Command Line
ခေတ်မီ computing သည် အချင်းချင်းဆက်သွယ်မှု များစွာရှိပြီး command line အသုံးပြုခြင်းသည် interaction ပုံစံတစ်မျိုးပင်ဖြစ်သည်။ အမြန်နှုန်းဖြင့် interacting လုပ်ခြင်းဖြင့် ကွန်ပျူတာ desktop သို့မဟုတ် graphical interface မှတဆင့် လူအများစု ကွန်ပျူတာကို သုံးတတ်ကြသည်။ object တစ်ခုပေါ်တွင် click လုပ်ခြင်း၊ drag နှင့် drop လုပ်ခြင်း ၊ အခြား အရာကို ဖွင့် ရန် double-click လုပ်ခြင်း ၊ alter လုပ်ခြင်း စသဖြင့် တို့ပြုလုပ်နိုင်သည်။
အခြေခံ
သင်မထင်မှတ်လောက်အောင် interaction က အလွန်မြန်သော်လည်း clickတိုင်း နှင့် keystroke တိုင်းသည် လုပ်ဆောင်ပေးရမည့် ကွန်ပျူတာအတွက်တော့ command တစ်ခု ပင်ဖြစ်သည်။ Command line အသုံးပြုခြင်းသည် လည်း အတူတူပင်ဖြစ်သော်လည်း ပိုပြီးစနစ်ကျသည်။ သင် command တစ်ခု ကို ရိုက်ကာ Return ကို နှိပ်ခြင်း သို့မဟုတ် Key တစ်ခု ကို နှိပ်နိုင်သည်။ ဥပမာ terminal ထဲ တွင် ကျွန်ုပ် ရိုက်ထည့်လိုက်သည်။
date
ကွန်ပျူတာမှ အောက်ပါအတိုင်း ပေါ်လာမည်
Fri Feb 25 14:28:09 CET 2011
ယင်းသည် အနည်းငယ် ရှုပ်ထွေးကာ computer ပိုင်းနည်းနည်းဆန်သည်။ နောက်ပိုင်းအခန်းများတွင် နေ့ နှင့် အချိန်ကို လွယ်ကူ ရိုးရှင်းသော format ဖြင့် တောင်းဆိုပုံကို ရှင်းပြမည်။ တိုင်းပြည်အမြောက် အမြား တွင် ဘာသာစကားအမျိုးမျိုး ဖြင့် အလုပ်လုပ် ကာ output ပြောင်းလဲပုံကို လည်း ရှင်းပြ မည်။ ယခု လက်ရှိ အထိ တော့ သင် interaction တစ်ခု ရရှိနေပြီဖြစ်သည်။
Command line ဖြင့်ပိုမြန်အောင် ခိုင်းစေနိုင်ပါသည်
မြင်ရသလောက် date command သည် ပြက္ခဒိန် သို့မဟုတ် နာရီ ကို တစ်ချက်လှည့် ကြည့် ခြင်း ဖြင့် နှိုင်းယှဉ်ပါ က နှေး ကွေး နေသေးသည်။ ဖော်ပြခဲ့သည့် အတိုင်း အဓိက ပြဿနာမှာ ရလာဒ်၏ ပုံပန်း အားနည်းနေခြင်းကြောင့် မဟုတ်ဘဲ ရလာဒ်တန်ဖိုး တက်အောင်မည်သို့မျှ မစွမ်း ဆောင်နိုင်ခြင်းဖြစ်သည်။ ဥပမာ ကျွန်ုပ် ရေးထားသော document တစ်ခု အတွင်းသို့ date ထည့်ရန် သို့မဟုတ် ကျွန်ုပ် online calendar ပေါ်တွင် event တစ်ခု update လုပ်ရန်အတွက် ကျွန်ုပ် date ကို ကြည့်နေခဲ့ပါက ကျွန်ုပ် စာအချို့ပြန်ရိုက်ရပေမည်။ Command line မှာ ယင်းထက်ပို ကောင်းအောင် ပြုလုပ်နိုင်သည်။ Basic command များ နှင့် အချိန်ကုန်သက်သာစေမည့် အသုံးဝင်သည့် နည်းလမ်းများကို သင်လေ့လာပြီးနောက် ဤစာအုပ်ထဲတွင် commands output များကို အခြား command များတွင် အသုံးပြုခြင်း၊ လှုပ်ရှားမှုများကို auto လုပ်ဆောင်ခြင်းနှင့် နောင်တစ်ချိန်အသုံးပြုနိုင်စေရန် command များသိမ်းထားခြင်း များအကြောင်း ရှာဖွေတွေ့နိုင်မည်ဖြစ်သည်။
command ဆိုတာဘာကို ဆိုလိုပါသနည်း
