အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

HTTP Proxy များ

Application proxy ဟုခေါ်သော software သည် အင်တာနက်ပေါ်ရှိ ကွန်ပျူတာ တစ်ခုကို အခြားကွန်ပျူတာ တစ်ခုမှ တောင်းဆိုလာခြင်း များအား ဆောင်ရွက်စေသည်။ အသုံးအများဆုံး application proxy များမှာ Website ကြည့်လိုခြင်းများကို ဆောင်ရွက်ပေးသော HTTP proxy နှင့် များပြားလှစွာသော application များမှ connection တောင်းဆိုခြင်းများ ကို ဆောင်ရွက်ပေးသည့် SOCKS proxy တို့ဖြစ်သည်။ ယခုအခန်းတွင် HTTP proxy အကြောင်း နှင့် ယင်းတို့အလုပ်လုပ် ပုံအားတင်ပြမည်ဖြစ်သည်။

ကောင်းတဲ့ Proxy နှင့် မကောင်တဲ့ Proxy များ

Application proxy များကို network operator များမှ ထိန်းချုပ်ပြီး အင်တာနက်ဆင်ဆာလုပ်ရန်နှင့် User များကို စောင့်ကြည့်ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော်လည်း application proxy များသည် အသုံးပြုသူများ အတွက်လည်း ဆင်ဆာကို ကျော်ဖြတ်ရန် နှင့် အခြားသော network ပိတ်ဆို့ခြင်းများ ကို ကျော်လွှားရန် အတွက် ကိရိယာ တစ်ခုဖြစ်သည်။

ပိတ်ပင်မှုပြုလုပ်သော Proxy များ

Network operator တစ်ယောက်သည် အသုံးပြုသူများ အင်တာနက်အသုံးပြုခြင်း(အနည်းဆုံး web page များကြည့်ခြင်း) ကို တိကျသော proxy မှသာ အသုံးပြုစေလိုသည်။ Network operator မှ ထို proxy အား User များ မည်သည့် site ကို ကြည့်နေသည် ကိုသိရန် နှင့် အချို့သော site များ service များ(IP blocking နှင့် Port blocking) ကို ပိတ်ပင်ရန် program လုပ်ထားနိုင်သည်။ ဤအကြောင်း အရာ တွင် network operator မှ သတ်မှတ်ထားသော proxy ကို ဖြတ်မသွားသော  ဆက်သွယ်မှုများ အား ပိတ်ရန် firewall ကို အသုံးပြုလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအား forced proxy ဖိအားပေး proxy ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အသုံးပြုသူများ မှ လုပ်ကိုလုပ်ရန် လိုအပ်သော ကြောင့်ဖြစ်သည်။

ပိတ်ပင်ခြင်းကို ကျော်လွှားသော Proxy များ

သို့သော်လည်း application proxy သည် တားမြစ်ခြင်းများကို ကျော်လွှားရန်လည်း အလွန် အသုံးဝင်သည်။ သင်သည် တာမြစ်ခြင်းမရှိသည့် နေရာမှ application proxy အသုံးပြုနေသော ကွန်ပျူတာ နှင့် ဆက်သွယ်နိုင်သည် ဆိုလျှင် ၎င်း၏ တားမြစ်ခြင်း မရှိသော connection မှအကျိုး ရရှိနိုင် သည်။ တစ်ခါတစ်ရံတွင် proxy ကို လူများအသုံးပြု၍ ရတတ်သည်။ ထိုအခြေအနေမျိုး ကို open proxy ဟုခေါ်သည်။ အကယ်၍ ကွန်ယက်ကန့်သတ်ချက် ကို ထိန်းချုပ်သူများမှ သိရှိခဲ့လျှင် open proxy အများစုအား အင်တာနက် ကန့်သတ်သော နိုင်ငံများတွင် ပိတ်ဆို့ထားလိမ့်မည်။

Application proxy တစ်ခုကို ဘယ်မှာရှာရမည်နည်း

Open application proxy များကို စာရင်းပြုထားသော website များစွာရှိသည်။ ထိုwebsite အများစုကို http://www.dmoz.org/Computers/Internet/Proxying_and_Filtering

/Hosted_Proxy_Services/Free/Proxy_Lists.

