အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

ခပ်မြန်မြန်စတင်လိုပါက

Network တစ်ခု အား ထိန်းချုပ်နေသော လူများ သို့မဟုတ် လူအုပ်စု များ သည် Internet user များ အကြောင်းအရာတစ်ခုခု သို့မဟုတ် service များကို ဝင်ကြည့်ခြင်းမှ ကာကွယ် ချင်သော အခါ internet အားဆင်ဆာ ဖြတ်ကြသည်။

Internet ဆင်ဆာဖြတ်တောက်ခြင်း သည် ပုံစံ အမျိုးမျိုး နှင့် ဖြစ်ပေါ်နိုင်သည်။ ဥပမာ အစိုးရသည် လူထု အား ၎င်း တို့ အလွယ်တကူ စောင့်ကြည့် နိုင် စစ်ဆေး နိုင် သို့မဟုတ် အလွယ်တကူစောင့်ကြည့်နေသော အာဏာပိုင် email များကို သုံးရန် အတင်းအကျပ် စေခိုင်းလိုသည့် အခါ  ပုံမှန် email service များကို ပိတ်ဆို့ ပစ်သည်။ မိဘများသည် သူတို့ ကလေးငယ်များ ကြည့်ရှုသည့် အကြောင်းအရာကို ထိန်းချုပ်နိုင်သည်။ တက္ကသိုလ်များသည် စာကြည့်တိုက်မှ ကျောင်းသားများ facebook သုံးခြင်းကို ကာကွယ် နိုင်သည်။ Internet café ဆိုင်ပိုင်ရှင်သည် ဖိုင်များ မျှဝေခြင်းကို ပိတ်ဆို့နိုင်သည်။ အာဏာပိုင် အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှု များ သို့ မဟုတ် ရွေးကောက်ပွဲ မဲခိုးမှုများ အကြောင်း report  များကို ဆင်ဆာဖြတ်ထားနိုင်သည်။ လူများသည် အာဏာ ပိုင်း အရ ဖြစ်စေ အာဏာပိုင်းနှင့် မဆိုင်သည့် ပုံစံဖြစ်စေ အမြင်အမျိုးမျိုး ကွဲပြားနိုင်သည်။

အင်တာနက်ပိတ်ဆို့ကျော်လွှားခြင်း

အင်တာနက်ပိတ်ဆို့ကျော်လွှားခြင်း (Cicumvention) ဆိုသည်မှာ Internet Censorship အားရှောင်ကွင်းခြင်း နည်းပညာ တစ်မျိုးပင်ဖြစ်သည်။ ပြုလုပ်ရန် နည်းအမျိုးမျိုးရှိသော်လည်း အားလုံးနည်းပါးမှာ လုပ်ဆောင်ချက်အတူတူ ပဲဖြစ်သည်။ ၎င်းတို့သည် 

  • အင်တာနက်ဆင်ဆာ မပိတ်ထားသော နေရာတွင်တည်ရှိခြင်း
  • ကိုယ်အသုံးပြုတဲ့ နေရာတွင် ၄င်း စနစ် မပိတ်ပင်ခြင်း
  • အသုံးပြုသူတွေအတွက် အချက်အလက်တွေ သွားယူပြီး ပြန်ပြပေးခြင်း

လုံခြုံရေး နှင့် အမည်ဝှက်ခြင်း (Anonymity)

သင့် အခြေအနေအတွက် မည်သည့် tool  မည်သည့်နည်းလမ်းမှ ပြီးပြည့်စုံသည် မဟုတ်ကို သတိရပါ။ tool အမျိုးအမျိုး သည် လုံခြုံရေး အဆင့် အမျိုးမျိုး ကို ဖြစ်စေနိုင်သော်လည်း အာဏာရှိသောသူများကို သင်ဆန့်ကျင် ရာတွင်ဖြစ်ပေါ်လာမည့် အန္တရာယ်များကို မလျော့ချပေးနိုင်ပေ။ ဤစာအုပ်တွင် censorship အားရှောင်ရှားနေချိန်တွင် မည်သို့ ပိုမိုလုံခြုံ အောင်ဆောင်ရွက် ရ မည်ကို နားလည်စေရန် internet မည်သို့ အလုပ်လုပ်သည်ကို ရှင်းလင်းပြောပြထားသည်။

