အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

အင်တာနက်နှင့် ဆင်ဆာ ဖြတ်တောက်ခြင်း

အင်တာနက်ကိုဘယ်လို ထိန်းချုပ်ထားလဲဆိုတာကို သိနေလျှင် အင်တာနက်ဆင်ဆာနှင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိစေနိုင်သည်။ အင်တာနက်ထိန်းချုပ်ခြင်း နှင့် ဆင်ဆာဖြတ်တောက်ခြင်းသည် အလွန်ကျယ်ပြန့်လိမ့်မည်။ အစိုးရများသည် အချို့သော သတင်းအချက်အလက် များကို ဆင်ဆာ လုပ်ရန်သာမကဘဲ ၎င်းနိုင်ငံတွင်းရှိ နိုင်ငံသားများ မည်သည့် အချက်အလက် များကို ကြည့်နေလဲဆို တာကိုပါ စောင့်ကြည့် လုပ်နိုင်သည်။ ထို့ပြင် ၎င်းတို့လက်မခံနိုင်သော အင်တာနက်နှင့်ပတ်သတ်သော လှုပ်ရှားမှု များကိုပြုလုပ်နေသော သူ များကို လည်းအပြစ်ပေးနိုင်သည်။ အစိုးရများမှ ၎င်းတို့ ပိတ်ချင်သော အကြောင်းအရာများကို ပိတ်ပင်ခြင်းဆိုင်ရာ ဥပဒေများရေးဆွဲခြင်း သို့မဟုတ် သီးခြားကုမ္မဏီများဖွဲ့ကာ ဝန်ထမ်းများကို လွန်ကျူးစွာ ဥပဒေများချမှတ်၍  ပိတ်ပင်ခြင်း နှင့် စောင့်ကြည့်ခြင်း များလုပ်ခိုင်းတတ်သည်။

အင်တာနက်ကို ဘယ်သူထိန်းချုပ်ထား သနည်း

အင်တာနက်ကို ထိန်းချုပ်ရခြင်း အကြောင်းအရင်းမှာ ရှုပ်ထွေးပွေလီလှသည်။ နိုင်ငံရေးနှင့် လည်းဆိုင်ပြီး ယခု အချိန်အထိ အငြင်းပွားနေရစဲ ဖြစ်သည်။ အောက်ဖော်ပြပါ စာပိုဒ်မှာ  ကြည့်ရှုခွင့် ပိတ်ပင်သည့် အထူး နည်းလမ်းများအပေါ် နည်းစနစ်အချို့ ၏ လုပ်ဆောင်ချက် များမှ မည်ကဲ့သို့ အကျိုး သက်ရောက်သည်ကို သင်နားလည်နိုင်ရန် ရည်ရွယ်သည်။ အင်တာနက်နှင့်ပတ်သတ်သည့် အခြေခံလုပ်ငန်း အားလုံးကို အစိုးရက ပိုင်သည်ဖြစ်စေ ဆက်သွယ်ရေး ကုမ္ပဏီ ကြီးများမှ ပိုင်ဆိုင်သည်ဖြစ်စေ နိုင်ငံအစိုးရများတွင် အင်တာနက်အား စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း(Internet monitoring and control) ကို ၎င်းတို့စိတ်ကြိုက်ပြုလုပ်နိုင်ရန် အခွင့်အာဏာ နှင့် အရင်းအမြစ် များ ရှိတတ်သည်။   သတင်းအချက်အလက် များ ကြည့်ရှု့ခွင့်ကို ပိတ်ပင်ခြင်သော အစိုးရအဖွဲ့အစည်းတစ်ခုသည် သတင်းအချက်အလက် များ ထုတ်လွှတ်သည့်နေရာ သို့မဟုတ် နိုင်ငံအတွင်းသို့ သတင်းအချက်အလက်များ ဝင်ထွက်သည့် နေရာများကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ထိန်းချုပ်နိုင်သည်။

အစိုးရတွင် နိုင်ငံသား များအပေါ် စုံစမ်းစောင့်ကြည့်ရန် တရားဝင်အာဏာ အပြည့်အဝရှိပြီး တစ်ခါတစ်ရံတွင်ဥပဒေ နှင့် မညီသော နည်းလမ်းများ အသုံးပြု၍ အင်တာနက် အသုံးပြုခြင်းအား စောင့်ကြည့် တားမြစ်သည်။

အစိုးရ၏ ပါဝင်ပတ်သတ်မှု

အင်တာနက်ကို ၁၉၇၀နှစ်ပိုင်းတွင် အမေရိကန်အခြေစိုက် သုတေသန အဖွဲ့အစည်းတစ်ခုမှ တည်ထွင်ခဲ့သည်။ ၎င်းသည် တဖြည်းဖြည်း ပညာရေး၊ လူမှုရေး နှင့် စီးပွားရေးတို့တွင် အသုံးတွင် ကျယ်လာခဲ့သည်။ ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးဆက်သွယ် နိုင်ရန်နှင့် တွဲဖက်အလုပ်လုပ် နိုင်ရန် သဘောတူညီချက်များနှင့် စံညွှန်းများကို ထိန်းသိမ်းရန် တစ်ကမ္ဘာလုံး ရှိလူများ အလုပ်လုပ် နေကြသည်။

