အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

အချက် ၁၀ ချက်

Roger Dingledine, The Tor Project မှ ပရောဂျက်ခေါင်းဆောင် မှရေးသားသည်

နိုင်ငံအများစု အင်တာနက် သုံးခြင်းကို နှိပ်ကွပ်နေသော ကြောင့် ကမ္ဘာတဝန်းမှသူများသည် ပိတ်ထားသော website များကို ရောက်နိုင်သည့် anticensorship software များကို သုံးနေကျပြီဖြစ်သည်။ Circumvention tools ကဲ့သို့သော software ပုံစံမျိုးစုံကို အွန်လိုင်းလွတ်လတ်ခွင့် ခြိမ်းခြောက်မှုများအတွက် ဖန်တီးထားခြင်းဖြစ်သည်။ ထို tool များသည် feature မျိုး စုံ နှင့် လုံခြုံရေး အဆင့် မျိုးစုံ အတွက် အသုံးဝင်ပြီး ကောင်းကျိုးဆိုးပြစ် များကို အသုံးပြုသူများ နားလည်ရန်တော့ အရေးကြီးသည်။

ဤ ဆောင်းပါး ရှိ အချက် ၁၀ ချက်သည် သင် circumvention tool တစ်ခု ကို တန်ဖိုးဖြတ် ဆန်းစစ်သော အခါ စဉ်းစားသင့် သော အချက်များ ဖြစ်သည်။ ရည်ရွယ်ချက်မှာ tool တစ်ခုခု ကိုသုံးရန် အားပေးခြင်းမျိုးမဟုတ်ဘဲ အခြေအနေ တစ်ခု ချင်းစီ အတွက် မည်သို့သော tool များ  အသုံးဝင်နိုင်သည် ဆိုခြင်းကို ထောက်ပြလိုခြင်းဖြစ်သည်။ တစ်ခု ချင်းစီ တင်ပြထားမှုအပေါ်မူတည် ၍ feature အစဉ်လိုက်စီထားသော ကြောင့် ပထမဆုံး အချက်သည် အကောင်းဆုံးဟု မဆုံးဖြတ်စေချင်ပေ။

အင်တာနက်အခြေခံ circumvention software သည် အချက် နှစ် ချက်ပါဝင်သည်။ relaying component နှင့် discover component ဟူ၍ ဖြစ်သည်။ relaying component ဆိုသည်မှာ server အချို့ သို့မဟုတ် proxy ဆီ သို့ ကွန်နက်ရှင် တစ်ခု တည်ဆောက်ခြင်း၊ encryption ပြုလုပ်ခြင်းနှင့် လမ်းကြောင်းများကို ရှေ့ နှင့် နောက် ပို့ခြင်း များ ပြုလုပ်ပေးသည်။ discovery component ဆိုသည်မှာ ထို အဆင့် မတိုင်မီ တစ်ခု သို့မဟုတ် တစ်ခု ထက်ပိုသော ရောက်နိုင်သည့် address များကို ရှာဖွေခြင်းဖြစ်စဉ်ဖြစ်သည်။

အချို့ tool များတွင် ရိုးရှင်းသော relaying component တစ်ခု ရှိသည်။ ဥပမာ အကယ်၍ သင် open proxy တစ်ခုကို သုံးနေသည်ဆိုလျှင် proxy သုံးခြင်းဖြစ်စဉ်သည် ရှေ့ ဆက်ရန် သာ ရှိသည်။ web browser ကို configure လုပ်ခြင်း သို့မဟုတ် proxy ကို သုံးရန် အခြား application များကို configure လုပ်ခြင်း။ open proxy သုံးသူအတွက် စိန်ခေါ်မှု အကြီးဆုံးသည် ယုံကြည်ရပြီး မြန်ဆန်သော open proxy တစ်ခု ရှာဖွေခြင်း ဖြစ်သည်။သို့သော် အချို့ tool များတွင် ပိုမိုရှုပ်ထွေးခက်ခဲသော relaying component များပါဝင်ခြင်း၊ proxy အများစုဖြင့်ပြုလုပ်ခြင်း ၊ encryption layer မျိုးစုံရှိခြင်း စသဖြင့် ရှိ ကြသည်။

စတင်ရန် အတွက် အသိပေးချက် တစ်ခု - ကျွန်တော်သည် privacy နဲ့ circumvention အတွက် သုံးသော Tor ကဲ့သို့သော  tool ကို စတင်တီထွင် ဖော်ဆောင်သူဖြစ်ပါတယ်။ Tor ကဲ့သို့သော လုံခြုံတဲ့ tool များအတွက် ကျွန်တော် အလေးသာခြင်းဟာ ကျွန်တော်ဘာ feature ကို ရွေးချယ်ခြင်းဆိုတာပေါ်မူတည်ပါတယ်(Tor ရဲ့ အားသာချက်ကို ဖော်ပြထားတဲ့ ကိစ္စ ကို ဆိုလိုပြီး အခြား tool တည်ထောင်သူများ အလေးမထားတဲ့ အချက်တွေအပြင်) တခြား tool developer တွေ အရေးကြီးတယ်လို့ ထင်ထားတဲ့ feature တွေ ပါအောင်လည်း ကြိုးစားခဲ့ပါတယ်။

