အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

SSH Tunnelling

SSH, the Secure Shell ဆိုသည်မှာ သင်၏ကွန်ပျူတာနှင့် server ကြားရှိ ဆက်သွယ်မှုကို encrypt ပြုလုပ်ပေးသည် standard protocol တစ်ခုဖြစ်သည်။ ထိုစကားဝှက်ပြုလုပ်ခြင်း သည် ဆက်သွယ်မှုများအား ကြည့်ရှု့ရခြင်း သို့မဟုတ် network operator များမှ ပြင်ဆင်ခြင်း တို့ကိုကာကွယ်ပေးသည်။ SSH ကို စိတ်ချရသော ဆက်သွယ်မှု application အမြောက်အများ အတွက် အသုံးပြုသည်။ Server တစ်ခုသို့ လုံခြုံစွာ log-in လုပ်ခြင်းနှင့် file များကို လုံခြုံစွာ transfer လုပ်ခြင်း (scp သို့မဟုတ် SFTP) တို့သည် အသုံး အများဆုံး ဖြစ်သည်။

Generic proxy client ကဲ့သို့ အလုပ်လုပ်နိုင်ပြီး Encrypted လုပ်ထားသော tunnel များ provide လုပ်နိုင်ခြင်းကြောင့် SSHသည် ဆင်ဆာ ကျော်လွှားရန် အတွက်အလွန် အသုံးဝင်သည်။ SSH သည် ဆင်ဆာကျော်လွှားရန် တစ်ခုတည်းအတွက် မဟုတ်ဘဲ အခြားသော ရည်ရွယ်ချက်များ အတွက်လည်း (ဥပမာ System administrator များ မှ အင်တာနက်ပေါ်ရှိ ၎င်းတို့၏ server များ ကို စောင့်ကြည့်ရန် အသုံးပြုကြသည်။) အသုံးပြုသောကြောင့် SSH ကို အမြဲတမ်းပိတ်ဆို့ထားရန် မဖြစ်နိုင်ပေ။

SSH ကို အသုံးပြုရန် Unix သို့မဟုတ် Linux ကဲ့သို့ သော server မျိုးပေါ်တွင် account တစ်ခုရှိရန် လိုအပ်သည်။ ဆင်ဆာကိုကျော်လွှားရန် ၎င်း serverသည် ပိတ်ဆို့ထား ခြင်းမရှိသော အင်တာနက် (unrestricted internet access) ကိုလိုအပ်ပြီး စိတ်ချရသော လူဖြင့်လည်ပတ်စေရန် လိုအပ်သည်။ အချိုကုမ္ပဏီများသည် ၎င်းတို့၏ server များပေါ်တွင် account များ ရောင်ပြီး web hosting plan တော်တော်များများ သည်  SSH access ကို ပေးသည်။ Shell account provider စာရင်းကို http://www.google.com/Top/Computers/Internet/Access_Providers/Unix_Shell_Providers/ တွင် ရရှိနိုင်ပြီး တစ်လလျှင် ၂ဒေါ်လာမှ ၁၀ဒေါ်လာအတွင်းကျသင့်သော account များကို ဝယ်ယူနိုင်သည်။

OpenSSH ဟုခေါ်သော SSH program တစ်ခုကို Unix, Linux နှင့် MacOS ကွန်ပျူတာ တော်တော် များများ တွင် “ssh” terminal မှ run နေသည့်  command-line တစ်ခုအဖြစ် install လုပ်ပြီးသားဖြစ်နေတတ်သည်။ Window များအတွက်တော့ PuTTY ဟုခေါ်သော အခမဲ့ SSH implementation ကို ရရှိနိုင်သည်။

SSH version တော်တော်များများ သည် Web browser များနှင့် SSH connection သုံး အခြား software တော်တော်များများ ကို စီစစ်ခြင်းမရှိသည့် အင်တာနက် အသုံး ပြုစေနိုင် သည့် SOCKS proxy အသုံးပြုခြင်းကို လက်ခံသည်။ ယခု ဥပမာတွင် SSH ၏အသုံးပြုမှုကို သာ ဖော်ပြမည်ဖြစ်သည်။ local port 1080 တွင် SOCKS proxy တည်ဆောက်ပုံကို အောက်တွင်  ဖော်ပြလိုက်သည်။

Linux/Unix နှင့် MacOS command line (OpenSSH ဖြင့်သုံးခြင်း)

