အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

မိတ်ဆက်ခြင်း

အင်တာနက်ဆင်ဆာ ပိတ်ဆို့ကျော်လွှားခြင်း၏ အခြေခံအချက်မှာ မိမိ၏ ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားခြင်းမရှိသော ကြားခံ ဆာဗာ တစ်ခုကိုအသုံးပြု၍ အင်တာနက်အား ချိတ်ဆက်ခြင်းဖြစ်သည်။ ဤအခန်းတွင် ထိုကဲ့သို့သော ကြားခံဆာဗာ အားချိတ်ဆက်နိုင်ရန်၊ ထိန်းချုပ်စောင့်ကြည့်ခြင်းများအား ကာကွယ်နိုင်ရန် လိုအပ်သော နည်းလမ်းများ tools များကိုဖော်ပြထားပါသည်။ မိမိအသုံးပြုလိုသောရည်ရွယ်ချက်၊ ကြည့်ရှုလိုသော အချက်အလက်များ ၊ မိမိတွင်ရှိသော အရင်းအရစ်များအား အခြေခံ၍ ဘယ်နည်းလမ်းကိုအသုံးပြုသင့်သနည်းဆိုသည်ကိုရွေးချယ်သင့်ပါသည်။

 

အင်တာနက် ပိတ်ဆို့ကျော်လွှားခြင်း၊ ထိန်းချုပ်စောင့်ကြည့်ခြင်းများအား ကာကွယ်နိုင်ရန် ဖန်တီးထားသော tools များ၊ နည်းလမ်းများ သည် အန္တရယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကာကွယ်နိုင်ရန် ဖန်တီးထားကြပါသည်။ ၄င်းတို့တွင် အောက်ပါအချက်အလက်များ ပါဝင်ပါသည်။ 

  • ဆင်ဆာကိုကျော်လွှားခြင်း -အချက်အလက်များကို ဖတ်ရှုခြင်း၊ ပြုစုခြင်း သို့မဟုတ် ယင်းတို့ နှင့်သက်ဆိုင်သော သတင်းအချက်အလက်များ အားပေးပို့ခြင်း၊ လက်ခံရယူခြင်း၊ လူတစ်ဦး တစ်ယောက်၊ အင်တာနက် စာမျက်နှာ များ သို့မဟုတ် အင်တာနက်ဝန်ဆောင်မှု များနှင့် သင်ဆက်သွယ်နေခြင်း အား တားမြစ်ရန် ကြိုးစားခြင်းများကို ရှောင်ကွင်းခြင်းဖြစ်သည်။ Blocked web site သို့ indirectly ဆက်သွယ်ရာတွင်အသုံးပြုသည့် Google cache သို့မဟုတ် RSS aggregator တို့၏ operation တို့နှင့်ဆင်တူသည်။
  • ·  သတင်းခိုးယူနားထောင်ခြင်း အား ကာကွယ်ခြင်း - အဆက်အသွယ်ပြုမှု များကို သီးသန့်ထား ရှိရန် ဖြစ်သည်။ သို့မှသာ မည်သူ တစ်ဦးတစ်ယောက်မှ သင်မည်သူ နှင့်ဆက်သွယ်နေသည် ကို မမြင်ရ မကြားရ မည်ဖြစ် သည်။ (သို့သော်လည်း သင်ဆက်သွယ်သည့်သူကို သိရှိနိုင် နေသေးသည်။) သတင်းခိုးယူ နားထောင်ခြင်းကို ကာကွယ် မှုမရှိဘဲ ဆင်ဆာကို ကျော်လွှားရန် ကြိုးစားသော ကိရိယာများသည် ဆက်သွယ်မှုထဲတွင် ပါဝင်သည့် keyword များအား စကားလုံးစီစစ်စက်(keyword filter) များနှင့် စစ်ထုတ်လိုက်ခြင်းဖြင့် ဆင်ဆာအားခုခံနိုင်မှု အားနည်း လျက်ရှိနေသေးသည်။ ဥပမာ HTTPS သို့မဟုတ် SSH တို့ကဲ့သို့သော(encryption) လျှို့ဝှက်စာ တို့ကြောင့် သတင်း အချက်အလက် သည် ပေးပို့သူ လက်ခံသူမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဖတ်နိုင် တော့မည် မဟုတ်ပေ။ Eavesdropper (ခိုးယူနားထောင်သူ) တစ်ယောက်သည် user တစ်ယောက် မည်သည့် web server ကို connect လုပ်နေကြောင်း သိရှိနိုင်သော်လည်း သူမြင်တွေ့နိုင်သော အရာများသည် ဘာအဓိပ္ပာယ်မှ မရှိသော strings of character များသာ ဖြစ်နေလိမ့်မည်။