၁. သုံးစွဲသူများ များပြားခြင်း

Circumvention tool တစ်ခု ကို သင်ကြည့်နေစဉ်တွင် အလွယ်ဆုံးမေးလို့ ရသည့်မေးခွန်းမှာ တခြား ဘယ်သူသုံးနေသလဲဆိုတာပင်ဖြစ်သည်။ သုံးစွဲသူအမျိုးမျိုးသည် အကယ်၍ သင်ဒီ software အားအသုံးပြုနေပါသည် ဟု တခြားသူများ တွေ့ခဲ့လျှင် သင် အဘယ်ကြောင့်သုံးစွဲနေသနည်းဆိုခြင်းကို ကောက်ချက်ချနိုင်မည် မဟုတ်ချေ။ Tor ကဲ့သို့သော privacy tool တစ်ခု တွင် ကမ္ဘာတဝန်းသုံးစွဲသူ အဆင့် အတန်းမျိုးစုံရှိပေမည်။ (သာမန်လူများမှ စ၍ လူ့အခွင့်အရေးလှုပ်ရှားနေသော အဖွဲ့အစည်းများ၊ ဥပဒေ အသင်းအဖွဲ့များ နှင့် စစ်တပ်များ) Tor ကို သင်တပ်ဆင်ထားသည်ဟူသော အချက်သည် လူအများအား သင့် အကြောင်းနှင့် သင်မည်သည့် site ကို ဝင်ရောက်ကြည့် ရှုနေသည်ဟူသော သတင်းအချက်အလက် အပို တို့ အားမပေးစွမ်းနိုင်ပေ။ သို့သော် အီရန် blogger တစ်စု သူတို့အတွက် ရည်ရွယ် ဖန်တီးထားသော circumvention tool တစ်ခုကို အသုံးပြုနေသည် ဟု ဆိုကြပါစို့။ တစုံတယောက်က  ၎င်းတို့ထဲက တစ်ယောက်ယောက် နေသည်ကို သိသွားလျှင် ဘာကြောင့်သုံးနေသည် ကို လွယ်လွယ်နှင့် ရိပ်စားမိပေမည်။ နိုင်ငံတစ်ခု ထဲ က လူအချို့အတွက် သို့မဟုတ် ကမ္ဘာ တစ်ဝှန်းရှိ သူများအတွက်  ပေးထားသော tool များသည် အသုံးဝင်သည်ဟူသော နည်းပညာပိုင်းကို ကျော်လွန်၍ မည်သည့် user မျိုးလဲဆိုတာ အပေါ်တွင် ဈေးကွက်ရှာဖွေရေးများ အကြီးအကျယ်ခေတ်စားလာကြသည်။ tool များအကြောင်းကို ပါးစပ်သတင်းဖြင့် ပြောကြသော ကြောင့် အကယ်၍ ပထမဦးဆုံး အသုံးပြုသူအနည်းငယ်သည် ဗီယက်နံတွင် ဖြစ်ပြီး အသုံးဝင်သည်ဆိုလျှင် နောက်ထပ် အသုံးပြုသူမှာ လည်း ဗီယက်နံက ပင် ဖြစ်သင့်သည်။ tool တစ်ခုခုကို အခြားဘာသာစကားသို့ ဘာသာပြန်သည်ဖြစ်စေ မပြန်သည် ဖြစ်စေ အဆင်မပြေသော user များအတွက် တော့ တိုက်ရိုက်မသုံးစွဲနိုင်ပေ။

၂. ကိုယ့်နိုင်ငံတွင် အသုံးပြုနိုင်ခြင်း

နောက်ထပ်စဉ်းစားရမည့် မေးခွန်းတစ်ခုမှာ tool operator သည် ဘယ် နိုင်ငံ တွင် သုံးရမည်ဟု တားမြစ်သလား ဆိုခြင်းပင်ဖြစ်သည်။ နှစ်များစွာအတွက် စီးပွားဖြစ် Anonymizer.com သည် အီရန် ရှိ လူများ အလကားရစေရန် လုပ်ပေးထားသည်။ ထို့ကြောင့် Anonymizer ၏ server မှ ထွက်လာသော ကွန်နက်ရှင်များကို (အမေရိကားတွင်ရှိသော သူများအတွက်) customer များကိုပေး၍ သော်လည်းကောင်း အီရန်ရှိသူများကို သူတို့ တိုင်းပြည်ရှိ filter များကို ရှောင်ကွင်းနိုင်စေရန်လည်းကောင်း ပေးသည်။

ဥပမာ အားဖြင့်

Your-Freedom သည် မြန်မာပြည်ကဲ့သို့သော နိုင်ငံအချို့အတွက် အခမဲ့သုံးခွင့်ကို ကန့်သတ်သော်လည်း Freegate နှင့် UltraSurf ကဲ့သို့သော စနစ်များသည် ကွန်နက်ရှင် အားလုံးကို ပိတ်ပစ်ပြီး သူတို့ ပေးချင်သော နိုင်ငံများအတွက် တော့ ဖွင့်ပေးသည် (တရုတ်နှင့် အီရန် ရှိ လက်ရှိ UltraSurf )။ သို့သော် ဤ နည်းဗျူဟာသည် bandwidth limit cost အတွက် အသုံးဝင်သည်။ သို့သော် ငြားလည်း သင်က Saudi Arabia တွင် ရှိနေပြီး circumvention tool တစ်ခု လိုအပ်သည် ဆိုပါက အခြား အသုံးဝင်သော tool များသည် သင့်အတွက် မဟုတ်တော့ပေ။

၃.ခိုင်ခံ့သော network တစ်ခု နှင့် software development နည်းစနစ် များရှိခြင်း

Tool တစ်ခုကို မည်သို့ အသုံးပြုရမည်နည်းဟု သင် တွေးတော့မည်ဆိုလျှင် အချိန်အနည်းငယ်လိုပေလိမ့်မည်။ Tool အမျိုးမျိုး အချိန်ကြာကြာ တည်ရှိမှုသေချာစေရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည်။ အဓိက နည်းလမ်းသုံးမျိုးမှာ volunteer အသုံးပြုမှုများ၊ အမြတ်ရအောင်ပြုလုပ်ခြင်း နှင့် sponsor ဆီ မှ ရန်ပုံငွေ ရရှိခြင်းပင်ဖြစ်သည်။

Tor ကဲ့သို့သော network များသည် network ကိုပြုလုပ်ပေးသော ဆက်သွယ်မှုများကို ဖန်တီးပေးသည့် volunteer များအပေါ်တွင် အားထားရသည်။ ကမ္ဘာ တစ်ဝန်းရှိ လူထောင်ပေါင်းများစွာသည် ကောင်းမွန်သော network connection များ နှင့် ကွန်ပျူတာများရှိပြီး နေပျော်စရာကောင်းသော ကမ္ဘာ ဖြစ်လာစေရန်  ကူညီကြသည်။ ၎င်း တို့အား network အကြီးကြီး တစ်ခု အဖြစ် စုပေါင်းလိုက်ခြင်းအားဖြင့် Tor က software ရေးသော အဖွဲ့အစည်းများမှ network

သည် မှီခိုမှုကင်း သည် ဟု သေချာစေသည်။ ထိုအခါ Tor Project အားဖျက်သိမ်းရမည်ဟု ဖြစ်နေလျှင်တောင် network ကတော့ နေရာ အနှံ့ အပြားတွင် ရှိနေတုန်းဘဲ ဖြစ်သည်။ Psiphon က service အတွက် ပိုက်ဆံယူသော ဒုတိယနည်းလမ်းကို သုံးသည်။ သူတို့ အကြောင်းပြချက်မှာ အကယ်၍ အမြတ်အစွန်းရသော ကုမ္ပဏီ တစ်ခု ဖန်တီးနိုင်သည် ဆိုလျှင် ဆက်လက်လုပ်ဆောင်ရမည့်network လုပ်ငန်းများအတွက် fund တစ်ခု တည်ထောင်နိုင်ပေမည်။ တတိယနည်းလမ်းမှာ bandwidth cost ပေးရန် sponsor ပေါ်တွင်အားထားခြင်းဖြစ်သည်။ Java Anon Proxy သို့မဟုတ် JAP project သည် ၎င်း၏ bandwidth အတွက် အစိုးရ ၏ ရန်ပုံငွေကို အားထားနေရသည်။ ယခု ထောက်ပံ့မှုပြီးဆုံးသွားသောအခါ အခြား အမြတ်အစွန်းနည်းလမ်းများကို လေ့လာ စုံစမ်းနေကြပြီဖြစ်သည်။ Ultrareach နှင့် Freegate အကျိုးသက်ရောက်မှု ကောင်းများရရန် sponsor model ကို သုံးသော်လည်း ၎င်းတို့ ၏ network ကို သက်ဝင်လှုပ်ရှားနေစေရန် sponsor များများရစေရန် ကြိုးပမ်း နေကြပြီဖြစ်သည်။

