အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Web Proxy များ

Web Proxy ဆိုတာကတော့ သင်ရှိနေသော နေရာမှ direct access မရရှိနိုင်သော web site သို့မဟုတ် internet resource များကို သိမ်းဆည်းပေးထားပြီး လိုအပ်သည့် အချိန်တွင် အသုံးပြုရန် ပြန်လည်ထုတ်ပေးနိုင် သော proxy တစ်မျိုးဖြစ်သည်။ Proxy အမျိုးမျိုးရှိသည်။

  • Proxy Web site ၏ address ကိုသာ သိရန်လိုအပ်သော web proxy များ။ ထို web proxy ၏ URL သည် ဖော်ပြပါအတိုင်း ဖြစ်လိမ့်မည်။ http://www.example.com/cgi-bin/nph-proxy.cgi.
  • HTTP proxies only work for Web content. You may get the information about a HTTP proxy in the format "proxy.example.com:3128" or "192.168.0.1:8080". 
    သင့် browser setting ကို သင်ကိုယ်တိုင် သို့မဟုတ် software တစ်ခုဖြင့် modify လုပ်ရန်လိုအပ်သည့် HTTP proxy များလည်းရှိသည်။ HTTP proxy များသည် web content များအတွက်သာ အသုံးပြု၍ ရသည်။ HTTP proxy ၏ format သည် “proxy.example.com:3128” သို့မဟုတ် “192.168.0.1:8080” ဖြစ်သည်။
  • SOCKS proxy များအတွက်လည်း သင့် browser setting ကို သင်ကိုယ်တိုင် သို့မဟုတ် software တစ်ခုဖြင့် modify လုပ်ရန်လိုအပ်သည်။ SOCKS proxy များသည် email နှင့် instant messaging အပါအဝင် internet application တော်တော်များများအတွက် အသုံးပြုနိုင်သည်။ SOCKS proxy Information သည်လည်း HTTP  proxy နှင့်တူတူပင်ဖြစ်သည်။

Web proxy ဆိုတာကတော့ web page တစ်ခုထဲမှာမြှုပ်ထားတဲ့ browser တစ်ခုနှင့် တူပါသည်။ သင်ကြည့်ချင်သော web site ၏ URL ကို ရိုက်ထည့်ရမည့် အကွက်လေးတစ်ခုပါသည်။ ထိုသို့ရိုက်ထည့်ပြီးလျှင်တော့ သင်ကြည့်ချင်သော page သို့တိုက်ရိုက်သွားစရာမလိုဘဲ ထို Page ကို ကြည့်ရလိမ့်မည်။


Web proxy ကိုအသုံးပြုရန် မည်သည့် software မှ install လုပ်ရန်မလိုအပ်ဘဲ  သင့်ကွန်ပျူတာ၏ setting များကို လည်း ပြောင်းလဲရန်မလိုအပ်ပါ။  ပြောချင်တာကတော့ web proxy ကို အင်တာနက် ဆိုင်မှ ကွန်ပျူတာများ အပါအဝင် မည်သည့် ကွန်ပျူတာမှ မဆို အသုံးပြုနိုင်သည်။ Web proxy ၏ URL ကိုသင့် browser ထဲတွင် ရိုက်ထည့်ပြီး သင်ကြည့်ချင် သော URL ကို web proxy ထဲရှိအကွက်ထဲတွင် ရိုက်ထည့်ပြီး Enter သို့မဟုတ် submit button ကိုနှိပ်လိုက်ရုံဖြင့် ကြည့် ရှုနိုင်ပြီ ဖြစ်သည်။

Web proxy ကိုအသုံးပြုပြီး page တစ်ခု ကိုကြည့်ပြီ ဆိုသည်နှင့်တစ်ပြိုင်နက် သင့် browser ၏ forwad နှင့် back buttons ကိုနှိပ်ပြီး၊ Links များပေါ်တွင် click လုပ်ပြီး သင့် proxied connection ဖြင့် filter လုပ်ထားသော site များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ ထို page ပေါ်ရှိ link အားလုံးကို rewrite လုပ်ထားသောကြောင့်ဖြစ်ပြီး ထို proxy မှ သင့် browser အား ကြည့်ချင်သော site များကို proxy မှတစ်ဆင့်သာ ဖြတ်သန်းသွားစေသောကြောင့်ဖြစ် သည်။ သို့သော်လည်း နောက်ပိုင်း web site များ၏ ရှုပ်ထွေးမှုကြောင့် ခက်ခဲမှုအနည်းငယ်ရှိလာသည်။ ထို့ကြောင့် အချို့ သော page များသည် proxed connection မှ ဖောက်ထွက်(“break out”) သွားတတ်သည်။ ပုံမှန်အားဖြင့်တော့ ထိုသို့ဖြစ်လျှင် Web proxy ၏ URL form သည် သင့် browser window မှ ပျောက်သွားတတ်သည်။

