အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Web Proxy များ install လုပ်ခြင်း

အင်တာနက်သုံးခွင့် censor မလုပ်ထားသော တိုင်းပြည်ရှိ Webserver ကို သင် ဝင်ခွင့်ရသည်ဆိုလျှင် programming language PHP, Perl, Python သို့မဟုတ် ASP များဖြင့်ရေးထားသော software သေးသေးလေးတစ်ခု ဖြစ်သော web proxy တစ်ခုကို သင် တပ်ဆင်နိုင်ပေမည်။ Web-based circumvention software ကို တပ်ဆင်ခြင်းသည် နည်းပညာ ကျွမ်းကျင်မှု နှင့် ရင်းမြစ်များလိုအပ်သည်။ (လွယ်ကူသော web hosting တစ်ခု နှင့် လုံလောက်သော bandwidth) အကယ်၍ သင့် ကိုယ်ပိုင် web proxy တစ်ခု တပ်ဆင်ချင်သည် ဆိုပါက အောက်ပါတို့မှ တစ်ခု သင်လိုအပ်ပေသည်။ 


  • PHP support ဖြင့် web hosting space တစ်ခု (https://www.dreamhost.com သို့မဟုတ် http://www.hostgator.com သို့မဟုတ် သင့်ကျောင်း သို့မဟုတ် တက္ကသိုလ်မှ ပေးထားခြင်း စသော hosting company များ မှ တနှစ် ကို ဒေါ်လာ အနည်းငယ် ဖြင့် ဝယ် နိုင်သည်။)

  • Virtual (VPS) သို့မဟုတ် dedicated server (ပို၍ ဈေးကြီးပြီး သုံးရပိုခက်သည်)

  • Broadband connection ဖြင့်ချိတ်ဆက်ထားသော PC တစ်ခု (IP address ဖြင့် မြင်သာ စွာသုံးခြင်း)

Public နှင့် private Web proxy များ

Public web proxy များသည် Google ကဲ့သို့သော search engine များပေါ်တွင် ရှာဖွေရန် ကြိုးစားသူများ အတွက် အလွယ်တကူ ရနိုင်သည်။ Public web proxy များ နှင့် anonymity service များကို user များနှင့် filtering များကို လုပ်ဆောင်သော အာဏာပိုင်များ မှ ရှာဖွေတွေ့ရှိနိုင်သောကြောင့် blacklist လုပ်ရန် လွယ်ကူသည်။ Private web proxy များ၏ နေရာများကို တော့ အသုံးပြုသည့် သူသာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် private web proxy များသည် Web traffic များ အတွက် တည်ငြိမ်သော circumvention service များကို လို အပ်ပြီး နည်းပညာကျွမ်းကျင်မှု ၊ တည်ဆောက်ရန် နှင့် web proxy အားထိန်းသိမ်းရန် bandwidth ရရှိမှု ဖြင့် non-filtered location များတွင် trusted contacts ရှိသော User များသုံးရန် အလို့ငှာ အသင့်တော်ဆုံးဖြစ်သည်။ Private web proxy များ ဖျက်ဆီးခံရခြင်း နှင့် ပိတ်ဆို့ ခံရခြင်း အခွင့်အလမ်းမှာ public circumvention service များထက်လျော့နည်းသည်။  ၎င်းသည်  ရိုးရှင်းသော web traffic များအတွက်ရရှိနိုင်သော လိုက်လျော မှု အရှိဆုံး circumvention option ဖြစ်ပြီး ရှာဖွေရခက်ခဲကာ SSL encryption နှင့် သုံးပါက public web proxy တစ်ခု ထက် ပိတ်ဆို့ရခက်သည်။ 

Web proxy ၏ သွင်ပြင်များ

Web proxy များကို အသုံးပြုသူ ၏ လိုအပ်ချက် အဆင့်ကို လိုက်၍ ပြုလုပ်ထားနိုင်သည်။  သာမန် ပြင်ဆင်မှုများတွင် web server run သော port number များပြောင်းလဲခြင်း နှင့် SSL ကဲ့သို့သော encryption ဖော်ဆောင်ခြင်းများ ပါဝင်သည်။ Default URL item များပြောင်းလဲကာ နာမည်ကြီး proxy software ဖြင့် ဆက်နွယ်နေသော keyword များကို အချို့ blacklist များပိတ်နိုင်သောကြောင့်  script name သို့မဟုတ် user interface element များ သည် အလိုအလျောက် ပိတ်ပင်ခြင်း များနှင့် proxy ပိတ်ဆို့မှုများ ၏အန္တရာယ် ကို လျော့ချနိုင်သည်။  username တစ်ခု နှင့် password တစ်ခု ဖြင့် .htaccessကို Enable လုပ် ကာ web proxy အသုံးပြုမှုကို ကန့်သတ်ရန် ပြုလုပ်ထားနိုင်သည်။

