အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Simurgh

Simurgh (Persian ဘာသာတွင် “phoenix” မီးငှက် ဟုအဓိပ္ပာယ်ရသည်။) ဆိုတာကတော့ ပေါ့ပါးသည့် stand-alone proxy software နှင့် service တစ်ခုဖြစ်သည်။ ပြောချင်တာကတော့ ကွန်ပျူတာပေါ်တွင် installation သို့မဟုတ် administratior rights များ မလိုအပ်ဘဲ အသုံးပြုနိုင်ချင်းဖြစ်သည်။ သင်ရဲ့ USB flash drive (မှတ်ညာဏ်ချောင်း) သို့ copy လုပ်ပြီး အင်တာနက်ဆိုင်ကဲ့သို့သော အများသုံး computer(shared computer) တွင်အသုံးပြုနိုင်သည်။

  General Information 

 Support Operating System
 
 Localization  English
 Website  https://simurghesabz.net
 Support  E-mail: info@simurghesabz.net

Downloading Simurgh အားဒေါင်းလုပ်ချခြင်း

Simurgh service ကိုအသုံးပြုရန် https://simurghesabz.net/ တွင် ၎င်း tool ကိုအခမဲ့ရယူနိုင်သည်။ Mircosoft windows version တိုင်းအတွက် အသုံးပြုနိုင်သည်။ file size ကလဲ 1MB ထက်နည်းသောကြောင့် နှေးကွေးသော အင်တာနက် connection ဖြင့်ပင် အချိန်သိပ်မကြာဘဲ download လုပ်နိုင်သည်။

UseUsing Simurgh အသုံးပြုခြင်း

Simurgh ကိုစတင်အသုံးပြုရန် သင် download လုပ်လိုက်သော file ပေါ်တွင် click လုပ်ပါ။ ပုံမှန်အားဖြင့်တော့ Microsoft Internet Explorer ဖြင့် download လုပ်လျှင် files များသည် desktop ပေါ်သို့ရောက်သွားမည်ဖြစ်ပြီး Mozilla firefox ဖြင့်လုပ်လျှင် “My Documents” နှင့် “Downloads” ထဲသို့ရောက်သွားမည်ဖြစ်သည်။

 


Simurgh ကိုပထမဆုံးစတင်အသုံးပြုချိန်တွင် Simurgh ကို block လုပ်ရန် မလုပ်ရန်မေးသော Windows Security Alert တစ်ခုကို တွေ့ရမည်ဖြစ်သည်။ Simurgh သည် အလုပ်လုပ်ရန် internet နှင့် ချိတ်ဆက်ရန်လိုအပ်သောကြောင့် “Unblock” သို့မဟုတ် “Allow Access” (သင့် windows version ပေါ်တွင်မူတည်၍) ကို select လုပ်ရန် အလွန်အရေး ကြီးသည်။

အောက်ပါ သတိပေးချက် ကိုတွေ့ရလိမ့်မည်။


သို့မဟုတ် အောက်ပါ window ကိုတွေ့ရလိမ့်မည်။

 

Simurgh ကို အောင်မြင်စွာ start လုပ်ပြီးလျှင် secure connection တစ်ခုရရှိရန် Start ကို click လုပ်ပါ။

 

Start button မှ Stop button သို့ပြောင်းသွားပြီဆိုလျှင် Simurgh သည် ၎င်း၏ server များထံသို့ connect လုပ်ပြီးပြီဖြစ် သည်။



Simurgh server နှင့်ချိတ်ဆက်ထားကြောင်း သေချာစေရန်

အခုဆိုရင်တော့ သင့် internet explorer browser သည် test page တစ်ခုနှင့် အတူ window အသစ်တစ်ခုဖြင့် ပေါ်လာလိမ့်မည်။ သင့် connection သည် USA ကဲ့သို့သော နိုင်ငံခြားတိုင်းပြည်မှ ဆိုလျှင် Simurgh သည် သင့် browser ၏ setting ကို ပြောင်းလဲပြီး ဖြစ်ကြောင်းနှင့် သင်သည် စိတ်ချရသော Simurgh connection မှ အလိုလျောက် surfing လုပ်နေကြောင်းသိနိုင်သည်။


http://www.geoiptool.com ကိုအသုံးပြု၍လည်း သင့် connection ဘယ်ကလာသည်ကို စစ်ဆေးနိုင်သည်။ ထို wesite မှ သင့် location ကို အရမ်းဝေးကြောင်း (ဥပမာ USA ကဲ့သို့ အခြားတိုင်းပြည်) ဖောပြလျှင် သင်သည် secure Simurgh connection ကိုအသုံးပြုနေခြင်းဖြစ်သည်။


Mozilla Firefox နှင့် Simurgh အသုံးပြုခြင်း

Mozilla Firefox ကဲ့သို့ အခြားသော web browser ဖြင့်အသုံးပြုမည်ဆိုလျှင် ထို browser ကို HTTP proxy “localhost” port 2048 ကို အသုံးပြုရန် configure လုပ်ရမည်ဖြစ်သည်။

Firefox တွင် Tools>Options>Network>Settings တို့ကို တစ်ဆင့်စီနှိပ်၍ proxy setting ကိုရှာနိုင်သည်။ “Connection settings” window တွင် “Manual proxy configuration” ကို ရွေးပြီး အောက်တွင်ဖော်ပြထားသည့် အတိုင်း HTTP proxy နေရာတွင် “localhost” ကိုထည့်ပြီး port တွင် 2048 ကိုထည့်ပါ။ New Setting ကိုရရှိရန် OK ကိုနှိပ်ပါ။