခမဲ့ရယူနိုင် သော အရာများ) နာမည်ကြော်ကြားပြီး filter လုပ်ခြင်းခံရနိုင်သည်။ ၎င်းတို့အား သာမန်အားဖြင့် internet café များ သို့မဟုတ် စာကြည့်တိုက်များ ကဲ့သို့သော user များ software install မလုပ်နိုင်သည့် public access location များတွင် မသုံးနိုင်ပေ။ VPN များကို သုံးခြင်းသည် အခြား circumvention method များထက် နည်းပညာ ကျွမ်းကျင်မှု ပို မိုလိုအပ်သည်။

Network operator တစ်ယောက်သည် VPN ကိုသုံးထား သလား သို့မဟုတ် VPN provider မည်သူနည်းဆိုတာကို စစ်ဆေးနိုင်သည်။ VPN ကို မှားယွင်းစွာတပ်ဆင်ထားသည်မှ လွဲ၍  network operator သည် VPN ပေါ်မှ ဖြတ်သန်းသွားနေသော communication များကို မကြည့်ရှုနိုင်ပေ။

Web Traffic အတွက် HTTPS ကဲ့သို့သော သင့် communication များအတွက် additional encryption များကို သင် သုံးသည်မှ လွဲ၍ VPN operator (proxy operator နှင့်တူသည်) သည် သင် ဘာလုပ်နေသည်ဆိုတာကို ကြည့်နိုင်သည်။ Additional encryption မပါဘဲ ဝင်ရောက်ကြည့်ရှုခွင့်ကို အလွဲသုံးစားမလုပ်ရန် VPN သို့မဟုတ် tunnel operator ကို သင်ယုံကြည်ရပေမည်။