သို့သော်လည်း ထိုရည်ရွယ်ချက်များနှင့်ပတ်သတ်ပြီး Internet infrastructure များကို အကောင်အထည် ဖော်ရန် နှင့် အင်တာနက်ဗိသုကာ ၏ အခြားနာမည်ကောင်း တို့ နှင့်ပတ်သတ်ပြီး အစိုးရကို မစွဲဆောင် နိုင်သေးပေ။ အချို့သော အစိုးရများက နိုင်ငံတွင်းရှိ အင်တာနက်အား ပြင်ပမှ သုံးစွဲမှုကို တားမြစ်ရန်နှင့် တစ်နိုင်ငံလုံးရှိ အင်တာနက် သုံးစွဲခြင်း ကို ထိန်းချုပ် ကန့်သတ် နိုင်သည့် “choke points” များကို ၎င်းတို့၏ နိုင်ငံပိုင် ဆက်သွယ်မှု စနစ်များ (national telecommunications systems) တွင် ထားရှိကြသည်။ 

တစ်ချို့သော အစိုးရအဖွဲ့အစည်း များကမူ ဥပဒေကိုအသုံးမပြုဘဲ Private Internet Service Provider များ၏ အပြုအမူများကို သိရှိနိုင်ရန် informal control များဖြင့်အုပ်ချုပ်သည်။ တစ်ခါတစ်ရံ တွင် ၎င်းတို့အား စုံစမ်းစစ်ဆေး ရန်နှင့် အင်တာနက်ပိတ့်ဆို့ခြင်း၊ တစ်ချို့သော အကြောင်းအရာ တို့ကို ကြည်ရှုခွင့် ဖယ်ရှားခြင်းတို့တွင် ပါဝင်ရန် စွဲဆောင်သည်။

တစ်ချို့သော အင်တာနက် ဝန်ဆောင်မှုနှင့် ၎င်း နှင့်သက်ဆိုင်သော လုပ်ဆောင်ချက် များကို အစိုးရ သို့မဟုတ် အစိုးရနှင့် ပတ်သတ်သည့် အဖွဲ့အစည်းများမှ ထိန်းချုပ်သည်။ ပြည်တွင်းအစိုးရကို လုံးဝ မမှီခိုသည့် နိုင်ငံတကာအင်တာနက် အုပ်ချုပ်ရေးဆိုသည်မှာ လုံးဝ မရှိပေ။ အစိုးရအဖွဲ့အစည်း များသည် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ခြင်း အခြေခံအချက်များအား ထိန်းချုပ်ခြင်း ကို နိုင်ငံအာဏာအဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့သည် ရိုင်းစိုင်းသည် သို့မဟုတ် အန္တရာယ် ရှိသည်ဟု ယူဆသော အကြောင်းအရာ များကို ဖယ်ရှားခွင့် သို့မဟုတ် ပိတ်ပင်နိုင်ခွင့် အပြည့်အဝ ရှိပေသည်။

အစိုးရမှ အင်တာနက်အား ဘာကြောင့် ထိန်းချုပ်သနည်း

အစိုးရတော်တော်များများ အတွက် အဓိက ပြဿနာမှာ internet ကို တစ်ကမ္ဘာလုံးမှ ပထဝီအနေအထား သို့မဟုတ် နိုင်ငံရေးနှင့်သတ်ဆိုင်သော ကန့်သန်ချက် များမရှိဘဲ အသုံးပြုနိုင်ခြင်းဖြစ်သည်။ End-user များအတွက်ကတော့ web site တစ်ခုဟာ ကိုယ့်နိုင်ငံတွင်းမှာ ပဲရှိရှိ တစ်ခြားနိုင်ငံမှာပဲရှိရှိ ဘာမှကွာခြားခြင်းမရှိသည့် အတွက် အသုံးပြုရန် အလွန်လွယ်ကူပြီး ထိုအချက်သည်ပင် နိုင်ငံပိုင်အစိုးရများအတွက် စိုးရိမ်စရာ တစ်ခု ဖြစ်နေသည်။ Geography နှင့် geographic distinctions များကို ပြန်လည်ဖွဲ့စည်းရန် နှင့် အခြားသော အကြောင်းပြချက် များကြောင့် အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း ပေါ်ပေါက်လာသည်။

Open Net Initiative (http://opennet.net) မှ ရယူထားသော စစ်တမ်း အရ အောက်ပါ အကြောင်းပြချက်များကို ဖော်ပြလိုက်သည်။

  • Political reasons နိုင်ငံရေး အကြောင်းပြချက်

    နိုင်ငံ၏ စည်းမျဉ်းဥပဒေနှင့် ဆန့်ကျင်သော topic များ ဥပမာ human rights နှင့် ဘာသာရေး topic များကို ကြည့်ရှုခြင်းအား အစိုးရများမှ censor လုပ်ချင်ကြသည်။

  • လူမှုရေးအကြောင်းပြချက်

    Pornography, လောင်းကစား၊ အရက်နှင့် မူးယစ်ဆေး စသည့် ပြည်သူလူထုအတွက် offensive ဖြစ်သော web page များကို အစိုးရမှ censor လုပ်လေ့ရှိသည်။

  • နိုင်ငံလုံခြုံရေးနှင့်သတ်ဆိုင်သော အကြောင်းပြချက်

    နိုင်ငံလုံခြုံရေးကို နှောင့်ယှက်နိုင် သော မည်သည့် အကြောင်းအရာကို မဆို အစိုးရမှ block လုပ်သည်။

Information control လုပ်ခြင်း ထိထိရောက်ရောက် ဖြစ်စေရန် internet censorship ကို ကျော်လွှား ရာတွင် အသုံပြုသော tools များကို ပါ အစိုးရများမှ ထိန်းချုပ်လေ့ရှိသည်။

အရမ်းဆိုးသော အခြေအနေမျိုးတွင် အစိုးများမှ မြောက်ကိုရီးယားတွင် ပြုလုပ်သလို လူထုအား internet service ချပေးခြင်းကို ရပ်ဆိုင်းနိုင်သည်။ ထိုသို့မဟုတ်လျှင်လည်း ၂၀၀၅ တွင် နီပေါ် နှင့် ၂၀၁၁ တွင် အီဂျစ် နှင့် လစ်ဗျား တို့ပြုလုပ်သွားသလို လူထုဆန္ဒပြပွဲများ ဖြစ်နေချိန်တွင် နိုင်ငံတွင်း အင်တာနက် ဖြတ်ပြစ်ခြင်းများကို ပြုလုပ်နိုင်သည်။