Network ကြာရှည်ရှင်သန်နေစေရန် မေးပြီးနောက် နောက်ထပ်မေးခွန်းတစ်ခု မှာ software တည်တံ့ ခိုင်မြဲရေးပင်ဖြစ်သည်။ တူညီသော နည်းလမ်းသုံးခု ဖြင့်လုပ်၍ ရသော်လည်း နမူနာ ပြောင်းသွားပြီ ဖြစ်သည်။ Volunteer များမှ Tor’s network ကို operate လုပ်သော အခါ feature အသစ်များ နှင့် software maintenance အတွက် ရန်ပုံငွေများ ရရန် Tor သည် sponsor များအပေါ်တွင် မှီခိုရသည်။ (အစိုးရများ နှင့် NGO များ) သို့သော်လည်း Ultrareach နှင့် Freegate သည် software update များဖြင့်ဆိုလျှင် ပို၍ တည်တံ့ခိုင်မာ သည်။ ၎င်း တို့တွင် တစ်ယောက်ချင်းစီသုံးသော အဖွဲ့ အစည်းအစုများ(များသောအားဖြင့် volunteer များ) ကမ္ဘာတဝှမ်းတွင် ရှိပြီး censor ထက်ရှေ့တစ်လှမ်းပိုစော နေစေရန် tool များကို လုပ်ဆောင်ထားကြသည်။   

နည်းလမ်းသုံးမျိုးလုံး အသုံးဝင်သည် သို့သော် tool တစ်ခု အတွက် နည်းလမ်းများကို နားလည်ခြင်းသည် နောင်တွင် မည်သို့သော ပြဿနာများပေါ်လာနိုင်သည် ဆိုတာကို ကြိုတင် မှန်းဆနိုင်သည်။

၎. ပွင့်လင်းသော ဒီဇိုင်းရှိခြင်း

Tool software နှင့် design ၏ transparency နှင့် ပြန်လည် အသုံးပြုနိုင်ခြင်း ပထမအဆင့်မှာ open source license အောက်တွင် software (client-side software သာမက server-side software အတွက်ပါ) ကို ဖြန့်ဝေခြင်းဖြစ်သည်။ Open source license များမှာ software မည်သို့ operate လုပ်သည်ကိုသင်ဆန်းစစ်နိုင်ပြီး program ကို သင်ပြင်ပိုင်ခွင့် ရှိခြင်းကို ဆိုလိုသည်။ User တိုင်း ဤ အချက်ကို အခွင့် ကောင်းမယူ နိုင်ရင်တောင် (လူအများစု သည် tool ကို နဂိုအတိုင်းပဲ အသုံးပြုချင်ကြသည်)ဤ option ရှိခြင်းသည် ၎င်း tool လုံခြုံပြီး အသုံးဝင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ မဟုတ်လျှင် developer အနည်းစု ဖြစ်နိုင်ခြေ ရှိသည့် ပြသနာများ ကို တွေးမိသည် ဟု သင် ယုံကြည် ရပေလိမ့်မည်။

 

Open source license တစ်ခု ရှိခြင်းသည် မလုံလောက်ပေ။ ယုံကြည်ရသော circumvention tool များသည် အခြား security ကျွမ်းကျင်သူများ အတွက် ဘယ်လိုတည်ဆောက်ထားသလဲ သာ မက developer များ feature များနှင့် ရည်ရွယ်ချက်ဘာဆိုတာ သိအောင် ပြုလုပ်ထားသော ရှင်းလင်းပြည့်စုံသော documentation လိုအပ်ပေသည်။ Privacy ပေးရန် ရည်ရွယ်သည်ပါသလား။ ဘာအမျိုးအစားလဲ ၊ ဘယ်တိုက်ခိုက်သူများကို တုံ့ပြန်မှာလဲ။ encryption ပြုလုပ်ရန် မည်သည့် နည်းလမ်းကို အသုံးပြုမှာ လဲ။ ဆင်ဆာများမှ တိုက်ခိုက်မှုများ အတွက်ရော ရည်ရွယ်သလား။ မည်သို့သော တိုက်ခိုက်မှုမျိုး ကို ခံနိုင်ရန် မျှော်လင့်ထားပြီး tool တွေ ဘာလို့ ခံနိုင်ရည်ရှိမှာ လဲ။ source code ကို မမြင်ရဘဲ developer များ ဘာလုပ်မည်ကို မသိဘဲ tool ထဲတွင် လုံခြုံရေးဆိုင်ရာ ပြသနာရှိသည် သို့မဟုတ် ရည်ရွယ်ချက်အတိုင်းအောင်မြင်သည်ဟု တန်ဖိုးဖြတ်ဆုံးဖြတ်ရန် ခက်ခဲနိုင်သည်။

Cryptography ထဲတွင် Kerckhoffs ၏ principle က သင့် system ကို design လုပ်သင့်သည် သို့မှသာ သင်လှို့ဝှက်ချင်သည့် ပမာဏမှာ နည်း နိုင်သမျှနည်းပီး နားလည် လွယ် မည် ဖြစ်သည် ဟု ရှင်းပြထားသည်။ ထို့ကြောင့် crypto algorithms တွင် key (လှို့ဝှက်အစိတ်အပိုင်း) များရှိပြီး အခြား အရာများကို လူမြင်ကွင်းတွင် လူတိုင်းကို ရှင်းပြနိုင်သည်။ သမိုင်းအရ လှို့ဝှက် အစိတ်အပိုင်းများစွာရှိသည့် မည်သည့် crypto design မဆို designer ထင်ထားတာထက် ပို ၍ အန္တရာယ်များသည်။ အလားတူပင် circumvention tool များအတွက် secret design များကိစ္စတွင် tool ကို ဆန်းစစ်သည့် group များသာ မူလ တည်ထောင်သူများ နှင့် တိုက်ခိုက်သူများဖြစ်သည်။ ဆိုလိုသည်မှာ ပိုကောင်းအောင် ကူညီနိုင် ပြီး တည်တံ့ ခိုင်မြဲသော အခြား တည်ထောင်သူများနှင့် အသုံးပြုသူ များ  ကျန်နေရစ်သည်။