အမျိုးမျိုးသော ပြောင်းလဲမှုများ ရှိပါသည်။

အခြား tool များ program တော်တော်များများ၌ တချိန်ထဲ အသုံးဝင်နေချိန်တွင် အချို့မှာ သင့် web browser နှင့် သာ အလုပ်လုပ်နိုင်သည်။ ဤ program များကို proxy မှ ဖြတ်၍ Internet traffic ဖြတ်ရာတွင် configure လုပ်နိုင်သည်။ စိတ်နည်းနည်းရှည်လျှင် အထက်ပါအရာများအားလုံးကို မည်သည့် software မှ သင့်ကွန်ပျူတာ ထဲတွင် install လုပ်ရန်မလိုဘဲ ဆောင်ရွက်နိုင်သည်။ သင့် အတွက် webpage များကို ဖမ်းယူပေးမည့် tool များသည် site များကို မှန်ကန်စွာဖော်ပြမည်မဟုတ်ဆိုခြင်းကို သတိပြုပါ။ ပိတ်ထားသော service များသို့ သင်ဝင်ရောက်ကြည့်ရှုသည် ဟူသော အချက်ကို ဖုံးကွယ်ရန် တချို့ tool များသည် ကြားခံ ကွန်ပျူတာ တစ်ခုထက်ပို၍ သုံးကြသည်။ အမည်ဝှက်ခြင်းအတွက် အရေးကြီးနိုင်မည့် tool provider များထံ မှ သင့်လှုပ်ရှားမှုများကို ကာကွယ်ပေးထားသည်။ Tool တစ်ခုသည် သင်သုံးနေသော proxy တစ်ခု censor မိသွားလျှင် တခြားနည်းသုံးရန် အတွက် ပါးနပ်စွာပြင်ဆင် ထားကြသည်။ ဤတောင်းဆိုချက်များ၊ ဖမ်းဆီးမှုများ နှင့် ပေးပို့ခြင်းကြောင့် ဖြစ်လာသည့် လမ်းကြောင်းများသည် ခိုးကြည့်ခြင်းမှ ကာကွယ်ရန် encrypt လုပ်ထားသည်။ သင့်အခြေအနေ အတွက် မှန်ကန်သော tool ကိုရွေးချယ်ခြင်းဆုံးဖြတ်ချက် သည် internet censorship နှင့်ပတ်သက်သော အကြောင်းအရာများကို ကြည့်ရှုရသော အခါ အရေး တကြီးမဟုတ်သေးပေ။ အထက်ပါ ကဲ့သို့အကြောင်းအရာများအတွက် ခိုင်မာသော အကြံဥာဏ် ပေးရန် ခက်ခဲသော်လည်း အောက်ပါအကြောင်းအရာ များကို တွေးရန် အတွက် သင့် အချိန်များသုံးခြင်းသည် မတန်ပေ။

 

  • ဘယ်လို၊ ဘယ်ချိန်၊ နှင့် ဘယ်နေရာတွင် ဤ tool များကို သုံးမလဲ
  • သင် ဤ tool များကို သုံး၍ ပြုလုပ်မည့် အရာများကို မည်သူ က ကာကွယ် တားဆီးချင်သနည်း

  • ဤ tools များ သုံးခြင်းကို ဆန့်ကျင်သောအဖွဲ့ အစည်းများနှင့် လူများသည် အင်အားကြီးသလား

  • သူတို့လိုချင်သော ဆန့်ကျင်မှုများအပါအဝင် ရလာဒ်များ ကို ရရှိရန် သူတို့မည်သို့သော ရင်းမြစ်များကို အသုံးချသနည်း

အပို software များမပါဘဲ ပိတ်ထားသော website အများစုကို ကြည့်ရှုခြင်း

အင်တာနက်ပိတ်ဆို့ကျော်လွှားခြင်း  tool များတွင် အခြေခံ အကျဆုံးသည် web proxy တစ်ခုဖြစ်သည်။ ၄င်းသည် သင့်အတွက် အကောင်းဆုံးသော အင်တာနက်ဆင်ဆာကျော်လွှားနည်းမဟုတ်သော်လည်း အခြေခံအကျဆုံးဖြစ်၍ စတင်အသုံးပြုရာတွင် သင့်တော်ပါသည်။ သင့်နေရာမှ မပိတ်ဆို့ရသေးဟု ထင်ပါသည်။  URL: http://sesaweenglishforum.net ကို သွားပါ။

 

စည်းကမ်းများကို လက်ခံကြောင်း ကလစ်နှိပ်ပြီး ကိုယ်သွားချင်သော ပိတ်ထားသော ဝက်ဆိုက်လိပ်စာကို အပြာရောင် ဘားတန်းထဲတွင် ရိုက်ထည့်လိုက်ပါ။

Enter သို့မဟုတ် Go ကို နှိပ်ပါ။  အကယ်၍ တောင်းဆိုထားသော website သို့အောင်မြင်စွာ ရောက်သွားပါက အလုပ်လုပ်ပြီဖြစ်သည်။ ဖော်ပြထားသော link အသုံးမဝင်ပါက အခြား circumvention နည်းလမ်းများကို သင်ရှာဖွေ ရပေမည်။ဤစာအုပ်မှ web proxy နှင့် Psiphon အခန်းများထဲတွင် web proxy များရှာဖွေရန် အကြံဥာဏ် အနည်းငယ်နှင့် သုံးဖူးသည့် tools များမှလည်းဆက်သုံးသင့်မသုံးသင့် ဆိုသော အကြံညဏ်များရနိုင်ပါသည်။