Access provider နှင့် content provider နှစ်ဦးလုံးကို control လုပ်နိုင်သည်။

  • Access provider များကို အစိုးရမှ internet traffic ကို လိုသလိုထိန်းချုပ်ရန်နှင့် နိုင်ငံတွင်းရှိ အင်တာနက် အသုံးပြုသူများကို စောင့်ကြည့်ရန် ခိုင်းစေနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခြားနိုင်ငံ မှ တင်ထားသော global content တစ်ခုကို ပိတ်ပင်ခြင်းလည်းဖြစ်သည်။ ဥပမာ ၂၀၁၀ မေလတွင် ပါကစ္စတန် အစိုးရမှ ၎င်း၏ local ISP များကို Facebook ကို ကြည့်ရှုခြင်အား ပိတ်ဆို့ခိုင်းခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ ၎င်းတို့သည် facebook ပေါ်ရှိ content provider ကို ထိန်းချုပ်ရန်မဖြစ်နိုင်ခြင်းနှင့် ထို social networking site မှ Prophet Muhammad ၏ caricature ပုံကို မကြည့်နိုင်ရန်ဖြစ်သည်။

  • အစိုးရများသည် content provider များ ဥပမာ နိုင်ငံတွင်းရှိ web site editors များ webmaster များ သို့မဟုတ် search engines များကို offensive ဖြစ်သော သို့မဟုတ် အန္တရာယ်ရှိသည် ဟုယူဆရသော အကြောင်းအရာများကို ပိတ်ဆို့ခိုင်းတတ်သည်။ဥပမာ google subsidiaries များသည် အချို့သော နိုင်ငံများတွင် အငြင်းပွားစရာအကြောင်းအရာ များကို ဖယ်ရှားပေးရန် တောင်းဆိုခံထားရသည် (တရုတ်နိုင်ငံတွင်  ၂၀၁၀ မတ်လမတိုင်မီ တွင် search engine activites များကို google Hong Kong သို့မဟုတ် redirected ပြုလုပ်ပေးခဲ့သည်။)။

ပိတ်ဆို့ထားတာလား စီစစ်ထားတာလား?

ယေဘုယျပြောရရင်တော့ သင့်အား web site တစ်ခုကြည့်ခြင်း သို့မဟုတ် အခြားလူများထံသို့အခချက်အလက် များပို့ခြင်းကို တားမြစ်ထားလား မထားလား သိရန်ခက်ခဲသည်။ ပိတ်ထားသောsite တစ်ခုကို သင်ကြည့်ရှု ရန် ကြိုးစားသောအခါ ပုံမှန်မြင်တွေ့နေကျ error message တစ်ခု သို့မဟုတ် ဘာကိုမှမြင်တွေ့ရမည်မဟုတ်ပါ။ ဘာနဲ့တူလဲဆိုတော့ ထို site သည် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တစ်ခုခုကြောင့် ကြည့်ရှု၍ မရသည်ပုံဖြစ်သည်။ အစိုးရ သို့မဟုတ် ISP သည် censor လုပ်ထားသည် ဆိုတာကို ငြင်းပယ်ကောင်း ပယ်မှာဖြစ်ပြီး ထို web site ကိုပင်အပြစ်တင်နိုင်သေးသည်။

Open Net Initiative ကဲ့သို့သော အဖွဲ့အစည်းများသည် software အသုံးပြုပြီး နိုင်ငံများရှိ internet access ကို စမ်းသပ်နေပြီး access ကို မတူညီသော အဖွဲ့အစည်းများ မှ မည်သို့ ထိန်းချုပ် ထားသည် ဆိုသည်ကို နားလည်ရန်ကြိုးစားနေကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အာဏာပိုင် များပေါ်တွင်မူတည်ပြီး ခက်ခဲနိုင်သည် သို့မဟုတ် အန္တရာယ်ရှိနိုင်သည်။

အချို့နိုင်ငံများမှာတော့ အင်တာနက် ၏ အစိတ်အပိုင်းတစ်ချို့ အား အစိုးရမှ ပိတ်ထားသည် ဆိုသည်မှာ လုံးဝသေချာလေ့ရှိသည်။ Saudi Arabia တွင် လိင်မှုရေးရာ ညစ်ညမ်းဝက်ဆိုက် များကို ကြည့်ရှုရန် ကြိုးစားလျှင် အစိုးရထံမှ သတိပေးစာတစ်ခုကို တွေ့ရမှာဖြစ်ပြီး ၎င်း site အားပိတ်ထား ကြောင်းနှင့် ဘာကြောင့်ပိတ်ထားရသည် ဆိုသည့်အချက်များကို တွေ့ရမှာဖြစ်သည်။


သတိပေးချက်မရှိဘဲ ပိတ်ဆို့ထားသော နိုင်ငံများတွင် censorship ၏ အထင်ရှားဆုံး လက္ခဏာ ကတော့ ကိုယ်ကြည့်ချင်သော content နှင့် ဆက်နွယ်သော site များသည် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက် များကြောင့် ကြည့်၍ မရခြင်း သို့မဟုတ် ပြုပြင်ဆဲ ဖြစ်နေသည်ဟုဖော်ပြလေ့ရှိသည်။ (ဥပမာ “Page Not Found” error, သို့မဟုတ် connections time out ဟု ဖော်ပြလေ့ရှိသည်။) နောက်ဖော်ပြချက် တစ်ခုကတော့ ကိုယ်ကြည့်ချင်သော content ပေါ်မလာဘဲ search engines ပေါ်လာခြင်းဖြစ်သည်။