Project တစ်ခု မှ idea များသည် project  သက်တမ်းထက်ပို ပြီးပြန် အသုံးခံနိုင်သည်။ Circumvention tool အများစုသည် သူတို့ design များကို system မည်သို့အလုပ်လုပ်သည်ဆိုတာ governement censore များ ဖော်ထုတ်ရန် ခက်မည်ဟု မျှော်လင့်လျက် လှို့ဝှက်ထားသော်လည်း ရလဒ်မှာ မည်သည့် project မှ အခြား project များ ကို မလေ့လာနိုင်ဘဲ circumvention development field တစ်ခု လုံး လှုပ်ရှားမှုနှေးကွေးသွားသည်။

၅. ဖြန့်ကျတ်ထားသော architecture ရှိခြင်း

Circumvention tool တစ်ခုတွင် ထပ်ရှာရမည့် အချက် တစ်ခု မှာ ၎င်း network သည် စုစည်းထားခြင်း သို့မဟုတ် ဖြန့်ကျတ်ထားခြင်း ဖြစ်မဖြစ်ပင်ဖြစ်သည်။ စုစည်းထားသော tool တစ်ခု သည် tool operator မှ ထိန်းချုပ်သော server တစ်ခု သို့မဟုတ် server အနည်းငယ် မှ တဆင့် ၎င်းတွင် ရှိသည့် user များ၏ တောင်းဆိုမှုများကို ထားရှိပေးသည်။ Tor သို့မဟုတ် JAP ကဲ့သို့သော ဖြန့်ကျတ်ထားသော design တစ်ခု သည် မတူညီသော နေရာအများအပြား  များမှ တဆင့် လမ်းကြောင်းများ ပို့သောကြောင့် မည်သည့်နေရာ သို့မဟုတ် မည်သည့် user မှ မည်သည့် website များကို ကြည့်နေသည်ဆိုသည့် တာကို အလွယ်တကူမသိရှိနိုင်ပေ။

ယခုအပိုင်း ကြည့်ရန် အခြား နည်းလမ်း သည် “ယုံကြည်မှု” ကို centralized (စုစည်း) ထားသလား သို့မဟုတ် decentralized (ဖြန့်ကျတ်) ထားသလား ဆိုသည်ပေါ်မူတည်သည်။ အကယ်၍ entity တစ်ခု တွင် သင့် ယုံကြည်မှု များအားလုံး ထည့်ရမည်ဆိုလျှင် သင်အကောင်းဆုံးမျှော်လင့် နိုင်သည်မှာ ‘privacy by policy’ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ထံတွင် သင့် data များအားလုံးရှိပြီး မကြည့်ရန် မဖျောက်ပျက်ပြစ်ရန် သို့မဟုတ် မရောင်းချပြစ်ရန် ကတိပေးထားသည်။ တခြားနည်းမှာ Ontario Privacy ကော်မရှင်အဖွဲ့ဝင် များ ခေါ်သည့် ‘privacy by design’ ဖြစ်သည်။ ဆိုလိုသည်မှာ system design မှာ user များ privacy ရရှိရန် သေချာစေသည်။ အပြန်အလှန်အားဖြင့် Design ၏ Openness မှာ လူတိုင်းကို ပေးထားသည့် privacy အဆင့်ကို တန်ဖိုးဖြတ်လေ့လာစေခြင်းဖြစ်သည်။   

ဤ အချက်မှာ သီအိုရီ တစ်ခု တည်းကြောင့်ပင်မဟုတ်ပေ။ ၂၀၀၉ အစပိုင်း Berkman Center မှ Hal Roberts သည် user များအား clicklog များကို ရောင်းရန် လုပ်သော circumvention tool တစ်ခု အတွက် FAQ entry တစ်ခု လုပ်ခဲ့သည်။ ကျွန်တော်နောက်ပိုင်းကျတော့ သူတို့ system (ဘယ်အချိန်မှာ လိုအပ်မယ်ဆိုတာ သင် မသိနိုင်သောကြောင့်) ကနေပြီး လုပ်တဲ့ request တိုင်းရဲ့ log အားလုံးရှိတယ်လို့ ရှင်းပြတဲ့ မတူတဲ့ circumevention tool provider တစ်ယောက်ကို စကားပြောကြည့်တယ်။ အချို့ tool provider များ user data များကို မျှဝေ နိုင်သော ကြောင့် မဟုတ် ဘဲ centralized trust architecture ရှိတဲ့ မည်သည့် tool မဆို user data များကို မျှ ဝေနိုင်ပြီး ဘာဖြစ်နေသလဲဆိုတာ user များ မပြောနိုင် ခြင်းကြောင့် ကျွန်တော် tool နာမည်လေးတွေ ဒီမှာ မေ့ကျန်ခဲ့တယ်။ အကယ်၍ tool provider က data အားလုံး နေရာတစ်ခု တည်းမှ ဖြတ်သန်းခြင်းသည် စပ်စုတတ်သော အခြား တိုက်ခိုက်သူများ ကို ရပ်တန့်သွားစေနိုင်သည့် target တစ်ခု ဖြစ်နေသည် ဟု  ဆိုလျှင်တောင် ပိုဆိုးနိုင်သည်။

Tool အများစု သည် circumvention နှင့် user privacy ကို လုံးဝမဆက်စပ်သော ရည်ရွယ်ချက်များ ဟု သတ်မှတ်သည်။ သင်ဘာလုပ်နေသလဲဆိုတာ သင် သိနေသမျှ (ဥပမာ ဆင်ဆာတိုင်းပြည် ရှိ လူအများကြီးထံမှ website အသစ်တစ်ခု ဖတ်ခြင်းသည် သင် အပိတ်ခံထားရသည် ဟု မဆိုလိုကြောင်း ကြားသိရခြင်း )ဤ သို့ခွဲခြားမှုသည် အရမ်းတော့ မဆိုးပေ။ သို့သော် လွန်ခဲ့သော နှစ် အနည်းငယ် ကတည်းက အကြောင်းအရာများ မျိုးစုံကို ကျွန်ုပ်တို့ သင်ယူခဲ့ပြီးဖြစ်သော ကြောင့် personal information database အကြီးစား သည် ကျွန်ုပ်တို့မျှော်လင့် သည်ထက် ပို၍ လူသိများပေသည်။