ဤအခန်းအစတွင် ကျွန်တော်တို့ command ဆိုတဲ့ စကားလုံးကို ကွန်ပျူတာကို လုပ်ခိုင်းတဲ့ ကိစ္စမှန်သမျှ အတွက် ယေဘူယျ အနေနဲ့ သုံးခဲ့ကြသည်။ ဤ စာအုပ်ထဲရှိ အကြောင်းအရာထဲတွင်တော့ command တစ်ခု တွင် တိကျသော အဓိပ္ပါယ်များစွာရှိသည်။ သင့်ကွန်ပျူတာပေါ်တွင် လိုက်နာဆောင်ရွက်အကောင်အထည်ဖော်ရသော ဖိုင်တစ်ခု ဖြစ်ပြီး တချို့ ကိစ္စများတွင် program တစ်ခု ထဲတွင်တည်ဆောက်ထားသော လှုပ်ရှားမှု တစ်ခု ဖြစ်နေတတ်သည်။ Built-in command များမှ လွဲ၍ ကွန်ပျူတာသည် ဖိုင်နာမည်နှင့် တကွ ရှာဖွေခြင်း နှင့် ထိုဖိုင်အား အကောင်အထည် ဖော်ခြင်းအားဖြင့် command တိုင်းကို run ပေးသည်။ ယင်းတို့ အလွန်အသုံးဝင်လာသောကြောင့် အသေးစိတ်ဖော်ပြသွားမည်ဖြစ်သည်။
commands ပေးရန်နည်းလမ်းများ
ဤ စာအုပ်ပါအတိုင်းပြုလုပ်ရန် command-line interpreter တစ်ခု သို့မဟုတ် command-line interface (shell သို့မဟုတ် GNU/Linux ထဲရှိ terminal) သင့်ကွန်ပျူတာပေါ်တွင် ဖွင့်ရန် လိုသည်။ Pre-graphical computer screen သည် လူတို့ ဤ interpreter ဖြင့် log in ဝင်ဝင်ချင်း ပေါ်လာမည်ဖြစ်သည်။ pre-graphical တစ်ခု မှာ အလွန်လွယ်ကူပြီး အကြောင်းအမျိုးမျိုး ဖြင့် သုံးနိုင်သော်လည်း ယခု အခါ system administrator ကျွမ်းကျင်သူများ မှ တပါး လူအကုန်လုံးနီးပါး graphical interface ကို သုံးနေကြပြီဖြစ်သည်။ ထို့ကြောင့် shell တစ်ခု မည်သို့ ပြုလုပ်နိုင်သည်ကို ဖော်ပြသွားမည်။
Terminal ကိုရှာဖွေခြင်း
Desktop ပေါ်မှ terminal interface တစ်ခု သင်ရရှိနိုင်သော်လည်း desktop အား ဒီ အတိုင်းထား၍ မူလ text-only terminal ကိုသုံးရန် လွယ်ကူသည်။ ပြုလုပ်ရန် < ctrl + alt + F1 > key combination ကို သုံးနိုင်သည်။ log in လုပ်ရန် Invitation black screen တစ်ခု ရရှိပေလိမ့် မည်။ သင့် username နှင့် password ကို ရိုက်ထည့်လိုက်ပါ။ အခြား terminal များကို လည်း သွားနိုင်သေးသည် < alt + F2 > စသဖြင့် သင်လုပ်ချင်သော မည်သည့် အလုပ်မဆို ကွဲပြားသော user များ (သို့မဟုတ် user တူများ) နှင့် session များ တည်ဆောက်နိုင်သည်။ အချိန်မရွေး သင်လုပ်ချင်သော အရာတစ်ခု အတွက် < alt + F# > သုံးကာ တစ်ခု မှ နောက်တစ်ခု သို့ပြောင်းလဲနိုင်သည်။ ၎င်းတို့ထဲမှ တစ်ခု (F7 သို့မဟုတ် F8 တစ်ခု ဖြစ်နိုင်သည်) ဖြင့် သင် desktop ပေါ်သို့ ပြန်ရောက်နိုင်သည်။ Text terminal ထဲတွင် word, line သို့မဟုတ် စာကြောင်းအတွဲ လိုက်ကို select လုပ်ရန် mouse ကို သုံးနိုင်သည်။ (သင့် system တွင် gpm run နေသည်ဟုမှတ်ယူလျက်)။ ပြီးနောက် ၎င်း text အား ပြန်လည်၍ တနေရာရာတွင် Paste လုပ်နိုင်သည်။