 

စီစစ်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်းကို အစိုးရများမှမဟုတ်ဘဲ တစ်ဦးတစ်ယောက် ခြင်းမှ လည်း ပြုလုပ်သည်။ မိဘများမှ ၎င်းတို့ ကလေးများထံ ရောက်ရှိနိုင်သည့် အချက်အလက် များကို ပိတ်ပင်ခြင်းပြု လုပ်နိုင်သည်။ ကျောင်းမှစပြီး အလုပ်ထိ အဖွဲ့အစည်း များသည် စောင့်ကြည့်ရန် ခက်ခဲသော communicaton များကို အသုံးပြုခြင်း၊ အလုပ်ချိန် သို့မဟုတ် အလုပ်မှ ပစ္စည်းများကို အသုံးပြု၍ ကိုယ်ရေးကိုယ်တာ ကိစ္စများလုပ်နေခြင်း၊ copyrights များကို ချိုးဖောက်ခြင်း သို့မဟုတ် network အရင်းအမြစ်လွန်ကျူးစွာသုံးဖြုန်းခြင်း များကို အသုံးပြုခြင်း မှ တားဆီးရန် အင်တာနက် access ကို ပိတ်ပင်သည်။

 

နိုင်ငံတစ်ခု၏ network အခြေခံအဆောက်အအုံ တော်တော်များများကို ထိန်းချုပ်နိုင်သော အရင်းအမြစ် များနှင့် ဥပဒေ စွမ်းရည်များနိုင်ငံပိုင်အစိုးရများ တွင်ရှိသည်။ အကယ်၍ သင်သည် အစိုးရဆန့်ကျင်သူ ဆိုလျှင် အင်တာနက်မှစ၍ မိုဘိုင်း၊ ကြိုးဖုန်း ထိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ တစ်ခုလုံးကို အစိုးရမှ စောင့်ကြည့်နိုင်ကြောင်း သိထားသင့်သည်။

ပထဝီနိုင်ငံအနေအထားအလိုက် ဆင်ဆာဖြတ်မှု

အင်တာနက်အား ထိန်းချုပ်ခြင်း သည် တစ်နေရာနှင့် တစ်နေရာ တူညီမှုမရှိနိုင်ပါ။

  • အချို့နေရာများမှာ ဥပဒေအရ အင်တာနက် ထိန်းချုပ်ခြင်းကို အစိုးရမှ လုပ်ပိုင်ခွင့်မရှိပါ။ သင့်အား စောင့်ကြည့်သူသည် ISP သာဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် သင့် အချက်အလက် များကို ကြော်ငြာရှင် များထံသို့ရောင်းစားမည်ဖြစ်သည်။ အစိုးရမှ ISP များကို ၎င်းတို့၏ network တွင် block လုပ်ရန်အတွက်မဟုတ်ဘဲ စောင့်ကြည့်ခြင်း လုပ်နိုင်သည့် စွမ်းရည်များ install လုပ်ခိုင်းနိုင်သည်။
  • အချို့နေရာများတွင်မူ အစိုးရမှ အင်တာနက်ထိန်းချုပ်ခြင်းကို လက်ရှိတွင် မပြုလုပ်သေးသော် လည်း ISP များမှ အချို့သော site များ service များကို နည်းပညာအသုံးပြု၍ ပိတ်ဆို့သည် လည်း ရှိသည်။
  • အချို့သော နေရာများတွင် foreign service များနှင့် တူသည့် local service များကို အသုံးပြုနိုင်သည်။ ထို service များကို သင့် ISP သို့မဟုတ် government agent များမှ စောင့်ကြည့်နေတတ်သည်။ သင့်စိတ်ကြိုက် post များကို တင်ခွင့်ရှိသော်လည်း ဖယ်ရှားခံရ လိမ့်မည်။ သို့သော်လည်း ထိုသို့အကြိမ်ပေါင်းများစွာ ပြုလုပ်လျှင် ဒဏ်ရိုက်မှုလည်းပိုမို ပြင်းထန်လာလိမ့်မည်။ နိုင်ငံရေး နှင့်သတ်ဆိုင်သော ကိစ္စများဖြစ်လာလျှင် ပိုပြီးသိသာပါသည်။
  • အချို့သောနေရာများတွင်မူ အစိုးရများသည် foreign website တော်တော်များများ အထူးသဖြင့် သတင်းနှင့်ပတ်သတ်သော web site များကို ပိတ်ပင်တတ်သည်။ ထိုသို့ပြုလုပ်ခြင်းကို ISP များမှတစ်ဆင့် တင်းတင်းကြပ်ကြပ် လုပ်လေ့ရှိပြီး ထိုအကြောင်းအရာ များကို create လုပ်နေသည့် လူများကို အမြဲစောင့်ကြည့်နေလေ့ရှိသည်။ အကယ်၍သင်သည် social networking platform ကိုအသုံးပြုနေသူဆိုလျှင် ထိုမှတစ်ဆင့် သင့်အားစောင့်ကြည့် နေနိုင်သည်။ အစိုးရသည် သင်နှင့် နီးစပ်သူများကို သင့်အားစောင့်ကြည့်ခိုင်းလိမ့်မည်။

ပုဂ္ဂိုလ်ရေးနှင့်သတ်ဆိုင်သော ဆင်ဆာဖြတ်တောက်မှု

လူတို့၏ online activity အမျိုးမျိုးကို အစိုးရမှ နည်းအမျိုးမျိုးသုံး ၍ စောင့်ကြည့်ခြင်း သို့မဟုတ် တားမြစ်ခြင်းများ ပြုလုပ်တတ်သည်။