  • အမည်မသိအောင်ပြုလုပ်ခြင်း - လှို.၀ှက်ဆက်သွယ်နိုင်သော အရည်အချင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်ထံ မှသတင်းအချက်အလက် သို့မဟုတ် သင်နှင့်ဆက်သွယ် နေသည့်သူများ သင်၏ အင်တာနက် အဆက်အသွယ် များ သင့်အင်တာနက်ဆက်သွယ်မှု ကိုလည်ပတ်စေသူများ ကိုပါ မည်သူမျှခြေရာကောက်နိုင်ခြင်းမရှိတော့ပေ။ Proxy server များနှင့် proxy tools များသည် perfect anonymity ကိုမပေးနိုင်ကြပါဘူး။ Proxy operator တစ်ယောက်မှ proxy ထဲသို့ ဝင်ထွက် နေသော traffic များကို မြင်တွေ့နေနိုင်ပြီး ဘယ်သူက ပို့တာလဲ၊ ဘယ်အ ချိန်ပို့တာလဲ၊ ဘယ်နှစ်ကြိမ်လောက်ပို့လဲ ဆိုတာကို ကြည့်နေနိုင်သည်။ အခြားတစ်ဖက်မှ မလိုလား အပ်သော observer တစ်ယောက်မှလည်း တူညီသော information များကို ရရှိနေနိုင်သည်။ Tor ကဲ့သို့သော tools များ သည် user များနှင့်ပတ်သတ်သော ထို information များကို attacker များရရှိခြင်းအားခက်ခဲအောင် information ပမာဏ ကို limit လုပ်ပေးသည်။
  • သင့်လုပ်ဆောင်ချက်များအားဖုံးကွယ်ထားခြင်း - သင်ပို့လွှတ်လိုက်သော အဆက်အသွယ်ကို လမ်းလွှဲလိုက် ခြင်းဖြင့် သင့်အားစောင့်ကြည့်နေသော တစ်စုံတစ်ယောက်သည် သင် ဆင်ဆာကို ကျော်လွှားနေ သည်ဟု မပြောနိုင်တော့ပေ။ ဥပမာ ဓာတ်ပုံဖိုင် များထဲတွင် သတင်းများဖွက်ရေးသည့် steganography ဟုခေါ်သော ပညာရပ်သည် ဆင်ဆာအား ကျော်လွှားသည့်ကိရိယာ များကို သင် အသုံးပြုနေသည်ကို လုံးဝ ဖုံးကွယ်ထား နိုင်သည်။  User အများကြီးပါသော network တစ်ခုကိုအသုံးပြုခြင်းဖြင့် သင့်ရန်ဘက်တစ်ယောက်မှသင်ဘာ လုပ်နေသည် ဆိုတာကို မသိနိုင်တော့ပါ။

တစ်ခါတစ်ရံတွင် tool တစ်ခုသည် ဆင်ဆာအား ကျော်လွှားရန်နှင့် အမည်ဝှက်ထားမှု တို့အတွက် အသုံးပြုနိုင်သည်။ သို့သော် တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များမှာ မတူညီနိုင်ပေ။ ဥပမာ Tor Software ကို ထိုရည်ရွယ်ချက်နှစ်မျိုးလုံး အတွက်အသုံးပြုကြသည်။ သို့သော် ထို ရည်ရွယ်ချက် နှစ်မျိုးထဲမှ တစ်မျိုးအတွက် သာ အထူးအာရုံစိုက်သူများသည် ယင်း Software အား တစ်နည်းတစ်ဖုံ အသုံးပြုကြသည်။ Anonymity အတွက်အသုံးပြုမည်ဆိုလျှင်တော့ Tor နှင့် အတူ web browser ကိုတွဲသုံးရန်အရေးကြီးသည်။ ၎င်းသည် သင့် identity အစစ်ကို ပေါက်ကြားခြင်းမှကာကွယ်နိုင်သောကြောင့်ဖြစ် သည်။