၆. Website များထံမှ သင့်ကို လုံခြုံအောင်ပြုလုပ်ပေးသည်။

Privacy ဆိုသည်မှာ tool operator သင့် တောင်းဆိုမှုများ ကို လုပ်ပေးနိုင်ခြင်းကို ပဲဆိုလို ခြင်းမဟုတ်ပေ။ ယင်းမှာ သင်ကြည့်ရှုခဲ့သော website များ သင့်ကို မှတ်မိ ခြင်း သို့မဟုတ် ထောက်လှမ်းနိုင်ခြင်း ကို အတွက် ဖြစ်သည်။ Chinese webmail user များထဲမှ တစ်ယောက် အကြောင်း သတင်းကို Yahoo မှ ထုတ်လွှင့်သည့်ကိစ္စ ကို မှတ်မိပါရဲ့လား။ blog aggregator တစ်ယောက်  ဘယ်သူ blog တင်တာလဲဟု ရှာဖွေချင်လျှင် သို့မဟုတ် ဘယ်သူ နောက် ဆုံး comment ပေးတာလဲလို့သိချင်လျှင် သို့မဟုတ် အဲဒီ blogger ဘယ် website တွေ ကြည့်သေးလဲလို့ သိချင်ခဲ့လျှင် ဘယ်လိုလုပ်မလဲ။ website ကို ရောက်မည့် လုံခြုံသော tool များသုံးခြင်းသည် website မှ လွှဲပြောင်းပေးစရာ ဘာမှ မရှိ ဟု ဆိုလိုခြင်းဖြစ်သည်။

အချို့ circumvention tool များသည် အခြား အရာများထက် ပို လုံခြုံသည်။ အလုံခြုံဆုံး အရာတစ်ခုမှာ open proxy များဖြစ်သည်။ ၎င်းတို့ သည် client address ကို သူတို့၏ web request များနှင့် ဖြတ်သန်းနေကြဖြစ်သည်။ သို့မှသာ တောင်းဆိုမှုများ ဘယ်က လာသည်ဆိုတာ အတိအကျ သိရန် website အတွက် လွယ်ကူ ပေလိမ့်မည်။ အခြား ကောင်းသည့် အချက်မှာ သင့် browser version၊ language preference ၊ browser window size ၊ time zone နှင့် အခြား အရာများကို (segregate cookies၊ history နှင့် cache)ဖုံးကွယ်ရန် နှင့် သင့်အကြောင်းသတင်းများပေါက်ကြားမှု Flash ကဲ့သို့သော plugin များမှ ကာကွယ်ရန် client-side browser extension များပါဝင်သော Tor ကဲ့သို့သော tool များဖြစ်သည်။

Application-level protection အဆင့်သည် အချို့ website များမှန်မှန်ကန်ကန် မလုပ်သောကြောင့် စရိတ်ကုန်ကျနိုင်သည်။ website တော်တော်များများ latest ‘web 2.0’ fads များသို့ပြောင်းလဲသွားသော ကြောင့် browser behavior သို့ respect နှင့်အတူတူ ပို မို ပြန့်နှံ့နိုင်သော feature များကို လိုအပ်လာပေသည်။ အလုံခြုံဆုံးအဖြေမှာ အန္တရာယ်ရှိသော behavior များကို disable လုပ်ရန် ဖြစ်သော်လည်း အကယ်၍ တူရကီမှာ ရှိသော တစ်ယောက်ယောက် YouTube ကို ကြည့်ရန် ကြိုးစားပြီး Tor မှ သူ့အားလုံခြုံစေရန် Flash plugin ကို ဖြုတ်ပေးလိုက်သော အခါ သူ video ကြည့် ၍ ရတော့မည် မဟုတ်ပေ။

Trade-off များကို မည်သည့် tool ကမှ ကောင်းမွန်စွာ မဖြေရှင်းနိုင်သေးပေ။ Psiphon မှာ website တိုင်း နှင့် page ကို ပြန်ရေးရန် ၎င်း central proxy program ကို တန်ဖိုးဖြတ်လေ့လာ သည်။ များသော အားဖြင့် rewriting များကို privacy အတွက် ပြုလုပ်ခြင်း မဟုတ်ဘဲ page ပေါ်မှ link များ အားလုံး ၎င်း တို့၏ proxy service ကို ရောက်အောင် သေချာ စေရန် ဖြစ်သော် လည်း ရလာဒ်မှာ အကယ်၍ ၎င်း တို့ အလို ရှိသော site များကို လေ့လာမဆန်းစစ်ရသေးဘူးဆိုလျှင် သင့်အတွက် အသုံးဝင်မည်မဟုတ်ပေ။ ဥပမာ အနေဖြင့် Facebook ပထမ page ပြောင်းလဲခြင်း အတွက် အမြဲ ပဋိပက္ခ ဖြစ်နေသည့်ပုံစံဖြစ်သည်။  user မှ အသိပေးထားသော နည်းလမ်း ဖြင့် ဆုံးဖြတ် စေရန်ကောင်းမွန်သော interface ကို မပြုလုပ်ရသေးသောကြောင့်  Tor သည် လက်တွေ့တွင် လုံခြုံစေမည့် content အချို့ကို disable လုပ်ထားမည်ဖြစ်သည်။ အချို့ tool များသည် မည်သည့် active content ကို မဆို သုံးစွဲခွင့် ပေးထားဆဲပင်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် user များကို unmask လုပ်ရန် အတွက် အရေးသိပ်မကြီးပေ။

၇. Internet တစ်ခု လုံးကို လုံးဝဥသုံ encrypt လုပ်ပေးမည်ဟု ကတိမပေးခြင်း။

 

Encryption နှင့် privacy အကြား တွင် ခြားနားချက်များ ဆွဲသင့်ပေသည်။ Circumvention tool အများစုသည် (အကုန်လုံး သို့သော် open proxy များကဲ့သို့ဖြစ်သည်) user နှင့် circumvention provider များ အကြား လမ်းကြောင်းကို encrypt လုပ်ကြသည်။ China firewall ကဲ့သို့censor များ ဖြင့် ပြုလုပ်ထားသော keyword filtering များကို ရှောင်ကွင်းရန် encryption များကို လိုအပ်သည်။ သို့သော် အကယ်၍ destination website က encryption ကို မပေးထားဘူး ဆိုလျှင် (traffic တစ်ခု လုံးကို encrypt လုပ်ပြီးသားဖြစ်အောင်မည်သည့် နည်းလမ်းနှင့်မျှ ပြုလုပ်၍မရ။) မည်သည့် tool ကမျှ provider နှင့် website များအကြား ရှိ လမ်းကြောင်းကို encrypt မလုပ်နိုင်ပေ။