  • အင်တာနက်တက်ကြွစွာလှုပ်ရှားသူများ: သင့်အစိုးရကိုသင် အားမလိုအားမရ ဖြစ်ချင်ဖြစ်နေလိမ့်မည်။ အချို့သော အဖွဲ့အစည်းငယ်များအတွက် အခွင့်အရေး များကိုတောင်းဆိုခြင်း၊ ပတ်ဝန်းကျင်နှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ အလုပ်သမား ပြဿနာများ သို့မဟုတ် သင့် အလုပ်မှ လာဘ်စားမှုပြဿနာများကို တင်ပြကောင်း တင်ပြချင်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းကို အစိုးရ သို့မဟုတ် သင့် အလုပ်ရှင်မှ ဘယ်သောအခါမှ ကြိုက်မှာ မဟုတ်ပေ။ ထို့ကြောင့် သင်သည် ထိုကိစ္စများကို လုပ်စရှိသူဆိုပါက လှုပ်လှုပ် လှုပ်လှုပ်ဖြစ်တိုင်း သင့် ကို သူများနှင့်မတူဘဲ monitor လုပ်ကြမည်ဖြစ်သည်။
  • ဘလော့ဂါများ : လူတွေရဲ့ နေ့စဉ်ဖြတ်သန်းမှုများကို ရေးချင်ပေမယ့်လည်း သင်ရောက်နေသော နေရာဒေသ ကြောင့်၊လူမျိုးရေး သို့မဟုတ် ကျား မ ခွဲခြားခြင်းကြောင့် ပါးစပ်ပိတ်နေရသည့် အချိန်များရှိလိမ့်မည်။ ဘယ်လောက်ပဲ ပြောရမယ်လို့ပြောပြော တစ်ခါတစ်လေမှာ မပြောသင့်ရင်လည်း တိတ်တိတ်လေး နေရပါတယ်။ ပိတ်ဆို့ခြင်းသိပ်မရှိတဲ့နိုင်ငမှာနေရပေမယ့်လည်း သင့်အယူအဆတွေနဲ့ လူ့အဖွဲ့အစည်းနဲ့ ကွဲပြားနေရင်လည်း အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် anonymity (အမည်မဖော်ခြင်း) ကို လိုအပ်ကောင်းလိုအပ်လိမ့်မည် ဒါမှမဟုတ်လည်း အဲ့ဒါတွေလုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို လိုအပ်လိမ့်မည်။
  • ဂျာနယ်လစ် : သင်သာ journalist တစ်ယောက်ဖြစ်ခဲ့မယ်ဆိုလျှင်လည်း အပေါ်ကနှစ်ယောက်လိုပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ကြိုတင်ကြံစည်မှုများ၊ လာဘ်စားခြင်းများ နှင့်အစိုးရမှ အကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများ မှာ ရေးသားရန်ခက်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ သင့်ကိုယ်သင်နှင့် သင့်အတွက် source of information ဖြစ်နိုင်သော မည်သည့် activist ကိုမဆိုကာကွယ်ရမှာဖြစ်ပါတယ်။
  • စာဖတ်သူများ : နိုင်ငံရေးမလုပ်ပေမယ့်လည်း တစ်ခါတစ်လေမှာ entertainment အတွက် သိပံ္ပပညာရပ်များကို လေ့လာရန်အတွက် စက်မှုလုပ်ငန်းများကို လေ့လာရန် အတွက် ဝတ္ထုဖတ်ရန် သို့မဟုတ် အခြားနိုင်ငံ၏ သတင်းများကို ဖတ်ရန်အတွက် circumvention software များကို သင်သုံးကောင်းသုံးရလိမ့်မည်။ သိပ်ပြီး ကြီးကြီးမားမား ပြဿနာမရှိသေးလျှင် သင့် အစိုးရမှ သင့်အား လစ်လျူရှုထားလိမ့်မည်။

Block လုပ်ခံရခြင်းအများဆုံး ဖြစ်တဲ့ internet resource ကတော့ လိင်ရေးရာညစ်ညမ်းဝက်ဆိုင် များဖြစ်ပြီး ယနေ့ခေတ် မှာတော့ အဲ့ဒါတွေက social networking platforms တွေဖြစ်နေပါပြီ။ နိုင်ငံတကာမှာ ခေတ်စားလာတဲ့ social networking site များဟာ အင်တာနက်အသုံးပြုသူများကို ဆင်ဆာ၏ သားကောင်ဖြစ်သွားစေပါတယ်။ Facebook, MySpace သို့မဟုတ် LinkedIn တို့ကဲ့သို့သော အချို့ site များသည် ကမ္ဘာနှင့်ချီပြီး လူသိများပြီး အချို့ကတော့ နိုင်ငံပေါ် တွင်လိုက်ပြီးလူကြိုက်များကြသည်။ ဥပမာပြောရရင် တရုတ်တွင် QQ(Qzone) အီရန်တွင် Cloob၊ ရုရှား တွင် vKontakte ပီရူး နှင့် Colombia တွင် Hi5 ၊ CIS နိုင်ငံများတွင် Odnoklassniki ၊India နှင့် brazil တွင် Orkut ၊ ဗီယက်နမ် တွင် Zing၊ Syria တွင် Maktoob ဂျပန်တွင် Ameba နှင့် Mixi UK နှင့်အခြားနိုင်ငံများတွင် Bebo စသည်တို့ဖြစ်သည်။


ဆင်ဆာဖြတ်တောက်မှု ဘယ်လို အလုပ်လုပ် သနည်း

[Steven J. Murdoch နှင့် Ross Anderson တို့ရေးသားသော  Access Denied, Chapter 3 မှကိုးကားဖော်ပြပါသည်။ ]