Facebook ကဲ့သို့သော ရှုပ်ထွေးသည့် website ၏ feature အပြည့်အဝကို သင်ဝင်ရောက်ကြည့်ရှုချင်ပါက webproxy အစား Ultrasurf ကဲ့သို့သော ရိုးရှင်းပြီး တပ်ဆင်ရလွယ်ကူသော tool မျိုးကို သုံးသင့်ပေသည်။အကယ်၍ တိကျသေချာသော မည်သူ အမှန်တကယ် service ပေးနေလဲဆိုတာ သိစရာမလိုဘဲ အမည်ဝှက်ထားလို့ ရသည့်

လုံခြုံရေးစစ်ဆေးမှုများကို ဖြတ်သန်းနိုင်သော နည်းလမ်းတစ်ခု ကို သင် အလိုရှိသည့် အခါ Tor ကိုသုံးနိုင်သည်။အကယ်၍ ပိတ်ထားသော Instant messaging platform သို့မဟုတ် filterလုပ်ထားသော email server(Mozilla Thunderbird သို့မဟုတ် Microsoft Outlook ကဲ့သို့သော Program များမှ သုံးသော) များကဲ့သို့သော website များထက် filter လုပ်ထားသော internet ရင်းမြစ်များကို ကြည့်ရှုချင်ပါက HotSpot Shield သို့မဟုတ် အခြား OpenVPN service များကို စမ်းသုံးသင့်ပေသည်။ toolများ အား လုံး မှ တစ်ခုချင်းစီ ၏အကြောင်းကို ဤ စာအုပ်ထဲတွင် အောက်တွင် အပြည့်အစုံဖော်ပြထားသည်။

ပိတ်ဆို့ထားသော website များ နှင့် platform များကို ဝင်ရောက်ကြည့်ရှုခြင်း

Ultrasurf သည် http://www.ultrareach.com/, http://www.ultrareach.net/ သို့မဟုတ် http://www.wujie.net/ များတွင် download လုပ်၍ ရ နိုင်သော windows operating system များအတွက် အခမဲ့ proxy tool တစ်ခုဖြစ်သည်။Download လုပ်ထားသော zip file ကို right click ဖြင့် extract လုပ်ရန် ‘Extract All’ ကို ရွေးချယ်ပါ။ Install လုပ်စရာမလိုဘဲ .exe file တစ်ခု စတင် နိုင်မည်ဖြစ်သည်။ (Internet café ထဲမှ USB flash drive မှတဆင့်အသုံးပြုနိုင်သည်။)

Ultrasurf သည် အလိုအလျောက်ချိတ်ဆက်ပြီး ပိတ်ထားသော website များကို ဖွင့်ရန် Internet Explorer Web Browser အသစ်တစ်ခု စတင်ပေလိမ့်မည်။

စီစစ်မှု (filters) များ ကို ရှောင်ကွင်းရန် နှင့် web ပေါ်တွင် အမည်ဝှက်ခြင်း


Tor သည် proxy server များဖြင့် ရှုပ်ထွေးနေသော ကွန်ယက်တစ်ခုဖြစ်သည်။ Web browsing များကို အမည်ဝှက် ရန် ပထမ ရည်ရွယ်ချက် ဖြင့် တည်ထောင်ခဲ့သော အခမဲ့ open source software ဖြစ်သော်လည်း censorship circumvention tool ကောင်းတစ်ခု ဖြစ်သည်။ Window များ Mac OS X သို့မဟုတ် GNU/Linux များအတွက် Tor Browser Bundle ကို https//www.torproject.org/download/download.html.en မှ ရယူနိုင်သည်။ အကယ်၍ သင့် အတွက် torproject.org web site သည် ပိတ်ဆို့ထားသည်ဆိုပါက သင့် စိတ်ကြိုက် web search engine ထဲတွင် ‘tor mirror’ ဟု ရိုက်ခြင်း သို့မဟုတ် message body ထဲတွင် ‘help’ ဟု ရိုက်ကာ gettor@torproject.org သို့ email တစ်ခု ပို့ခြင်းဖြင့် အခြား download location များကို ရှာ နိုင်သည်။