တွင်ရရှိနိုင်သည်။

သတိပြုရန်မှာ open application proxy တော်တော်များများ သည် နာရီပိုင်း သာ ခံသောကြောင့် update လုပ်ထားသော အချိန် သိပ်မကြာသေားသော proxy ကို ရယူရန်အရေး ကြီးသည်။

HTTP Proxy setting များ

Application proxy ကို အသုံးပြုရန် သင်၏ operating system အတွက် သို့မဟုတ် application တစ်ခုအတွက် proxy setting ကို အရင်ပြောင်းလဲပြုပြင် ရမည်ဖြစ်သည်။ သင် application တစ်ခု၏ proxy setting ထဲတွင် proxy တစ်ခုကိုရွေချယ် ပြီးပြီဆိုသည် နှင့် ထိုapplication သည် ၎င်း၏ အင်တာနက်အသုံးပြုခြင်း အားလုံးအတွက် ယင်းproxy ကို အသုံးပြုလိမ့်မည်။

မူလ setting ကိုပြန်လည် အသုံးပြုရန်အတွက် ၎င်းတို့အား မှတ်သားထားရန်တော့ လိုလိမ့်မည်။ အကယ်၍ ထို proxy သည် အကြောင်းတစ်ခုခုကြောင့် အသုံးပြု၍ မရတော့လျှင် ၎င်းကို အသုံးပြု၍လည် ပတ်နေသော software သည် အလုပ်ဆက်မလုပ်တော့ဘဲ ရပ်တန့်သွားလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သင်သည် မူလ setting ကို ပြန်လည်အသုံးပြုရလိမ့်မည်။

Mac OS X နှင့် အချို့ Linux စနစ်များတွင် ထို setting များကို operating system များထဲတွင် ပြုပြင်ပြောင်း လဲနိုင်ပြီး web browser သို့မဟုတ် message ပို့သော application များအတွက် အလိုလျှောက် အသုံးချသွားလိမ့်မည်။ Window များနှင့် Linux system များတွင် proxy setting များကို ပြုပြင်ပြောင်းလဲ ရန် တည်နေရာမရှိဘဲ application များကို local setting အတိုင်းသာ ထားရှိရမည်။ Proxy setting များကိုယေဘုယျ ပြုပြင်နိုင်သည် ဆိုလျှင်တောင် application များသည် ထို setting များနှင့် ကိုက်ညီလိမ့် မည်ဟုအာမခံချက် မရှိပေ။ ထို့ကြောင့် application တစ်ခုစီ၏ setting တစ်ခုစီအား အမြဲစစ်ဆေးနေ သင့်သည်။

ပုံမှန်အားဖြင့် web browser များသာ HTTP proxy ကိုတိုက်ရိုက် အသုံးပြုခွင့်ရသည်။

အောက်ဖော်ပြပါ အချက်များတွင် Microsoft Internet Explorer, Mozilla Firefox, Google Chrome, the free and Open Source Instant Messaging Client Pidgin တို့အတွက် proxy အသုံးပြုရန် မည်ကဲ့သို့ ပြောင်းလဲပြုပြင် ရမည်တို့ ပါရှိသည်။ သင် web များကြည့်ရှု ခြင်းအတွက် firefox ကို အသုံးပြုနေသည် ဆိုလျှင် switch proxy software ကိုအသုံး ပြုရန် ပိုမိုလွယ်ကူလိမ့်မည်။ အကယ်၍ Tor ကို အသုံးပြုလျှင် သင်၏ browser မှ ၎င်းအတွက် ပြုပြင်မှုပြုလုပ်ရန်

TorButton software(Tor Bundle download လုပ်ရာတွင် ပါဝင်သော အစိတ်အပိုင်း) ကို သုံးရန် အကောင်းဆုံးဖြစ်သည်။

Microsoft Outlook နှင့် Mozilla Thunderbird ကဲ့သို့ email client များ သည်လည်း HTTP proxy သုံးရန် ပြုပြင်နိုင်သည်။ email ပို့ခြင်းနှင့် လက်ခံခြင်းတို့အတွက် တကယ့်လမ်းကြောင်းအမှန် များသည် POP3, IMAP နှင့် SMTP တို့ကဲ့သို့သော protocol များကို သုံးကြပြီး အထက်ပါ software သုံးလမ်းကြောင်းများ ကတော့ HTTP proxy ကို ဖြတ်သန်းခြင်းမရှိပေ။