ယခုအခန်းတွင်ဖော်ပြထားသည် နည်းလမ်းများမှာ အင်တာနက် အသုံးပြုသူများကို အချို့သော အချက်အလက် သို့မဟုတ် ဝန်ဆောင်မှု ကို အသုံးပြုခြင်းမှ တားမြစ်ရာတွင်အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။ Network တာဝန်ခံများအနေဖြင့် ၄င်းတို့ network အတွင်းရှိ မည်သည့်နေရာတွင် မဆို ပြုပြင်ပြောင်းလဲမှု နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ခြင်းများ ၊ ဆင်ဆာဖြတ်တောက်ခြင်းများ၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုနည်းများတွင် ကိုယ့် network တွင်းရှိ အသုံးပြုသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သော ဆော့ဝဲများထားရှိခြင်း၊ အစိုးရ ISP သို့မဟုတ် LSP (Local service Provider) သို့မဟုတ် Local network တွင်တောင် စီစစ်နိုင်သော ဆော့ဝဲများထားရှိခြင်း၊ သုံးစွဲသူများ၏ ကွန်ပျူတာ သို့တိုက်ရိုက်ထည့်သွင်းထားရသော စီစစ်ရေးဆော့ဝဲများထည့်သွင်းနိုင်ခြင်းတို့ပါဝင်ပါသည်။

 

စီစစ်ခြင်း လုပ်ထုံးလုပ်နည်းများ ကို ထိထိ ရောက်ရောက် အသုံး ပြု  ရန် ရည်ရွယ်ချက် များ သည် ၄င်း တို့ ကိုအသုံး ချ နေသည့် အဖွဲ့ အစည်း၏ အရင်းခံကြောင်း ပေါ် တွင် မူတည် သည်။ ထို ရည်ရွယ်ချက်များသည်  Website တစ်ခု (သို့မဟုတ် Web page တစ်ခု) ကို ကြည့် ရှုချင် သူများ ကြည့် မရ နိုင် အောင် ပြုလုပ်ခြင်း ၊ မယုံကြည် ရ အောင် ပြု လုပ်ခြင်း ၊ သို့ မဟုတ် အသုံးပြူသူများ ပထမ ဦးစွာ ကြည့် ရှု ရန် ကြိုး စား ခြင်း ကို တောင်မှ တားမြစ် နိုင် သည်။ ထို လုပ် ထုံး လုပ် နည်း များ ကို ရွေးချယ် ခြင်းမှာ လည်း စီစစ်ခြင်း ပြု လုပ် ရန် လိုအပ် သည့် အဖွဲ့ အစည်းတစ်ခု ၏ လုပ်နိုင်စွမ်း ပေါ်တွင်လည်း မူတည်  လိမ့် မည်။ ဥပမာ- ၄င်းတို့ အသုံးပြူမည့်  ငွေပမာဏ ၄င်း တို့ လုပ်ဆောင် လို သည် များ ကို ဆောင်ရွက် ပေးမည့် လူများ နှင့် ၎င်းတို့ အချက်အလက် ရှာဖွေသည့် နေရာတို့ ဖြစ်သည်။ နောက်ထပ်စဉ်းစားရမှာ ကတော့ error ဘယ်လောက်များများလက်ခံမည်ဆိုသည်နှင့် filtering ကို overt လုပ်မှာလား convert လုပ်မှာလားနှင့် ဘယ်လောက်အထိယုံကြည်ရလဲတို့ဖြစ်သည်။ (casual user နှင့် filtering ကိုကျော်လွှားခြင်သော user နှစ်ဦးလုံးအတွက်ဖြစ်သည်။)

 

ယခုအခန်းတွင် ပိတ်ဆို့ ရမည့် အကြောင်းအရာ စာရင်းများ ထွက်လာ ပြီဆိုသည် နှင့် တစ်ပြိုင်နက် ၄င်းတို့ အားမည်ကဲ့သို ပိတ်ဆို့ နိုင်သည် ကို ဖော်ပြမည် ဖြစ်သည်။ ထိုစာရင်းပြုစုခြင်း သည် ကြီးမားသော စိန်ခေါ်မှု  တစ်ခုဖြစ်ပြီး လက်တွေ့ အသုံးချစနစ် တွင်လည်း အားနည်းချက် တစ်ခု ဖြစ်သည်။ တားမြစ်ထားသော အကြောင်းအရာများ စာရင်းကိုရရှိရန် ခက်ခဲခြင်းမှာ များပြားလှစွာသော Website အရေအတွက် တစ်ခုတည်း ကြောင့် မဟုတ်ပဲ အကြောင်းအရာများ ပြောင်းလဲ ခြင်း နှင့် Website များ၏ IP address များ ပြောင်းလဲမှု တို့ ကြောင့်  ထိုစာရင်းကို အစဉ်သဖြင့်  update  လုပ်ရန် ကြိုးစား အားထုတ် မှု များစွာ လိုအပ် သည်။ ထို့ အပြင် Website တစ်ခုအား ထိန်းချုပ်သူ (website operator) သည် ပိတ်ဆို့ ခြင်း ကို နှောင့်ယှက်ချင် ခဲ့သည်ဆိုလျှင် ထို Website သည် ရှိသင့် သည့် အချိန် ထက် ပိုပြီး မြန်ဆန်စွာ ရွှေ့ ပြောင်းသွား လိမ့်မည်ဖြစ်သည်။

 

ပထမပိုင်းတွင် End user များ(ကျွမ်းကျင်သော အသုံးပြုသူများ) ကိုတိုက်ခိုက်သည့် နည်းလမ်းများကို ဖော်ပြထားပြီး နောက်ပိုင်းတွင် publisher များနှင့် hosting providers များကဲ့သို့ non-technical များကို တိုက်ခိုက်သည့် နည်းလမ်းများ ကို ဖော်ပြမည်။