SSL ကို သုံးနေသည့် အချိန်တွင် Web server ၏ ပင်မ နေရာ၌ အန္တရာယ်မရှိသော web page တစ်ခု ဖန်တီးရန် နှင့် ကျပန်းလမ်းကြောင်းတစ်ခု နှင့် ဖိုင် နာမည် ဖြင့် web proxy ကို ဖုံးကွယ်ရန် အတွက် ၎င်းသည် အသုံးဝင်သည်။ သင် ချိတ်ဆက်နေသော server ကို အကဲဖြတ်ရန် ကြားခံ များ မှ လုပ်နိုင်သော်လည်း တောင်းဆိုချက် ကို encrypt လုပ်ထားသော ကြောင့် တောင်းဆို ထားသော လမ်းကြောင်းကို အကဲဖြတ်နိုင်မည်မဟုတ်ပေ။ ဥပမာ user တစ်ယောက် https://example.com/secretproxy/ ကို ချိတ်ဆက်ခဲ့ပါက ကြားခံတစ်ခု သည် user က ဥပမာ example.com ကို ချိတ်ဆက်နေသည် ဆိုခြင်းကို အကဲဖြတ်နိုင်သော် လည်း user မှ web proxy ကို တောင်းဆိုထားသည်ဆိုခြင်းကို သူတို့သိမည်မဟုတ် ချေ။ အကယ်၍ web proxy operator သည် အန္တရာယ် မရှိသော page ကို example.com တွင် ထားသည် ဆိုပါက network transmission ကို စောင့်ကြပ်ကြည့်ရှုခြင်းအားဖြင့် web proxy အား ရှာဖွေတွေ့ရှိ ရန် ခက်ခဲပေလိမ့်မည်။ နာမည်ကြီး Web browser များတွင် ယုံကြည်ရသော SSL certificate တစ်ခု ကို https://www.startcom.org/ တွင် အခမဲ့ ရ ရှိနိုင်သည်။

Internet ပေါ်တွင် free and  source (အခမဲ့လွတ်လပ်) web proxy များစွာ ရှိသည်။ Web server တိုင်း programming language ကို မထောက်ပံ့ပေးနိုင်သော ကြောင့် အဓိက ကွဲပြားချက်မှာ သူတို့ရေးထားသော programming language ဘဲဖြစ်သည်။ အခြား သိသိသာသာ ကွဲပြားချက်တစ်ခုမှာ AJAX (Gmail သို့မဟုတ် Facebook တွင် သုံးသည်) သို့မဟုတ် Flash video streaming များ (YouTube တွင် သုံးသည်) ကဲ့သို့သော နည်းပညာ များဖြင့် ခေတ်မီသော web site များ၏ script အသုံးပြုမှု ပင်ဖြစ်သည်။

 

 နာမည်ကြီး သော အခမဲ့ web proxy program များ မှာ အောက်ပါအတိုင်းဖြစ်သည်။

  • CGI Proxy (http://www.jmarshall.com/tools/cgiproxy) : HTTP နှင့် FTP proxy တစ်ခု ကဲ့သို့ အလုပ်လုပ်သော Perl programming language ဖြင့် ရေးထားသော CGI script တစ်ခု

  • Peacefire’s Circumventor (http://www.peacefire.org/circumventor/simple-circuvemtorinstructions.html) Windows machine တစ်ခု ပေါ်တွင် CGIProxy တစ်ခုကို တပ်ဆင်ရန် နှင့် configure လုပ်ရန် နည်းပညာ တတ်ကျွမ်းမှုမရှိသူများ အတွက် လွယ်ကူစေသည့် အလိုအလျောက် install ပြုလုပ်ပေးသော program တစ်ခု

  • SabzProxy (http://sabzproxy.com) : HTTP နှင့် FTP proxy အဖြစ်သုံးနိုင်သည်။ ပိတ်ဆို့ ရ ခက်ခဲစေရန် ကျပန်း URL encoding ကဲ့သို့သော feature အသစ်များပါသော PHP ဖြင့် ရေးထားသည့် PHProxy  legacy code ပေါ်တွင် အခြေခံထားသည်။

  • Glype Proxy (http://www.glype.com) : PHP ဖြင့်ရေးထားသော အခမဲ့သုံးနိုင်သော web-based proxy script နောက်တစ်ခု ဖြစ်သည်။

၎င်း web proxy များ၏ site များသည် ၎င်းတို့ကို မည်သို့တပ်ဆင်ရမည်ဟူသော အညွှန်းကို ဖော်ပြထားကြသည်။ အခြေခံအားဖြင့် script ကို download လုပ်ခြင်း၊ hard disk ထဲတွင် ၎င်း script ကို extract လုပ်ခြင်း ၊ သင့် web server သို့ FTP မှ သို့မဟုတ် SCP မှတဆင့် upload လုပ်ခြင်း၊ permission များပြုလုပ်ပေးခြင်း နှင့် script ကို စမ်းသပ်ခြင်းများ ပါဝင်သည်။ အောက်ဖော်ပြပါ ဥပမာ သည် SabzProxy ၏ installation အတွက်ဖြစ်သော်လည်း အခြား web proxy များနှင့် လုပ်နည်းတူတူဘဲဖြစ်သည်။ 