Mozilla Firefox

To configure Firefox to use an HTTP proxy:

  1. Tools ကို select လုပ်ပြီး Options ကိုနှိပ်ပါ။


  2. Options window ပေါ်လာလိမ့်မည်။




  3. window ထိပ်ရှိ toolbar ပေါ်မှ Advanced ကို နှိပ်ပါ


  4. Network ကို နှိပ်ပါ။

    4_1
  5. Setting”ကို နှိပ်ပါ။ “Connection Settings” ကို Firefox မှဖော်ပြလိမ့်မည်။

     

    5
  6. “Manual proxy configuration”ကို ရွေးပါ။ ထိုoption အောက်ရှိ အကွက်ထဲတွင် စာရိုက်၍ရလာလိမ့်မည်။



    6a_1
  7. HTTP proxy” လိပ်စာ နှင့် “Port” number ကို ထည့်ပြီး “OK” နှိပ်ပါ

    7

အကယ်၍ သင်သည် “Use this proxy server for all protocols” ကို နှိပ်လိုက်လျှင် Firefox သည် HTTPS (စိတ်ချရသော HTTP) နှင့် FTP traffic ကို proxy ကို ဖြတ်၍ပို့လွှတ်လိမ့်မည်။ သင်သည် HTTPS နှင့် FTP traffic ကို အထောက်အကူမပေးသော အများသုံး application proxy ကို အသုံးပြုနေလျှင် ၎င်းသည် အလုပ်လုပ်မည် မဟုတ်ပေ။ အခြားတစ်နည်းဖြင့်ပြောရလျှင် အကယ်၍ သင်၏ HTTPS သို့မဟုတ် FTP traffic ပိတ်ဆို့ခံထားရသည် ဆိုလျှင် HTTPS နှင့် FTP support ပါသော အများသုံး application proxy ကို ရှာပြီး firefox setting ထဲရှိ “Use this proxy server for all protocols” ကို အသုံြး့ပုနိုင်သည်။

ယခုအခါ HTTP proxy ကို အသုံးပြုရန် firefox ကို ပြုပြင်ပြီးဖြစ်သည်။

Microsoft Internet Explorer

HTTP proxy ကိုအသုံးပြုရန် Internet Explorer ကို ပြုပြင်နည်း

  1. Tools” menu ပေါ်ရှိ “Internet Options” ကို နှိပ်ပါ။




  2. “Internet Options” window ကို Internet Explorer မှဖော်ပြလိမ့်မည်။

    InternetOptions06
  3. “Connections” ခလုတ်ကိုနှိပ်ပါ။

    Internet_Options__2008_11_12__22_40_09
  4. “Lan setting”ကို နှိပ်ပါ။ Local Area Network (LAN) window ပေါ်လာလိမ့်မည်။

    Local_Area_Network__LAN__Settings__2008_11_13__11_44_41
  5. “Use a proxy server for your LAN” ကို ရွေးပါ။

  6. “Advanced” ကိုနှိပ်ပါ။ “Proxy Settings” window ပေါ်လာလိမ့်မည်။

    IE_proxy_settings7

  7. “Proxy address to use” ကို ဖြည့်ပြီး ထိပ်ဆုံးအတန်းရှိ “Port” number ကို ဖြည့်ပါ။
  8. အကယ်၍ သင်သည် “Use this proxy server for all protocols” ကို နှိပ်လိုက်လျှင် Firefox သည် HTTPS (စိတ်ချရသော HTTP) နှင့် FTP traffic ကို proxy ကို ဖြတ်၍ပို့လွှတ်လိမ့်မည်။ သင်သည် HTTPS နှင့် FTP traffic ကို အထောက်အကူမပေးသော အများသုံး application proxy ကို အသုံးပြုနေလျှင် ၎င်းသည် အလုပ်လုပ်မည် မဟုတ်ပေ။ အခြားတစ်နည်းဖြင့်ပြောရလျှင် အကယ်၍ သင်၏ HTTPS သို့မဟုတ် FTP traffic ပိတ်ဆို့ခံထားရသည် ဆိုလျှင် HTTPS နှင့် FTP support ပါသော အများသုံး application proxy ကို ရှာပြီး firefox setting ထဲရှိ “Use this proxy server for all protocols” ကို အသုံြး့ပုနိုင်သည်။