ဖော်ပြပါ နည်းလမ်းများသည် ပြီးပြည့်စုံခြင်းမရှိကြောင်းနှင့် တစ်ခါတစ်ရံမှာ တစ်ခုထက်ပိုသော နည်းလမ်းများကို အသုံးပြုတတ်ကြောင်းသိထားသင့်သည်။

end-users (ကျွမ်းကျင်အသုံးပြုသူများ) အပေါ် အသုံးပြုသည့် တိုက်ခိုက်နည်းလမ်းများ

အင်တာနက်, censorship နှင့် surveillance တို့ကဲ့သို့ ခေတ်သစ် ဆက်သွယ်မှုများကို လက်တွေ့အသုံးချနေကြပြီဖြစ် သည်။

 

ကမ္ဘာပေါ်ရှိ ISP တော်တော်များများသည် ၎င်းတို့ user များ၏ ဆက်သွယ်မှုများကို accounting purpose များအတွက် စောင့်ကြည့်ခြင်းနှင့်  spam များအသုံးပြုခြင်းကို တိုက်ခိုက်ရန် စောင့်ကြည့်ကြသည်။ ISP များသည် user account name များကို IP address များနှင့် တွဲမှတ်လေ့ရှိသည်။ User များမှ privacy-enchancing နည်းပညာများကို အသုံးပြုမနေဘူးဆို လျှင် ISP တစ်ယောက်အတွက် ၎င်း၏  cables များမှဖြတ်သွားသော user များ၏ ဆက်သွယ်မှုများမှ exact contents များနှင့်  information များကို record လုပ်ထားနိုင်သည်။

 

Surveillance(စောင့်ကြည့်ခြင်း) သည် အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်း နည်းပညာပိုင်းအတွက် လိုအပ်ချက်တစ်ခုဖြစ်သည်။ ISP မှ ၄င်း၏ ယူဇာ( အသုံးပြုသူ) များ၏ ဆက်သွယ်မှုများကို ပိတ်ပင်ရန်အလို့ငှာ ၄င်းတို့၏ ဆက်သွယ်မှုများကို စောင့်ကြည့်နေမှ အဘယ်ဆက်သွယ်မှုများသည် ISP ၏ ပေါ်လဆီကိုချိုးဖောက်ခြင်းပြုနေသည်ဖြစ်သည်ကို သိရှိနိုင်ပါလိမ့်မည်။ ထို့ကြောင့် အင်တာနက်ဆင်ဆာ များလျှော့နည်းလာစေရန်  မိမိတို့၏ ဆက်သွယ်မှု များကို လုံခြုံအောင်ထိန်းချုပ်ထားပြီး တခြားသူများကိုလည်း စောင့်ကြည့်လေလာမှုများမှ ရှောင်ရှားနိုင်ရန် ပြောပြထားသင့်ပါသည်။

 

ထို့ကြောင့် အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းအား တုန့်ပြန်နိုင်သည့်နည်းလမ်းများတွင် ISP မမြင်နိုင်အောင် မိမိတို့၏ ဆက်သွယ်ရေး ဆက်ကြောင်းများအား သိုဝှက်ခြင်း နည်းပညာ (encryption) ကို တတ်နိုင်သမျှ သုံးခြင်းသည်လည်း တခုအပါအဝင်ဖြစ်သည်။

 

ဤအပိုင်းတွင် အင်တာနက် access နှင့် ပိတ်ပင်ခြင်းများအား နည်းပညာအရ ဘယ်လိုဆောင်ရွက်သည်ဆိုတာကို ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါသည်။

URL (ဝက်ဆိုက်နာမည်) ဖြင့် စီစစ်ခြင်း

နိုင်ငံများ နှင့်သီးခြားရပ်တည်သော ဒေသများအတွက် Web ပေါ်ရှိ သတင်းအချက်အလက်များ ကို  ရယူခြင်းမှ ပိတ်ဆို့သော နည်းလမ်းတစ်ခုမှာ ဝက်ဘ်ဆိုက်ဒ်၏ အမည်ကိုပိတ်ဆို့ခြင်းဖြစ်သည်။ နာမည်တစ်ခု လုံးဖြစ်စေ ၎င်း၏အစိတ်အပိုင်းကိုဖြစ်စေ ပိတ်ဆို့ခြင်းဖြစ်သည်။ တခါတရံတွင် အင်တာနက်ဆင်ဆာ အဖွဲ့သည် Web domain အချို. အားအပြီးအပိုင်ပိတ်ဆို့လိုက်ခြင်းမျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထို domain များထဲတွင် ပါဝင်သည့်အကြောင်းအရာများကို ကန့်ကွက်သောကြောင့်ဖြစ်သည်။ web site များကို အလွယ်ကူဆုံး block လုပ်နည်းကတော့ domain name တစ်ခုလုံးကို block လုပ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အာဏာပိုင်များသည် domain တစ်ခုရှိ ပိတ်ချင်သော subdomains လေးများကိုသာ ပိတ်ဆို့ပြီး ကျန်domain တစ်ခုလုံး ကိုဖွင့်ပေးထားသည် အထိစီစီစစ်စစ် ရှိကြသည်။ Vietnam တွင် အစိုးရသည် web site တစ်ခု၏ အချို့သော sections များကိုသာ block လုပ်သည်။(ဥပမာ vietnam ဘာသာဖြင့်ရေးသားထားသော BBC နှင့် RFA တို့ကို block လုပ်ပြီး English ဘာသာဖြင့် ရေးသားထားသော အကြောင်းအရာများကို မူ censor လုပ်ခဲသည်။