OpenSSH ကို http://www.openssh.com/ တွင်ရရှိနိုင်သော်လည်း Linux/Unix နှင့် Mac OS ကွန်ပျူတာများ တွင် install လုပ်ပြီးသားအနေဖြင့် လာသည်။

သင်အသုံးပြုမည့် ssh command တွင် local port number (သာမန်အားဖြင့် 1080), server name နှင့် username (account name). အောက်ပါအတိုင်းဖြစ်သည်။

ssh -D localportnumber accountname@servername

ဥပမာ:

ssh_1

Password အသုံးပြုရန် သတိပေးခံရမည်ဖြစ်ပြီး server ထဲသို့ ဝင်ရောက်သွားမည်ဖြစ်သည်။ -D option ကို အသုံးပြုခြင်းဖြင့် local SOCKS proxy တစ်ခုဖြစ်လာမည် ဖြစ်ပြီး သင် server သို့ ဆက်သွယ်နေသရွေ့ တည်ရှိနေမည်ဖြစ်သည်။ အရေးကြီးသော အချက်တစ်ခုက  ယခုအခါသင်သည် host key မှန်ကန်ကြောင်းနှင့် ကို အတည်ပြုနိုင်ပြီ ဖြစ်ပြီး သင့် application များကို ပြုပြင် ရန် ဖြစ်သည်။ထိုသို့မဟုတ် လျှင် သင် create လုပ်ထားသော tunnel ကို အသုံးပြုနေခြင်းမဟုတ်ကြောင်းသိထားရမည်။

Windows graphical user interface (PuTTY ဖြင့်သုံးခြင်း)

PuTTY ကို http://www.chiark.greenend.org.uk/~sgtatham/putty/download.html တွင် ရနိုင်သည်။

နောက်တစ်ခါအသုံးပြုရန် putty.exe program ကို သင့် hard drive တွင်သိမ်းထားနိုင်ပြီး Website မှလဲ တိုက်ရိုက်သုံးနိုင်သည်။ (တစ်ခါတစ်ရံတွင် စာကြည့်တိုက် သို့မဟုတ် အင်တာနက်ဆိုင်များ မှ အများသုံး ကွန်ပျူတာများပေါ်တွင် အသုံးပြု၍ရနိုင်သည်။)

PuTTY ကိုစတင်အသုံးပြုသည့်အခါ configuration dialog ပေါ်လာလိမ့်မည်။ ပထမဦးစွာ သင် ဆက်သွယ်မည့် SSH server (ဥပမာ example.com) ၏ host name (address) ကို ရိုက်ထည့်ပါ။ အကယ်၍သင်သည် IP address တစ်ခုတည်းကိုသာ သိသည် သို့မဟုတ် DNS blocking မှ သင့် အား host name အသုံးပြုခြင်းကို တားမြစ်ထားသည်ဆိုလျှင် IP address ကိုသာ အသုံးပြုနိုင်သည်။ ထိုအဆင့်များကို မကြာခဏ ပြုလုပ်နေမည်ဆိုလျှင် ထို option များနှင့် အောက်တွင်ဖော်ပြမည့် option များကို မှတ်သားထားသည့် သင့်စိတ်တိုင်းကျ PuTTY profile တစ်ခုကို ရရှိလိမ့်မည်။

PuTTY_config_1

နောက်တစ်ဆင့်မှာ Category list ထဲရှိ Connection ကိုရွေးပါ။ ထို့နောက် SSH, ထို့နောက် Tunnels

Source port အတွက် 1080 ကိုထည့်ပြီး “Dynamic” နှင့် “IPv4” box များကို စစ်ပါ။

PuTTY_config_2

ယခု Add ခလုတ်ကို နှိပ်ပါ။ ထို့နောက် “Open” ကှိုနှိပ်ပါ။ Server သို့ connection ပို့လွှတ်ပြီး username နှင့် password ဖြည့်ရန် သတိပေးသည် window အသစ်တစ်ခု ပေါ်လာလိမ့်မည်။

ဖော်ပြထားသော သတင်းအချက်အလက်ကို ရိုက်ထည့်ပါ။ Server အတွင်းသို့ သင်ရောက်သွားလိမ့်မည် ဖြစ်ပြီး Server မှ သတိပေးသည့် command line ကို ရရှိလိမ့်မည်။ ထို့နောက် SOCKS proxy ကို သင်ရရှိလိမ့်မည်။ သတိပြုရန်- Host key ကို verify လုပ်ရန်နှင့် ကိုယ်သုံးမည့် application များကိုလည်း ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်ပါသည်။ မလုပ်ပါက tunnel ကိုသုံးရာမရောက်ပါ။