စံပြအဖြေမှာ website များဝင်ရောက်ကြည့်ရှုသောအခါ လူတိုင်း https (SSL ဟုလည်းခေါ်သည်)သုံးရန် နှင့် website တိုင်းအတွက် https connection များပေးရန် ဖြစ်သည်။ မှန်ကန်စွာ အသုံးပြုပါက https သည် သင့် web browser နှင့် website များ ကြားတွင် encryption များ လုပ်ဆောင်ပေးသည်။ ဤ ‘end-to-end’ encryption ဆိုသည် မှာ network ပေါ်ရှိ မည်သူမှ (သင့် ISP မဟုတ်၊ backbone Internet Provider များ မဟုတ် နှင့် သင့် circumvention provider မဟုတ်) သင့်communication ပါ အကြောင်းအရာများကို နားမထောင်နိုင်ပေ။ သို့သော် နောက်ထပ် အကြောင်းပြချက်များစွာ အတွက် မူ နေရာတကာ ပျံ့ နှံ့ လျက်ရှိသော encryption သည် အသုံးမဝင်ပေ။ အကယ်၍ destination website က encryption ကို မပေးထားဘူး ဆိုလျှင်သင်အကောင်းဆုံးလုပ်နိုင် သည် မှာ နံပါတ် ၁. လေ့လာဆန်းစစ်ထားသော သို့မဟုတ် sensitive information များ ကို မပို့ ရန် ၊ ဥပမာ blog post ပေါ်တွင် နာမည် အရင်း တင်ခြင်း သို့မဟုတ် တခြားလူများကို မသိစေချင်သည့် password တစ်ခု။ နံပါတ် ၂. အဆင့်၁ တွင် precaution ဖော်ပြခဲ့သော်လည်း တစုံတယောက်ကို သင်လိုချင်သော နေရာသို့ သင့်အား link လုပ်ပေးရန် ခွင့်ပြုထားသော ယုံကြည်ရသည့် bottleneck တစ်ခု မှ မရှိသည့် circumvention tool တစ်ခု ကို သုံးရန် ။

ကံမကောင်းစွာပင် သင် sensitive info များကို မဖြစ်မနေ ပေးပို့ရမည် ဆိုသော အခါ ရှုပ်ထွေးကုန်ပြီ ဖြစ်သည်။

တချို့သူများသည် Tor volunteer-run network design များကို စိတ်ပူကြသည်။ အကြောင်းမှာ အနည်းဆုံး centralized design များတွင် မည်သူ က infrastructure ပြုလုပ်သည် ဆိုတာ သိသောကြောင့်ဖြစ်သည်။ သို့သော် စမ်းသပ်ကာလတွင် သင့် traffic ကို တနည်းနည်းဖြင့် ဖတ်ခြင်းသည် အနည်းငယ် ထူးဆန်းနေနိုင်သည်။ Trade-off မှာ သင်မည်သူဆိုတာ မသိ သော (ဆိုလိုသည်မှာ သင့်ကို target မလုပ်နိုင်ပေ)volunteer stranger များအကြား သို့မဟုတ် သင့် traffic profile ကြီးတစ်ခုလုံးကို ကြည့်နိုင်သည့် stranger များ (သင့်ကို ချိတ်ပေးသည်) အကြားတွင် ရှိသည်။ ‘100% security’ ဟု ကတိပေးထားသော မည်သူမဆိုမှာ တစ်ခု ခု ရောင်းနေခြင်းဖြစ်သည်။

၈. လျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ထိန်းသိမ်းနိုင်ခြင်း

Circumvention Tool တစ်ခုတွင် သင်နောက်ထပ်ရှာဖွေ မည့် အရည်အသွေးတစ်ခု မှာ လျင်မြန်နှုန်းပင်ဖြစ်သည်။ အချို့ tool များသည် တသမတ်တည်းမြန်နေသည်၊ အချို့မှာ တသမတ်တည်း နှေးနေ ပြီး တချို့မှာ မျှော်လင့်မထားသော လုပ်ဆောင်မှုများ လုပ်ဆောင်ကြသည်။ လျင်မြန်နှုန်းမှာ ထို system တွင် user ဘယ်နှစ်ဦးရှိသနည်း၊ user များဘာလုပ်နေသနည်း၊ လုပ်ဆောင်နိုင်စွမ်းမည်မျှ ရှိသနည်း၊ network တစ်ခု လုံးကို ဖြန့်ကျက်ထားသလား ဆိုတာ အပါအဝင် အချက်များစွာအပေါ်တွင် မူတည်သည်။ Centrallized-trust design များတွင် အားသာချက် နှစ်ချက်ရှိသည်။ ပထမ user အားလုံးနှင့် သူတို့ဘာလုပ်နေသလဲဆိုတာ ကြည့်နိုင်သည်။ ဆိုလိုသည်မှာ ဖြန့်ကျက်လိုက်ခြင်းထက် ခေါင်းတစ်လုံး သာနေကာ system ကို ပြသနာဖြစ်စေနိုင်မည့် အပြုအမူများကို အားလျော့စေသည်။ ဒုတိယ အချက်မှာ လိုသလောက် capacity ကို ဝယ်နိုင်သည်။ ထို့ကြောင့် များများပေးနိုင်လေ မြန်လေဖြစ်သည်။ သို့သော် distributed-trust design များတွင် ၎င်း တို့ user များကို ထောက်လှမ်းရန် ပိုခက်ခဲပြီး အကယ်၍ capacity ကိုထောက်ပံ့ပေးနိုင်မည့် volunteer ပေါ်တွင် မှီခိုနေရသည်ဆိုလျှင် bandwidth အပို အတွက် ပိုက်ဆံပေးခြင်းထက် volunteer များလက်ခံခြင်းသည် ပို၍ ရှုပ်ထွေးနိုင်စေသည်။ စွမ်းဆောင်ချက်အတွက် မေးခွန်းနောက်တစ်ခု မှာ လိုက်လျောညီထွေ

ရှိမှုဖြစ်သည်။ system အများစုသည် သူတို့ user များ ဘာလုပ်နေသလဲဆို တာကို ကန့်သတ်ခြင်းဖြင့် လျင်မြန်နှုန်း ကို သေချာစေသည်။Psiphon သည် သူတို့မစစ်ဆေးရသေးသော site များကို သင်ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နေစဉ်တွင် Ultrareach နှင့် Freegate က သင့်ကို ဘယ် destination website များကို ကြည့်ခွင့် ရှိသည်ကို censor ဖြတ်သောကြောင့် သူတို့၏ bandwidth cost များကို လျော့ချနိုင်ပေမည်။ ဆန့်ကျင်ဘက်ဖြစ်သော Tor က မူ protocol တိုင်း နှင့် destination တိုင်းကို ဝင်ခွင့် ရ အောင်လုပ်ပေးသည်။ ဆိုလိုသည်မှာ ဥပမာ instant message များကို ပို့နိုင်သည်။ သို့သော်လည်း မကောင်းသော အချက်မှာ user များမှ transfer အများကြီးလုပ်သော အခါ တွင် network များ လွှမ်းမိုးခံရခြင်းပင်ဖြစ်သည်။