Download လုပ်ထားသော ဖိုင်များကို နှိပ်သည့်အခါ သင်ရွေးချယ်ထားသော နေရာတွင် သူ့ဘာသာ သူ extract လုပ်လိမ့်မည်။ ထိုနေရာသည် အင်တာနက် café များတွင် သုံးနိုင်သော USB flash drive တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခါ ‘Start Tor Browser’ (run ထားပြီးသားဖြစ်နေသော Tor သို့မဟုတ် Firefox instance များကို ပိတ်ထားရန် သတိပြုပါ။)ကို နှိပ်ခြင်းဖြင့် Tor ကိုစတင် အသုံးပြုနိုင်ပြီဖြစ်သည်။ စက္ကန့် အနည်းငယ်ကြာသောအခါ စမ်းသပ်ထားသော Website တစ်ခုဖြင့် Firefox Web Browser special version တစ်ခု Tor မှ အလိုအလျောက်စတင်လိမ့်မည်။ ‘Congratulations’ ဟု အစိမ်းရောင် message ကို သင်မြင်ရပါက သင့် browser သည် Tor ကို အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။ ထိုအခါ ပိတ်ဆို့ထားသော website များကို သင် သုံးနိုင်ပြီဖြစ်သည်။

လုံခြုံသော လမ်းကြောင်း (tunnel) မှ တဆင့် သင့် internet traffic များကို သွားစေခြင်း


 

Outlook သို့မဟုတ် Thunderbird ကဲ့သို့သော email client မှ တဆင့် email လိုမျိုး Web များထက် သင် internet service များကို သင် ဝင်ရောက်ကြည့်ရှုချင်သည်ဆိုပါက အလွယ်ကူဆုံး နှင့် စိတ်အချရဆုံး နည်းလမ်းမှာ Virtual Private Network (VPN)တစ်ခု သုံးခြင်းဖြစ်သည်။ VPN တစ်ခုသည် သင်နှင့် အခြား ကွန်ပျူတာများ အကြား Internet traffic များအားလုံးကို encrypt နှင့် tunnel လုပ်ပေးလိမ့်မည်။ ထိုအခါ သင့်အမျိုးမျိုးသော လမ်းကြောင်းများ အားလုံးကို ခိုးနားထောင်သူတစ်ယောက် အတွက် ရင်း နီးနေသယောင်ယောင် ပြုလုပ်နိုင်သည်သာမက လမ်းတလျှောက် ရှိသူများ ဖတ်၍ မရအောင် encryption လုပ်ပေးလိမ့်မည်။ VPN ဖြင့် ချိတ်ဆက်နေချိန်တွင် သင့် ISP သည် သင့် အကြောင်းအရာများကို မြင်နိုင်မည်မဟုတ် ဘဲ သင် VPN ကို ချိတ်ဆက်နေသည်ကို သာ မြင်ပေလိမ့်မည်။ သင့် ဝေးကွာနေသော ရုံးခန်းများကို လုံခြုံစွာ ချိတ်ဆက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီ အများစုသည် VPN Technology ကို သုံးသောကြောင့် VPN Technology တစ်ခုလုံးကို ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။

Hotspot Shield

VPNs နှင့် စတင် ရန် အလွယ်ကူဆုံးနည်းလမ်းမှာ Hotspot Shield ကို သုံးခြင်းဖြစ်သည်။ Hotspot Shield သည် Microsoft Windows နှင့် Mac OS X operating systems များအတွက် အခမဲ့ (သို့သော် စီးပွားရေးကြေငြာများရှိသည်)  VPN  ဖြစ်သည်။ Hotspot Shield ကို တပ်ဆင်ရန် https://www.hotspotshield.com မှ software ကို သင် download လုပ်ရပေမည်။ File size မှာ 6MB လောက်ရှိပြီး dial-up connection ဖြင့် ဆိုလျှင် download လုပ်ချိန် ၂၅ မိနစ် နှင့် အထက် ကြာနိုင်သည်။ တပ်ဆင်ရန် download လုပ်ထားသော ဖိုင်ကို double-click လုပ်ပြီး installation wizard မှ တင်ပြထားသည့် အဆင့်များ အတိုင်း လိုက်နာပါ။

Install လုပ်ခြင်းပြီးဆုံးသည်နှင့် တပြိုင်နက် သင့် desktop ပေါ်မှ ‘Hotspot Shiel Launch’ icon သို့မဟုတ် “Programs>Hotspot Shield”  ဖြင့် Hotspot Shield ကိုစတင်ပါ။ ‘Authenticating’  နှင့် ‘Assigning IP address’ ကဲ့သို့သော connection ကြိုးပမ်းမှုများ ၏အဆင့်ဆင့် အမျိုးမျိုး ကို ပြခြင်းဖြင့် status page တစ်ခုကို Browser window မှ ပြလိမ့်မည်။ ချိတ်ဆက်ပြီးသည်နှင့် တပြိုင်နက် Hotspot Shield သည်  welcome page ကိုပြလိမ့်မည်။ surfing စတင်ရန် start ကို နှိပ်ပါ။

Hotspot Shield အားရပ်ရန် traybar icon ပေါ်တွင် right click နှိပ်၍ ‘Disconnect/OFF’ ကို ရွေးချယ်ပါ။

BACKGROUND