 

SabzProxy install လုပ်ခြင်း

SabzProxy ကို Persianဘာသာအဖြစ့်သာ ရနိုင်သော်လည်း the GUI မှာ လွယ်ကူပြီး နားလည်လွယ်သည်။

ဤ ညွှန်ကြားချက်များ သည် ပုံမှန် ပြုလုပ်ချက်များ (PHP ကိုထောက်ပြံ့ပီးသားဖြစ်သော web space account တစ်ခုဆီသို့ SabzProxy ကိုလွှဲပြောင်းရန် FTP သုံးခြင်း စသည်ဖြင့်) ကို ဖော်ပြကြသည်။ ဤနည်းလမ်းအတွက် FileZilla (http://filezilla-project.org) ကဲ့သို့သော FTP client program တစ်ခု လည်း သင်လိုပေလိမ့်မည်။

ဤနည်းလမ်းသည် အသုံးအများဆုံးဖြစ်သော်လည်း အခြေအနေတိုင်းနှင့် တော့မသင့်တော်ပေမယ့် (ဥပမာ command line ဖြင့် ကိုယ်ပိုင် server ကို ထောင်ထားလျှင်) ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ တူပါသည်။

  1. ပထမအဆင့်မှာ http://www.sabzproxy.com မှ SabzProxy archive file ကို download ချလိုက်ပါ။

  2. ပြီးနောက် mouse ၏ ညာဘက်ခလုတ် ကို ဖိုင်ပေါ်တွင် နှိပ်၍ Extract All အားရွေးချယ်ခြင်းဖြင့်  .zip file ၏ content များ အားလုံးကို extract လုပ်ပါ။




  3. Basic text editor ဖြင့် config.php ကို ဖွင့်ပါ။ (ဥပမာ Windows Noptepad, Linux system များ အတွက် Gedit သို့မဟုတ် Nano, MacOS အတွက် Texteditor)
  4. $config_key ဖြင့် စတင်၍ Line 8 ကို edit လုပ်ပါ။ “” နှစ်ခု အကြားတွင် ကျပန်း string ကိုရိုက်ထည့်ပါ။ ထို string သည် URL encoding ကို randomize လုပ်ရန် အသုံးဝင်နိုင်သောကြောင့် တတ်နိုင်သမျှ ကျပန်းဖြစ်စေရန် ပြုလုပ်ပါ။


  5. Welcoming text နှင့် link များကဲ့သို့သော option အချို့ ကို လည်း configure လုပ်နိုင်သည်။
  6. FileZilla ကိုဖွင့်ပါ၊ သင့် web space ၏ server(host), username နှင့် password ကိုရိုက်ထည့်ပြီး Qucikconnect ကို နှိပ်ပါ။ (သို့မဟုတ် သင် အခြား FTP client တစ်ခုကို သုံးနေလျှင် တူနိုင်မည်)

  7. FTP client widow ၏ ဘယ်ဘက်ခြမ်း မှာ သင့် local PC ကို ကိုယ်စားပြုသောကြောင့် သင် ယခု extract လုပ်လိုက်သော SabzProxy file များကို သင် နေရာချထားနိုင်သည်။
  8. FTP client window ဘယ်ဘက်ခြမ်းမှ ဖိုင်များကို FTP remote server (သင့် Web space) ကို ကိုယ်စားပြုသော ညာဘက်ခြမ်းသို့ ဆွဲယူကာချပါ။

  9. သင့် Web space domain နှင့် PHProxy ကို သင် upload လုပ်ခဲ့သော directory သို့ browsing လုပ်ခြင်း ဖြင့် ယခု သင် SabzProxy ကို ဝင်ရောက်ကြည့်ရှုပါ။ (http://kahkeshan-esabz.info/home တွင်ကြည့်နိုင်သည်။)

ယခု နည်းအလုပ်မဖြစ်ဘူးဆိုလျှင် သင့် server account PHP ကို မထောက်ပံ့နိုင်ပေ သို့မဟုတ် PHP အတွက် support မှာ disable ဖြစ်ကောင်းဖြစ်နေနိုင်သည် သို့မဟုတ် additional step များလိုအပ်ကောင်းလိုအပ်ပေလိမ့်မည်။ သင့်account အတွက် သို့မဟုတ် သုံးနေသော web server software အတွက် documentation များကို ရည်ညွှန်းပါ။ သင့်လျော်သော support forum များကို သင်ရှာနိုင်သည် သို့မဟုတ် သင့် web server operator အား additional help များ တောင်းခံနိုင်သည်။