၉. Software ရရှိရန် နှင့် update လုပ်ရန် လွယ်ကူခြင်း

Circumvention tool တစ်ခု နာမည်ကြီးလာသည်နှင့် တပြိုင်နက် သူ့ website မှာ အပိတ်ခံရတော့မည်ဖြစ်သည်။ အကယ်၍ tool ၏ copy ရရန်ခက်ခဲသည်ဆိုလျှင် အဲဒါကောင်းတယ်ဆိုတာ မည်သို့သိနိုင်တော့မည်နည်း။ အကောင်းဆုံးအဖြေမှာ specialized client software များ မလိုအပ်ဘူးဆိုတာ ပင်ဖြစ်သည်။ ဥပမာ Psiphon သည် သာမန် web browser ကို အားထားသည်။ ထို့ကြောင့် သူတို့ website ကို censor ပိတ်မှာ ပူစရာမလိုပေ။ နောက်တနည်းမှာ သင့်သူငယ်ချင်းများ ထံသို့ instant message များ ပို့နိုင်သော Ultrareach သို့မဟုတ် Freegate ကဲ့သို့သော program သေးသေးလေးများဖြစ်သည်။ တတိယနည်းမှာ Tor Browser Bundle ဖြစ်သည်။ software အားလုံးကို preconfigure လုပ်ရသော်လည်း Firefox ကဲ့သို့သော program အကြီးများပါဝင်သော ကြောင့် online ကို ရှောင်ကွင်းသွားရန် ခက်ခဲသည်။ ၎င်းဖြစ်စဉ်တွင် distribution မှာ social network များသို့မဟုတ် USB stick များမှ တဆင့် ပြုလုပ်နိုင်သည် သို့မဟုတ် gmail မှတဆင့် Tor ကို download လုပ်နိုင်ရန် email autoresponder ကို သုံးနိုင်သည်။

ထို အခါ နည်းလမ်းတိုင်းအတွက် trade-off တိုင်းကို သင်စဉ်းစားရတော့မည်ဖြစ်သည်။ ပထမဦးစွာ မည်သည့် operating system များမှ ကူညီပေးနေသနည်း။ Psiphon သည် လည်း အပို client software မလိုဘဲ ကောင်းစွာအလုပ်လုပ်သည်။ Ultrareach နှင့် Freegate ကို Windows များတွင် သာ အလုပ်လုပ်နိုင်ရန် ပြုလုပ်ထားသည်။ သို့သော် Tor နှင့် သူ၏ အခြား software များ ကို နေရာ စုံတွင် အသုံးပြု၍ ရသည်။ ထို့နောက် client-side software သည် proxy တစ်ခု မှ တစ်ခု သို့ အလိုအလျောက် ကိုင်တွယ် ဖြေရှင်း နိုင်သလားဆိုတာ သင် စဉ်းစားရပေမည်။ သို့မှသာ အကယ်၍ သင့် လက်ရှိ address သည် ကွယ်ပျောက်တော့ မည် သို့မဟုတ် ပိတ်ခံရတော့မည်ဆိုလျှင် သင် address အသစ်ကို manually ရိုက်စရာ မလိုတော့ပေ။

နောက်ဆုံးအနေဖြင့် ပိတ်ဆို့ခြင်းကို တုံ့ပြန်ရန် အတွက် tool တွင် track record ရှိသလားဆိုတာပင်ဖြစ်သည်။ ဥပမာ အခြား လက်ရှိ tool version များ အလုပ်မလုပ်တော့သည့် အချိန်တွင်  UltraSurf နှင့် Freegate သည် update များကို မြန်မြန် လွှင့်ထုတ်နိုင်သည်။ သူတို့ အထက်ပါအတိုင်း လုပ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် နောက်တစ်ကြိမ် ပြုလုပ်ရန် အသင့်ဖြစ်နေပြီ ဟု ယူဆ၍ ရသည်။ လမ်းကြောင်းတလျောက် Tor သည် Tor public relay များကို ပိတ်ဆို့ရန် ထက် attacker တစ်ယောက် ရှာရန် ခက်ခဲသော မရောင်းချရသေးသည့် ‘bridge relays’ များကို မိတ်ဆက်ခြင်း နှင့် encrypted web browsing များနှင့် တူအောင် ၎င်း၏ network communication များကို streamlining လုပ်ခြင်းဖြင့် သူ၏ နောက်ဆုံးပိတ်ဆို့ ခြင်းအတွက်ပြင်ဆင်ထားသည်။Tor သည် Software update များ ကို proxy address update မှ ခွဲထွက်နိုင်အောင် ကြိုးစားသည်။ အကယ်၍သင်သုံးနေသော bridge relay တစ်ခု အပိတ်ခံရသည်ဆိုလျှင် သင် မူလ software ကိုသုံးနိုင်ပြီး bridge address အသစ်ကို သုံးနိုင်အောင် configure လုပ်၍ ရသည်။ ကျွန်ုပ်တို့၏ bridge design ကို တရုတ်နိုင်ငံ ၌ စက်တင်ဘာ ၂၀၀၉ တွင် စတင်စမ်းသပ်ခဲ့ပြီး အသုံးပြု သူ ၁၀၀၀၀ မျှ public relay မှ bridge ထဲသို့ပြောင်းခဲ့ကြသည်။

၁၀.Circumvention Tool အဖြစ် သူ့ကိုယ်သူ မကြေငြာခြင်း

Circumvention tool အများစုသည် media မျိုးစုံ ဖြင့် စတင်ခဲ့သည်။ Media များအတွက် ကောင်းမွန်ပြီး ဆောင်းပါး၏ ပထမ စာမျက်နှာတွင် ‘American hacker များ China ပေါ်တွင် စစ်ကြေငြာ’ ဟု ရေးတတ်ကြသည်။ သို့သော် ဤ သို့ ဆွဲဆောင်မှုများ က အခြား ထောက်ခံ သူများ အတွက် အသုံးဝင်စဉ်တွင် (volunteer, profit, sponsor များ) ထိုကဲ့သို့ပြုလုပ်မှုများသည် censor ၏ အာရုံစူးစိုက်မှုလည်းခံရနိုင်သည်။