Web Proxy ကို ဘယ်လိုရနိုင်လဲ?

http://www.proxy.org ကဲ့သို့သော site များတွင် web proxy URL များကို တွေ့နိုင်သည်။ http://www.peacefire.org/circumventor တွင် mailing list ၌ sign up လုပ်ခြင်းဖြင့်လည်း ရနိုင်သည်။ search engine များတွင် “free web proxy” ဟုရိုက်ထည့်ပြီး လည်းကောင်း country-specific twitter feed များမှလည်းကောင်း ရရှိနိုင်သည်။ Proxy.org တွင် ထောင်နှင့်ချီသော free web proxy များကို တွေ့နိုင်သည်။

 

CGIProxy, PHProxy, Zelune, Glype, Psiphon, နှင့် Picidae တို့သည် Web proxy platform များဖြစ်သည်။ အထက် မှာပြောခဲ့တဲ့အတိုင်းပဲ ၎င်းတို့ကို သင့် computer ပေါ်တွင် install လုပ်ရန်မလိုပါဘူး။ ၎င်းတို့သည် server software များဖြစ်ပြီး filtering မရှိသော နေရာမှ internet သို့ချိတ်ဆက်ထားသော computer တွင် တစ်စုံတစ်ယောက်မှ install လုပ်ရမည့် software များဖြစ်သည်။ ထို Platform များအားလုံးသည် အခြေခံလုပ်ဆောင်ချက်များတူကြသော်လည်း အားသာချက် အားနည်းချက်အချို့တော့ ရှိကြသည်။ အချို့က video streaming များသို့မဟုတ် ရှုပ်ထွေးသော web site များကို မှန်ကန်စွာ ဖော်ပြရာ၌ ကောင်းမွန်ကြသည်။

ကိုယ်ပိုင် Web proxy(Private Web Proxy) များလည်းရှိသည်။ ထို Proxy ကို run နေသည့် လူများကို သိသည့် လူနည်းစုသာ ထိုကိုယ်ပိုင် web proxy များကိုအသုံးပြုနိုင်သည်။ သို့မဟုတ် ပိုက်ဆံပေးသူများသာ အသုံးပြုနိုင်သည်။ Private Web Proxy များတွင် အချို့သော အားသာချက်များရှိသည်။ ထိုအားသာချက်များမှာ

  • ရှာဖွေရ ခက်ခဲခြင်းကြောင့် သိရှိပြီး ပိတ်ပစ်ရန် မလွယ်ကူခြင်း
  • လူသုံးနည်းသောကြောင့် မြန်ဆန်ခြင်း
  • သင်သိသော လူများမှ run နေခြင်းနှင့် encrypt လုပ်ထားခြင်း ကြောင့် ပိုမို ယုံကြည်ရသည်။


Username နှင့် passwork ရှိသူများသာ အသုံးပြုနိုင်ရန် ကန့်သတ်ထားပြီး အထက်မှာပြောခဲ့သော အရာများလို proxy URL ကို public directories များတွင် ဖော်ပြခြင်း မရှိပါ။

Web proxy များသည် အသုံးပြုရလွယ်ကူသော်လည်း အချို့သော circumvention tools များနှင့် နှိုင်းယှဉ်လျှင် သိသာ ထင်ရှားသော ဆိုးကျိုးများရှိသည်။ ထို့ကြောင့် လူများသည် ၎င်းတို့ကို temporary သာ အသုံးပြုကြပြီး ပိုမို ကောင်းမွန် သော (advanced tools) tools များကို ရှာဖွေကြသည်။ Web proxy ကိုအသုံးပြုခြင်းသည် အခြားသော tools များ အား အသုံးမပြုနိုင်သော အချိန်တွင် ၎င်းတို့နေရာ၌ အစားထိုးသုံးရာတွင် အလွန်အသုံးဝင်သည်။

 

Web Proxy များနှင့် compatibility ကိစ္စများ

Web proxy  များကို web traffic အတွက်သာအသုံးပြုနိုင်ပြီး email သို့မဟုတ် instant messaging ကဲ့သို့သော Internet service များအတွက်အသုံးပြု၍ မရပေ။ Youtube ကဲ့သို့သော streaming multimedia content ပါသော site များ၊ Facebook၊ HTTPS မှတစ်ဆင့် ကြည့်ရှုရသော encrypted site များ ကဲ့သို့ ရှုပ်ထွေးသော web site များနှင့် တွဲသုံး၍ မရပါ။  Login လုပ်ရန်လိုအပ်သည့် web-based email service ကဲ့သို့ filtered site များသို့ web proxy အသုံးပြု၍ မကြည့်ရှုနိုင်ပါ။ Log in လုပ်ရန် proxy များအသုံးပြုသည်ဆိုလျှင် ပုံမှန်အားဖြင့်တော့ secure ဖြစ်ပေမယ့် သင့် password ကဲ့သို့ sensitive information များအတွက်တော့ အန္တရာယ်ရှိနိုင်သည်။