Host key ကို verify လုပ်ခြင်း

Server သို့ပထမဦးဆုံး အကြိမ်ဆက်သွယ်ချိန်တွင် ယင်း server အတွက် host key fingerprint ကို အတည်ပြုရန် သတိပေးခံရမည်ဖြစ်သည်။ Host key fingerprint သည် 57:ff:c9:60:10:17:67:bc:5c:00:85:37:20:95:36:dd ကဲ့သို့ server တစ်ခုချင်စီအတွက် သတ်မှတ်ထားသည့် စာလုံးများ နှင့် ဂဏန်းများ ရောထွေးထားသော (hexadecimal) ဝါကျ အရှည်ကြီးဖြစ်သည်။ Host key fingerprint စစ်ဆေးခြင်းသည် လုံခြုံရေး ကိစ္စတစ်ခုဖြစ်ပြီး သင်သည် အမှန်တကယ် ဆက်သွယ်လိုသော server နှင့် ဆက်သွယ်နေကြောင်း သေချာ ရန်နှင့် စကားဝှက်ပြု လုပ်ထား သော ဆက်သွယ်မှုကို ကြားဖြတ် မနှောင့်ယှက် နိုင်စေရန် ဖြစ်သည်။

 SSH သည် ထိုစစ်ဆေးခြင်းကို အလိုလျောက် ပြုလုပ်ပေးမည်မဟုတ်ဘဲ ထို benefit ကို ရရှိရန် host key fingerprint ၏ တန်ဖိုးကို သင်အသုံးပြုနေသော server ၏ administrator ဖြင်စစ်ဆေးခြင်း သို့မဟုတ် ယုံကြည်ရသော လူတစ်ယောက်ကို ထို sever သို့ပဲဆက်သွယ်ရန် တောင်းဆိုပါ။

Host key fingerprints ကို အတည်ပြုခြင်းသည် သင်၏ဆက်သွယ်မှုများကို ခိုးနားထောင်သူများ မှ SSH က ကာကွယ်ထားကြောင်း သေချာစေရန်ဖြစ်သည်။ သို့သော် သင်သည် ဆင်ဆာကို ကျော်လွှားချင်ရုံမျှသာ ဆိုလျှင်မလိုအပ်ပေ။ အကယ်၍ network operator များမှ သင့် ဆက်သွယ်မှုများ အကြောင်းကို မြင်နိုင်နေလျှင်လည်းဂရုစိုက် ရန်မလိုပေ။

Applications များအား proxy သုံးရန် ပြင်ဆင်ခြင်း

အထက်တွင်ဖော်ပြခဲ့သည် အချက်များဖြင့် တည်ဆောက်ခဲ့သော proxy သည် သင် SSH program ကို ပိတ်လိုက်သည်အထိ အလုပ်လုပ်ရမည်ဖြစ်သည်။ သို့သော်လည်း server သို့ ဆက်သွယ်သော သင့် အဆက်အသွယ်များ နှောင့်ယှက်ခံရသည် ဆိုလျှင် proxy ကို အသုံးပြုရန်အတွက် ဖော်ပြပါ အချက်များကိုပဲ ထပ်မံပြုလုပ်ရမည်ဖြစ်သည်။

Proxy ကို တည်ဆောက်ပြီး၍ စတင်အသုံပြုပြီဆိုသည် နှင့်တစ်ပြိုင်နက် ၎င်း ကိုအသုံးပြုရန် software application များကို ပြုပြင်ရန်လိုအပ်ပြီဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် အချက်များကို အသုံးပြု ထားသော proxy သည် localhost, port 1080 (127.0.0.1, port 1080 ဟုလည်းသိကြသည်။) ပေါ်တွင်တည်ရှိသည့် SOCKS proxy ဖြစ်သည်။ သင့် application များကို DNS ယိုစိမ့်မှုမှ ကာကွယ်ပြီးဖြစ်ကြောင်း သေချာရန်လိုအပ်သည်။ ၎င်းသည် privacy protection နှင့် ဆင်ဆာကျော်လွှားခြင်းနှစ်ခု လုံးတွင် SSH ကိုအားနည်းစေသည်။