Censor များသည် tool ပုံစံ နှစ်ခု လုံးကို ပိတ်ဆို့တတ် သည်။ ၁. User သိန်းပေါင်းများစွာ ရှိသော ကောင်းစွာ အလုပ်လုပ်သည့် tool များ ၂. ဆူပူမှုများကို ဖြစ်စေသော tool များ။ ဖြစ်စဉ်တော်တော်များများတွင် censorship သည် sensitive content များကို ပိတ်ဆို့ခြင်းထက် ထိန်းချုပ်ရန်သာ ကြိုးစားသည်။  သို့မှသာ လူအများ self-censoring ပြုလုပ်ခြင်းများ ရပ်တန့်သွားမည်ဖြစ်သည်။ ထုတ်ဝေလိုက်သော ဆောင်းပါးသည် censor’s apprearance ထိန်းချုပ်မှု အကြောင်း ကို ခြိမ်းခြောက်ထားမှုဖြစ်သော ကြောင့် တုန့်ပြန်ရန်ဖိအားပေးခြင်း ခံရနိုင်ပေသည်။

ယခု သင်ခန်းစာ ဆိုလိုသည်မှာ စစ်တပ် ဖိအားအရှိန်ကို ကျွန်ုပ်တို့ ထိန်းချုပ်နိုင်သည် ဟူ၍ ဖြစ်သည်။ အပြန်အလှန်အားဖြင့် tool တစ်ခု တွင် user အများကြီးရှိလျှင်တောင်မှ မပြောသမျှကာလပတ်လုံး ပိတ်ခံရမည်မဟုတ်ချေ။ သို့သော် မည်သူမှ မပြောပါက user တွေ မည်သို့လေ့လာသင်ယူမည်နည်း။ ရှုပ်ထွေးမှုများကို ဖြေရှင်းရန်တနည်းမှာ ပါးစပ်သတင်းဖြင့် ဖြန့်ဝေကာ ရိုးရိုး media နည်းထက် social network ကို ပို၍ သုံးနိုင်သည်။ အခြား တနည်းမှာ မတူညီသော အကြောင်းအရာများ ကြားထဲတွင် tool တစ်ခု ကို နေရာချခြင်းပင်ဖြစ်သည်။ ဥပမာ Tor အား အစပိုင်းတွင် circumvention tool ပုံစံမျိုးထက် privacy နှင့် civil liberties tool ပုံစံမျိုးတင်ပြခဲ့ကြသည်။ သင့်တင့်မျှတစေရန် လုပ်ဆောင်ရခြင်းသည် နာမည်တဖြေးဖြေး ပိုကြီးလာသော အခါ ထိန်းသိမ်းရန် ပို ၍ ခက်ခဲလာပေသည်။

 နိဂုံး

ဤ ဆောင်းပါးသည် circumvention tool များ၏ အားသာချက် ၊ အားနည်းချက် များကို တန်ဖိုးဖြတ်ဆန်းစစ်သော အခါတွင် စဥ်းစားရမည့် အချက်များ ကို ဆွေးနွေးထားခြင်းဖြစ်သည်။ tool အမျိုးမျိုးကို ဇယားဆွဲခြင်းနှင့် category အလိုက်အောင်မြင်အောင်လုပ်ခြင်းတွေကို ရည်ရွယ်ချက်ဖြင့် ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် လူတစ်ယောက်ယင်းကို လုပ်ခြင်း နှင့် tool တစ်ခု ချင်းစီ checkmark ဘယ်နှစ်ခု လုပ်နိုင်သလဲဆို တာ ပေါင်းကြည့်မည်မှာ  သံသယ ဖြစ်စရာ မလိုသော်လည်းအဓိက အချက်မှာ အကောင်းဆုံး tool ကို ရှာရန်မဟုတ်ချေ။ censor သည် နည်ဗျူဟာ တိုင်းကို ရင်ဆိုင်ဖြေရှင်းနေရသော ကြောင့် circumvention tool အများကြီး ကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေခြင်းသည် tool များအားလုံးကို အားကောင်းစေသည်။

နောက်ဆုံးအနေဖြင့် နည်းပညာ က ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ဘူးဆိုတာကို သတိရ သင့်ပေသည်။ ခြုံပြောရလျှင် နိုင်ငံတော်တော်များများတွင် firewall  သည် အလွန်အောင်မြင်မှုရှိနေပြီဖြစ်သည်။ ဆင်ဆာရှိသော တိုင်းပြည်တွင် နေထိုင်သူအများစု ‘ငါ့ အစိုးရ ငါတို့ကို အင်တာနက်ပေါ်မှာ လုံခြုံမှုရှိအောင်လုပ်ပေးထားတာ အရမ်းဝမ်းသာတာပဲ’ ဟု ပြောနေသမျှ social challenge များ အနည်း နှင့် အများ အရေးကြီးနေဆဲပင်ဖြစ်သည်။ တချိန်တည်းမှာ ပင် Online ပေါ်တွင် သတင်းအချက်အလက်များ လေ့လာချင် မျှဝေချင်သော သူများ ယင်းတိုင်းပြည်များထဲတွင် ရှိပြီး နည်းပညာ ခိုင်ခိုင်မာမာ ဖြေရှင်းချက်များသည် အခက်ခဲဆုံး အပိုင်းကို အဖြေမရှာ နိုင်သေးပေ။


Roger Dingledine သည် US နိုင်ငံသား ဖြစ်ပြီး US Navy၊ Elecronic Frontier Foundation နှင့် Voice of America ကဲ့သို့သော အဖွဲ့အစည်းအတွက် anonymity research နှင့် development အကြောင်း လုပ်ဆောင်နေသူ Tor project leader တစ်ယောက်လည်းဖြစ်သည်။ (သူ Tor အတွက် လုပ်သော အလုပ်များအားလုံး) Roger သည် anonymity အပေါ်တွင် academic conference များ တည်ထောင်ထားပြီး  လုပ်ငန်းမျိုးစုံနှင့် hacker conference တွေ ၌ အမှာ စကားပြောကြား ကာ နိုင်ငံတွင်း နှင့် နိုင်ငံတကာ ဥပဒေ ရုံးများ အတွက် anonymity ကို စပ်းသပ်မှုပြုလုပ်နေသော သူဖြစ်သည်။

ဤ ဆောင်းပါးသည် Creative Commons Attribution 3.0 United States License အောက်တွင် လိုင်စင်ယူထားပြီးဖြစ်သည်။ ကနဦး ကတော့ March 2010 ‘Index on Censorship’ အတွက် ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင် July 2010 ‘China Rights Forum’ (တရုတ်အခွင့်အရေး ဆွေးနွေးပွဲ) (Chinese translation)အတွက် သုံးခဲ့သည်။ နောက်ဆုံး ပြင်ဆင်ချက်မှာ 25 May 2010 တွင် ဖြစ်သည်။
CircumventionTools: Credits