Internet ဆင်ဆာအား ကျော်လွှားရန်အထောက်အကူ ပြုပစ္စည်းများကို ရွေးချယ်သော အခါသင်သည် မည်သို့သော ကာကွယ်မှုမျိုးကိုလိုအပ်သည်နှင့်သင်အသုံးပြုနေသောပစ္စည်းများသည်သင့်လိုအပ်ချက်များကိုပေးနိုင် မပေးနိုင် ကို သိရန်လိုအပ်ပေသည်။ ဥပမာ သင် ဆင်ဆာအား ကျော်လွှားရန် ကြိုးစားနေခြင်းကို တစ်စုံတစ်ယောက် က ရှာဖွေတွေ့ ရှိသွားလျှင် ဘာတွေဖြစ်လာမလဲ၊ သင်မည်သည့်အရာများကို ဖတ်ရှုနေခြင်း၊ ရေးသားနေခြင်းကို ဖုံးကွယ်ထားရန် သင့်အတွက်တကယ်အရေးကြီးပါသလား ၊

အချို့သော tools များသည် သင်၏ ဆက်သွယ်မှုများအား အထက်ပါ အချက်များထဲမှ အချက်တစ်ခုဖြင့် သာ ကာကွယ်ပေးနိုင်သည်။ ဥပမာ မြောက်များလှစွာသော proxy များသည် ဆင်ဆာအား ကျော်လွှားနိုင်သော်လည်း ခိုးယူနားထောင်ခြင်း(eavesdropping) အား မကာကွယ်နိုင်ပေ။ သင်အလိုရှိသော ပန်းတိုင်ကိုရောက်ရှိရန် အထောက်အကူပြုပစ္စည်းများကို ပေါင်းစပ်သုံးစွဲရန် လိုအပ်ကြောင်းကို နားလည်ရန်အလွန်အရေးကြီးပေသည်။

အထူးသတိပြုရန်

အင်တာနက်ဆင်ဆာ ကျော်လွှားသောပစ္စည်းအများစု ကိုအင်တာနက်ကွန်ယက် အားလည်ပတ်စေသူ သို့မဟုတ် အစိုးရအဖွဲ့အစည်းများ မှ အားစိုက်ထုတ်၍ စုံစမ်းခြင်းဖြင့်ခြေရာခံမိနိုင်သည်။ ယင်းတို့ ထုတ်လွှတ်သော လမ်းကြောင်းများ သည် သိသာထင်ရှားသော ကြောင့်ဖြစ်သည်။ စကားဝှက်အသုံးပြုခြင်း မရှိသော ဆင်ဆာကျော်လွှားမှုများအတွက် ခြေရာ ခံမိရန် လုံးဝသေချာပေသည်။ သို့သော် အသုံးပြုသော ကျော်လွှားမှုများကိုလည်း ခြေရာခံမိနိုင်သေးသည်။  သင်သည် နည်းပညာကို အသုံးပြု၍ အင်တာနက် စီစစ်မှု အား ကျော်လွှားရန် ပြုလုပ်နေခြင်းကို ကွယ်ဝှက်ထားရန် အလွန်ပင် ခက်ခဲ လှသည်။ အထူးသဖြင့်သင်သည် သိပ်နာမည် မကြီးသော နည်းပညာနှင့် ထိုနည်းပညာကိုပဲ အချိန်ကြာမြင့်စွာ အသုံး ပြုလျှင် ပို၍ခက်ခဲသည်။ နည်းပညာနှင့် မပတ်သတ်ဘဲ သင်၏လုပ်ဆောင်ချက်များကို တွေ့ရှိနိုင်သော နည်းလမ်းများ လည်းရှိသေးသည်။ လူများမှ တစ်ဆင့်စုံစမ်းခြင်း၊ စောင့်ကြပ်ခြင်း သို့မဟုတ် လူတို့၏လုပ်ရိုးလုပ်စဉ် သတင်းအချက်   အလက် စုဆောင်းနည်းများမှ ဖြစ်သည်။