GNU/ Linux distros များမှာ အမျိုးမျိုးသော aesthetics နှင့် semantic metaphor များကို ဖော်ပြပေးကာ ကွဲပြားခြားနားသော graphical user interface များဖြင့် ပြုလုပ်လေ့ရှိသည်။ Operating system ထိပ်ရှိ run နေသော ၎င်း တို့ကို desktop environment များဟု ခေါ်သည်။ GNOME, KDE နှင့် Xfce သည် အသုံးများသည်။ အများအားဖြင့်desktop environment တစ်ခု ချင်းစီသည် ကွန်ပျူတာမှ interface များကဲ့သို့ ဖော်ပြလေ့ရှိသော text-only terminal အဟောင်းများကို အတုယူသော program တစ်ခု ထောက်ပံ့ပေးလေ့ရှိသည်။ သင့် desktop ပေါ်တွင် program တစ်ခု အတွက် application menu တလျှောက်ကြည့်ရှုခြင်း ကို Terminal ဟုခေါ်သည်။ တခါတရံ menu ပေါ်တွင် Accessories ကဲ့သို့သော နာမည်ဖြင့် ရှိနေတတ်သည်။ သင်ဤစာအုပ်ကို ဖတ်ပြီးသည်နှင့် သင်နေ့တိုင်း terminal ထဲတွင် အချိန်အများကြီးဖြုန်းနေရသည် ဟု သင်သိမြင်လာမည်ဖြစ်သောကြောင့် ၎င်းသည် မသင့်တော်ပေ။
GNOME ထဲတွင် Applications> Accessories> Terminal ကို ရွေးချယ်ပါ။
KDE ထဲတွင် K Menu > System > Terminal ကို ရွေးချယ်ပါ။
Xfce ထဲတွင် Xfce Menu > System > Terminal ကို ရွေးချယ်ပါ။
ဘယ်နေရာမှာ ဘဲ ရှိရှိ သင် terminal program တစ်ခု ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ Terminal program သင် run သောအခါ blank window တစ်ခုသာဖော်ပြမည်ဖြစ်ပြီး အကူအညီ သိပ်ရမည်မဟုတ်ချေ။ မည်သို့ပြုလုပ်ရမည်ကို သင်သိချင်သည်ဆိုလျှင် ပြောပြမည်။ အောက်ပါပုံသည် GNOME ထဲတွင် desktop ပေါ်၌ Terminal window တစ်ခု ဖွင့် ထားခြင်းကို ပြသခြင်းဖြစ်သည်။
command တစ်ခုချင်းဆီ run ခြင်း
Graphical interface များသည် ‘Run command’ ကဲ့သို့သော dialog box သေးသေးလေးဖြင့် ဖော်ပြသည်။ ၎င်းတွင် သင် command တစ်ခု ရိုက်ထည့် နိုင်ပြီး Return သို့မဟုတ် Enter Key နှိပ်နိုင်သည့် text area သေးသေးလေးတစ်ခု ရှိသည်။
ဤ dialog box ကို မှီငြမ်းရန် <alt+F2> key combination ကို ရိုက်ပါ သို့မဟုတ် applications menu ထဲတွင် ရှာဖွေပါ။ သင့်ကွန်ပျူတာထဲတွင် တပ်ဆင်ထားသော terminal program တစ်ခု နာမည်ကို သင်သိနေလျှင် Terminal program တစ်ခု ကို အလျင်အမြန် စတင်ရန် အတွက် shortcut အနေဖြင့်လည်း ဤ box ကိုသုံးနိုင်သည်။ သင်မရင်းနီးသော ကွန်ပျူတာပေါ်တွင် သင် အလုပ်လုပ်နေပြီး default terminal program နာမည်ကို သင်မသိပါက no-frills terminal program (ကာလာနှင့် စကားလုံးအမျိုးအစားရွေးချယ်၍ မရသော menu များ) တစ်ခု စတင်ရန် xterm ကိုရိုက်ထည့်ပါ။ အကယ်၍ သင် ဤ fancy menu များကို မဖြစ်မနေ လိုအပ်ပါက
- GNOME ထဲတွင် default terminal program မှာ gnome-terminal ဖြစ်သည်။
- KDE ထဲတွင် console ဖြစ်သည်။
-
Xfce ထဲတွင် Terminal သို့မဟုတ် terminal version တစ်ခု ခု နာမည်များ ။ ဥပမာ Xfce 4 ထဲတွင် xfce 4-terminal ကိုသင်ရှာသင့်သည်။