    IE_proxy_settings9

ယခုအခါ HTTP proxy ကို အသုံးပြုရန် Internet Explorer ကို ပြုပြင်ပြီးဖြစ်သည်။

Google Chrome

Windows operating system လိုပဲ google chrome ကလည်း တူညီသော connection နှင့် proxy setting ကိုအသုံးပြုပါတယ်။ ထို setting များကိုပြောင်းလဲခြင်းက Internet Explorer နှင့် windows programs များအပေါ်သက် ရောက်မှုသလို Google Chrome အပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အကယ်၍ Internet Explorer မှ တစ်ဆင့် HTTP proxy ကို configured လုပ်ခဲ့လျှင် ဖော်ပြပါ အချက်များဖြင့် Chrome ကို configure လုပ်ရန်မလိုတော့ပါ။

HTTP proxy ကို configure လုပ်ရန် အောက်ပါ အချက်များကို လိုက်နာပါ။

  1. “Customize and control Google Chrome” menu ကိုနှိပ်ပါ။ (URL address bar ဘေးတွင်တွေ့နိုင်သည်)




  2. Options ကိုနှိပ်ပါ။


  3. Google Chrome Options window တွင်Under the Hood ဆိုသော tab ကို နှိပ်ပါ။


  4. Network section တွင် “Change proxy settings” ကိုနှိပ်ပါ။

     


  5. Internet Options window ပေါ်လာလိမ့်မည်။ HTTP proxy ကို set up လုပ်ခြင်း ပြီးဆုံးစေရန် “How to configure the HTTP Proxy under Internet Explorer”  မှ အဆင့် ၂မှ၈ အတိုင်းပြန်လုပ်ပါ။



    InternetOptions06

အခုဆိုရင် Chrome ဟာ HTTP proxy ကိုအသုံးပြုရန်အတွက် configured လုပ်ပြီးပြီဖြစ်သည်။

Pidgin instant messaging client

Web browser မဟုတ်သော အခြား Internet application များ သည်လည်း အင်တာနက်ကို ချိတ်ဆက်ရန်နှင့် ပိတ်ဆို့ခြင်းကို ကျော်လွှားရန် HTTP proxy ကို သုံးနိုင်သည်။ Instant messaging software Pidgin နှင့် နမူနာဖော်ပြလိုက်သည်။

  1. ”Tools” ပေါ်ရှိ Preferences ကိုနှိပ်ပါ။PidginConfigProxy1_1

    Pidgin မှ preferences window ကိုဖော်ပြလိမ့်မည်။PidginConfigProxy2_1

  2. Network tab ကို နှိပ်ပါ။

    PidginConfigProxy3_1

  3. Proxy type” အတွက် “HTTP” ကိုရွေးပါ။ ထိုoption အောက်တွင် နောက်ထပ် အကွက်တစ်ကွက် ထပ်ပေါ်လာလိမ့်မည်။


    PidginConfigProxy4_1

  4. သင့် HTTP proxy ၏ “Host” address နှင့် “Port” number ကိုထည့်ပါ။PidginConfigProxy5http

  5. “Close” ကိုနှိပ်ပါ။
ယခုအခါ HTTP proxy ကို အသုံးပြုရန် Pidgin ကို ပြုပြင်ပြီးဖြစ်သည်။

proxy ကိစ္စများပြီးသွားပြီဆိုလျှင်

သင် proxy ကို အသုံးပြုပြီးချိန်တွင် အထူးသဖြင့် အများသုံး ကွန်ပျူတာတွင် setting များကို မူလအတိုင်းပြန်ပြောင်းခဲ့ပါ။ ထိုသို့မဟုတ်လျှင် ထို application များသည် ၎င်း proxy ကို ဆက်လက်အသုံးပြုနေလိမ့် မည်။ အကယ်၍ သင်သည် သင် proxy သုံးနေကြောင်းနှင့် အချိနပြည့် run မနေသော ဆင်ဆာကျော်လွှားခြင်း application တစ်ခု၏ proxy ကို အသုံး ပြုနေကြောင်းလူသိ မခံချင်သော အခါမျိုးတွင် setting များကို မပြောင်းခဲ့ပါက ပြဿနာ ဖြစ်နိုင်သည်။