အထက်ပါခြိမ်းခြောက်မှုများ၏ လေ့လာစမ်းသပ်ချက်များ အပေါ်တွင် အကြံဥာဏ် သို့မဟုတ် ယင်းတို့အား ကျော်လွှားရန် မည်သည့် tools အသုံးပြုရမည်ကို တိကျစွာ မပြော နိုင်ပါဘူး ။ ထိုပြဿနာများသည် အမြဲတမ်းပြောင်လဲနေသည့်အပြင် တစ်ကြိမ်နှင့်တစ်ကြိမ် ဖြစ်ပွားပုံချင်းလည်း မတူညီနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များက တားမြစ်ရန် ကြိုးပမ်းချက်များ၊ ကြိုးပမ်းသူများသည် သူတိုလုပ်ဆောင်ချက်များကို အစဉ်အမြဲတိုးတက်အောင် လုပ်ဆောင်နေကြောင်းကို အမြဲမျှော်လင့်ထားသင့်သည်။

သင်ရှိနေသောနေရာ အတွင်း သင့်အား အန္တရယ်ရောက်စေနိုင်သော အပြုအမူများကို သင်လုပ်ဆောင်နေသည် ဆိုလျှင်သင်၏လုံခြုံရေးအတွက် ကိုယ်ပိုင်လုပ်ဆောင်ချက်မျုားကို ပြုလုပ်သင့်သည်။ ဖြစ်နိုင်လျှင် ကျွမ်းကျင်သူများနျင့် အောက်ပါအချက်များ ကိုတိုင်ပင်သင့်သည်။

 