အခြား options များ

ဒီ command တွေအကုန်လုံးက သင်ထိန်းချုပ်နိုင်သော remote machine တစ်ခု ပေါ်သို့ command line များ ဖော်ပြပေးသည်။ တစ်ခါတစ်ရံ remote machine ပေါ်ရှိ single command တစ်ခု ကို သင် execute လုပ်ချင်လုပ်လိမ့်မည်။ ထိုသို့ ပြုလုပ်ချင်းကို remote machine ပေါ်တွင် single quotes များ နေရာချာထားခြင်း ဖြင့် ပြုလုပ်နိုင်သည်။

 


$ ssh remoteusername@othermachine.domain.org 'mkdir /home/myname/newdir'

တစ်ခါတစ်ရံမှာ remote machine ပေါ်တွင် အချိန်ကုန်ချင်းကို ရှောင်ရှားရမည် ဖြစ်သော်လည်း သင့် လက်ရှိ ssh session တွင် အချိန်အလုံအလောက် ရှိမရှိကို မသေချာဖြစ်တတ်သည်။ command execution မပြီးခင် remote connection အားပိတ်လိုက်လျှင် ထို command သည် abort ဖြစ်သွားလိမ့်မည်။ ထိုသို့ သင့် အလုပ်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ssh remote screen session တစ်ခုမှ စတင်သုံးသင့်ပြီး နောက် ၎င်းကို detach လုပ်ကာ သင်ပြန်သုံးခြင်သော အချိန်တွင် reconnect လုပ်သင့်သည်။ remote screen session ကို detach လုပ်ရန် ssh connection ကိုပိတ်ပစ်ရမည်။ remote machine ပေါ်တွင် detach လုပ်လိုက်သော screen session မှာ ဆက်လက် run နေမည်ဖြစ်သည်။

Ssh မှ အခြားသော option များကိုလည်းပေးထားပြီး ၎င်းတို့ကို manual page ပေါ်တွင်ဖော်ပြထားသည်။ သင့်စိတ်ကြိုက် system များကို လည်း set up လုပ်နိုင်ပြီး ထိုသို့လုပ်ခြင်းအားဖြင့် အချိန်တိုင်းတွင် password ရိုက်ထည့်နေရန်မလိုပဲ log in လုပ်ခြင်း သို့မဟုတ် command များကို run ခြင်းတို့အားပြုလုပ်နိုင်သည်။ ထို set up သည် ရှုပ်ထွေးသော်လည်း သင့် အားစာအများကြီး ရိုက်ရခြင်းမှ ကာကွယ်ပေးနိုင်သည်။ “ssh-kyegen” “ssh-add” “authorized _keys” စသည်တို့ကို web search လုပ်ကြည့်ပါ။

scp: file ကူးယူခြင်း

SSH protocol သည် အခြေခံ ssh command များထက် ကျော်လွန်သည်။ အသုံးဝင် ပြီး အသုံးများသည့် SSH protocol ပေါ်တွင် အခြေခံထားသည့် command တစ်ခုက တော့ scp, secure copy command ဖြစ်သည်။ ဖော်ပြပါ example သည် သင့် local machine ပေါ်ရှိ လက်ရှိ directory မှ remote machine ပေါ်ရှိ /home/me/stuffe သို့ကူးယူခြင်းဖြစ်သည်။

$ scp myprog.py me@othermachine.domain.org:/home/me/stuff

သင်သည် ထို command မှ /home/me/stuff/myprog.py. နာမည်ဖြင့် ရှိပြီးသား file များအားလုံးကို overwrite လုပ်မည်ဆိုသော သတိပေးချက်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့မဟုတ် ထိုနာမည်ဖြင့် file ရှိနေပြီး သင့်တွင် overwrite လုပ်ရန် အခွင့်မရှိလျှင် error message ကိုတွေ့မြင်ရမည်ဖြစ်သည်။အကယ်၍ /home/me သည် သင့် Home directory ဖြစ်နေလျှင် target directory ကို abbreviate လုပ်နိုင်မည်ဖြစ်သည်။

$ scp myprog.py me@othermachine.domain.org:stuff


Remote machine မှ သင့် local machine ပေါ်သို့ အခြား direction တစ်ခုကို အလွယ်တကူပင် copy လုပ်လိုက်နိုင်သည်။

$ scp me@othermachine.domain.org:docs/interview.txt yesterday-interview.txt

Remote machine ပေါ်ရှိ file သည် သင့် home directory ၏ doc subdirectory ထဲတွင် interview.txt ဖြစ်သည်။ ထို file သည် သင့် local system ၏ Home directory ထဲတွင် yesterday-interview.txt အဖြစ် ကူထား ခံရလိမ့်မည်။

Scp ကို remote machine တစ်ခု မှ တစ်ခုသို့ file copy လုပ်ရာတွင် အသုံးပြုသည်။

$ scp user1@host1:file1 user2@host2:otherdir

To recursively copy all of the files and subdirectories in a directory, use the -r option.