  •  အကြိမ်တော်တော်များများ တွင် သင်သည် လူစိမ်းတစ်ယောက်မှ provide လုပ်သော service ကိုအသုံးပြုရ တတ်သည်။ သင်သိထားသင့်တာက ၎င်းတို့သည် သင် ဘယ်ကလာတာလဲ၊ ဘယ် site ကိုကြည့်နေတာလဲ နှင့် unencrypted web site များပေါ်ရှိ သင့် password များကို ပင်ကြည့်နိုင်သည်။ VPN သို့မဟုတ် single-hop proxy ကို run နေသော သူကို သင်သိပြီး ယုံကြည်သည်ဆိုလျှင်တောင် ထိုသူများကို သင့် information များအား hack လုပ်ရန်ဘေးမှဖိအားပေးမှုများ ရှိနိုင်သည်။
  • အမည်လှို့ဝှက်ထား ခြင်း နှင့်လုံခြုံရေးတို့အတွက် အမျိုးမျိုးသော နည်းစနစ်များမှ ပေးထားသော ကတိများသည် အမြဲတမ်းမမှန်ကန်နိုင်ပေ။ထိုနည်းစနစ်များနှင့်ပတ်သတ်သည့် တခြားအထောက်အထားများကို ရှာကြည့်ပါ။ Open source tools များကို tech-savvy သူငယ်ချင်းများ ထံမှ စစ်တမ်းကောက်နိုင်သည်။ Open source tools များမှ security အားနည်းချက်များကို volunteers များထံမှ သိရှိနိုင်ပြီး ၎င်းတို့မှပဲ fix လုပ်သွားတတ်ကြသည်။ Proprietary software များကို တော့ ထိုသို့လုပ်ရန်ခက်ခဲလိမ့်မည်။
  • အမည်လှို့ဝှက်ထားခြင်းနှင့်လုံခြုံရေးတို့ကိုရရှိရန်သင်သည်လုံခြုံရေးနည်းစနစ်အဆင့်ဆင့်နှင့်လေ့ကျင့်မှုများကို စနစ်တကျလိုက်နာကျင့်သုံးရန်လိုအပ်သည်။ ထိုနည်းစနစ်များကိုလစ်လျူရှုခြင်းသည် သင်ရရှိနေသော လုံခြုံရေး အားတဖြည်းဖြည်း လျော့နည်းသွားစေနိုင်သည်။ Anonymity သို့မဟုတ် security တို့အတွက် “ one click solution” ရှိသည်ဟု ထင်လျှင် အမှားကြီးမှားလိမ့်မည်။ဥပမာ သင့် traffic ကို proxy သို့မဟုတ် Tor မှတစ်ဆင့် သုံးရုံဖြင့် မလုံလောက်ပါဘူး။ Encryption လုပ်ပါ။ သင့်ကွန်ပျူတာကို safe ဖြစ်အောင်ထားပြီး သင်တင်သော post များ၏ content တွင် သင့် identity မပါအောင်ဂရုစိုက်ပါ။
  • လူပုဂ္ဂိုလ်များ ၊အစိုးရအဖွဲ့အစည်းများသည် သင့်အား ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်၍ ထောင်ချောက်ဆင် နိုင်သည်ကိုသတိပြုသင့်သည်။ လုံခြုံစိတ်ချရသည် ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဘာမှမသိသော အသုံးပြုသူများ မှဆက်သွယ်မှုများကို web site နှင့် proxy  အတုများ ပြုလုပ်၍ရယူနေခြင်းဖြစ်သည်။
  • တခါတရံတွင် “Policeware” ဟုခေါ်သော စောင့်ကြည့်လေ့လာသော ဆော့ဝဲများကို ကွန်ပျူတာတွင် တပ်ဆင်ထားတတ်သည်။ ၄င်းတို့သည် အင်တာနက်ချိတ်ဆက်မှုမရှိဘူးဆိုလျှင်တောင်မှ မိမိကွန်ပျူတာတွင် ဘာတွေလုပ်နေသည်ဆိုတာကို စောင့်ကြည့်လေ့လာနိုင်ပါသည်။
  • နည်းပညာနှင့် မပတ်သတ်သော ခြိမ်းခြောက်မှုများကိုလည်းသတိပြုရမည်။ အကယ်၍များ သင်၏ သို့မဟုတ် သင့်သူငယ်ချင်း၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းများ အခိုးခံရလျှင် ဘာတွေဖြစ်လာမည်နည်း။ အင်တာနက် ကဖေး ဆိုင်ဝန်ထမ်းမှ သင်၏ လုပ်ဆောင်ချက်များကို သင်မသိအောင်ကြည့်နေလျှင်ကော၊ သင့်သူငယ်ချင်း တစ်ယောက်ယောက်မှ သင့်ထံစာပို့ ၍ သူ၏အီးမေးလ်အကောင့်ကို ပိတ်ရန် မေ့သွားသော ကွန်ပျူတာတွင် အခြားလူတစ်ယောက် ထိုင်မိခဲ့သော်၊ သင့် social network ထဲမှ လူတစ်ယောက်အဖမ်းခံရပြီး password များပေးရန် ဖိအားပေးခံရခြင်း..
  • သင်အသုံးပြုနေသောပစ္စည်းများ၊ သင်၏ လုပ်ဆောင်ချက်များကို တားမြစ်သော ဥပေ'ဒ စည်းမျဉ်းစည်းကမ်းများ ရှိခဲ့သော် နောက်ဆက်တွဲပြဿနာများကိုသတိပြုသင့်သည်။

ဒီဂျစ်တယ်လုံခြုံရေး နှင့် မိမိ၏ သီးသန့်လွတ်လပ်ခွင့် အကြောင်းကို ပိုမို လေ့လာချင်လျင် အောက်ပါစာမျက်နှာများ တွင် ဖတ်ရှုနိုင်သည်။

http://www.frontlinedefenders.org/manual/en/esecman/intro.html

http://security.ngoinabox.org/html/en/index.html