File များ subdirectory များအားလုံးကို ကူးယူရန် -r option ကိုသုံးပါ။ 

$ scp -r user1@host1:dir1 user2@host2:dir2

ပိုမိုများသော option များကို scp man page တွင်ကြည့်နိုင်သည်။

rsync:  bulk transfers နှင့် backups များ အလိုအလျှောက်ပြုလုပ်ခြင်း

Rsync ဆိုသည်မှာ remote directory နှင့် local directory တို့အား sync အခြေအနေတွင်ရှိနေရန် ကူညီသည့် အလွန်အသုံးဝင်သည့် command တစ်ခုဖြစ်သည်။ ၎င်းကိုဖော်ပြရခြင်းမှာ ssh ကဲသို့ networking များအတွက် အသုံးဝင်သည့် command-line တစ်ခုဖြစ်ပြီး SSH protocol သည် rsync ၏ underlying transmission အနေဖြင့် recommend လုပ်ခံရသောကြောင့်ဖြစ်သည်။

ဖော်ပြပါ example မှာ ရိုးရှင်းပြီး အသုံးဝင်သည့် example တစ်ခုဖြစ်သည်။ ၎င်းသည် သင့် local /home/myname/docs directory မှ file များကို quantum.example.edu. system ပေါ်ရှိ backup/ အမည်ရှိ သင့် home directory ပေါ်သို့ကူးယူပေးသည်။

$ rsync -e ssh -a /home/myname/docs me@quantum.example.edu:backup/

-e option သည် recommend လုပ်ထားသည့်အတိုင်း ssh သည် SSH protocol ကို transmission အတွက် underneath အနေဖြင့်အသုံးပြုခြင်းဖြစ်သည်။ a option ( archive ) ကတော့ specified directory အတွင်းရှိ ရှိသမျှ file ကို copy လုပ်သည်။ local system ပေါ်ရှိ copy လုပ်ခံထားရသော file များကို delete လုပ်လိုလျှင် a—delete option ကိုထည့်သွင်းပါ။ rsync အကြောင်းနှင့် အသေးစိတ်သိလိုလျှင် rsync manul page ကိုဖတ်ပါ။

SSH ကိုလွယ်လင့်တကူ အသုံးပြုခြင်း

အကယ်၍သင်သည် မြောက်များစွာသော server များအား connect လုပ်ရန် SSHကို အသုံးပြုနေသည်ဆိုလျှင် တစ်ခါတစ်ရံမှာ username သို့မဟုတ် host name များကို မှားရိုက်မိတတ်ပါတယ်။ (username/host combinations အခု၂၀ကျော်လောက် မှတ်ထားရ မည့်အခြေအနေကို စဉ်းစားကြည့်ပါ။)။ ကံကောင်းထောက်မစွာပဲ SSH မှ configuration file တစ်ခုမှတစ်ဆင့် session information ကို manage လုပ်သော method ကို offer လုပ်ထား သည်။ 

Configuration file ဟာ directory .ssh အောက်မှာရှိတဲ့ သင်၏ home directory ထဲတွင် hidden လုပ်ခံထားရပါတယ်။ (path အပြည့်အစုံဟာ /home/jsmith/.ssh/config ဆိုပြီး ဖြစ်နေပါလိမ့်မယ်။ တစ်ကယ်လို့အဲ့ဒီ file မရှိဘူးဆိုရင်လည်း create လုပ်လို့ရပါတယ်။) အဲ့ဒီ file ကိုဖွင့်ဖို့ သင့်စိတ်ကြိုက် editor ကိုသုံးပြီး host ကိုအောက်ပါအတိုင်း specify လုပ်ပါ။

Host dev
HostName example.com
User fc

ထိုသို့သော multiple hosts များကို သင်၏ configuration file ထဲတွင် set up လုပ်နိုင်သည်။ Save လုပ်ပြီးပြီဆိုရင်တော့ “dev” လို့ခေါ်တဲ့ host ကို အောက်ပါ command ကို run ပြီး ဆက်သွယ်နိုင်သည်။

$ ssh dev

သတိပြုရန်မှာ ထို command များကို များများသုံးလေ save များများလုပ်ရန်လိုလေဖြစ်သည်။