ဥပမာ bbc.co.uk နှင့် www.bbc.co.uk ကိုလွှတ်ပေးထားချိန် တွင် subdomain ဖြစ်သော news.bbc.co.uk ကိုပိတ်ထာလိမ့်မည်။ ထိုနည်းတူစွာပင် အကြောင်းအရာ တစ်ခုကို ပိတ်ဆို့ချင်သော်လည်း ထိုအကြောင်းအရာအား လက်ခံဖော်ပြထားသော domain ကိုမူကြည့်ရှုခွင့်ပေးထားတတ်သည်။ နောက်နည်းလမ်းတစ်ခုကတော့ လမ်းညွှန်နာမည် အားပိတ်ပင် ခြင်း ဥပမာ BBC နိုင်ငံခြားဘာသာ သတင်းကဏ္ဍအား အင်္ဂလိပ်ဘာသာ သတင်းကဏ္ဍ အားထိခိုက်မှုမရှိဘဲ ပိတ်ဆို့ရန် bbc.co.uk/worldservice ရှိ “worldservice” အားပိတ် ဆို့ခြင်း ဖြစ်သည်။ တချို. Website များကို နာမည်များ၊ ရိုင်းစိုင်းသော၊ မနှစ်လိုဖွယ်ကောင်းသော အကြောင်းအရာများကို မေးမြန်းရှာဖွေ ခြင်းကြောင့်ပိတ်ဆို့နိုင်သည်။


URL filtering ကို သင်အသုံးပြုနေသော computer တွင် software တစ်ခု install လုပ်ထားခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ ဥပမာ အင်တာနက်ဆိုင်တစ်ဆိုင်ရှိ ကွန်ပျူတာများတွင် အချို့သော site များကို ကြည့်ရှုခြင်းအား တားမြစ်သည့် filtering software များရှိနေတတ်သည်။

 

URL filtering ကို proxy server ကဲ့သို့ network တစ်ခု၏ central point မှလည်းလုပ်ဆောင်နိုင် သည်။ User များ web site များသို့ တိုက်ရိုက်ဆက်သွယ်ခြင်း လုပ်လို့မရစေရန် နှင့် user များကို ထို site များအား ကြည့်လိုလျှင် proxy server တစ်ခုမှ ဖြတ်၍ ကြည့်ရန် force လုပ်ဖို့ (သို့မဟုတ် encourage လုပ်ဖို့) Network တစ်ခုကို ပြင်ဆင်ခြင်းပြု လုပ်နိုင်သည်။

 

Proxy server များသည် relay request များပြုလုပ်သလို၊ သွားခဲ့သမျှ website တွေကိုလည်း cache ဖမ်းထားကာ users အများအပြားဆီ တစ်ပြိုင်နက်ပို့ပေးတတ်ပါသည်။ ဒါကြောင့် ISP မှလူကြည့်များသော website အား ခဏခဏ request လုပ်စရာမလိုပဲ အချိန်ကုန် သက်သာစေပါသည်။

 

HTTP Proxy တွင် ကောင်းကျိုးတွေလည်းရှိသလို ၄င်းကို website များပိတ်ပင်ရာတွင်လည်းအသုံးပြုနိုင်ပါသည်။ Proxy သည် request လုပ်သော web page ကို သွားသင့်မသွားသင့် ဆုံးဖြတ်နိုင်ပါသည်။ ဝက်ဆိုက် တခုလုံးကို ပိတ်နိုင်သလို web page တစ်ခုချင်းဆီကိုလည်းရွေးပြီး ပိတ်ထားနိုင်ပါသည်။ Web page တခုကို ပိတ်ထားပါက ပိတ်ထားကြောင်း ရှင်းလင်းချက်ကိုတိတိကျကျဖော်ပြပေးနိုင်သလို ထို page မှာ မရှိကြောင်း သို့မဟုတ် error တတ်နေကြောင်း ဟန်ဆောင်ထားသော စာတမ်းများလည်းဖော်ပြပေးနိုင်ပါသည်။

DNS filtering နှင့် spoofing

သင် domain name တစ်ခုအား web browser ထဲတွင် ရိုက်ထည့်လိုက်သောအခါ ပထမဦးဆုံး web browser သည် domain name ကိုရှာဖွေရန်နှင့် သက်ဆိုင်သော IP address ကိုရရှိရန် DNS (Domain Name System) သို့ numeric address တစ်ခုတောင်းခံခြင်းဖြစ်သည်။

 

အကယ်၍ DNS server သည် အသုံးပြုခွင့်ကိုပိတ်ပင်ရန် ပုံဖော် ထားသည်ဆိုလျှင် ၎င်းသည် ပိတ်ပင်ခံထားရသော domain name များ၏အမည်ပျက်စာရင်း blacklist ကိုပြုစုထားလိမ့်မည်။ Browser တစ်ခုကထို domain name များထဲမှတစ်ခုကိုတောင်းလာပြီဆိုလျှင် ယင်း DNS server သည် အဖြေအကွဲများ သို့မဟုတ် လုံးဝမဖြေဘဲနေလိမ့်မည်။

DNS server မှ အဓိပ္ပာယ် မရှိသော သို့မဟုတ် လုံးဝ အဖြေပြန်လည်ပေးခြင်းမရှိလျှင် request လုပ်သော computer သည် ၎င်းလိုချင်သော service ကို ရရှိနိုင်သည့် IP address ကို learn မလုပ် နိုင်ခြင်းဖြစ်သည်။ IP address မရှိဘဲနှင့် ထိုတောင်းဆိုသော computer သည် ရှေ့ဆက်ရန် မဖြစ် နိုင်ဘဲ Error ပြနေလိမ့်မည်။ Browser သည် ဝက်ဘ်ဆိုက်ဒ် ၏ IP address ကိုမရရှိ သော ကြောင့် လိုအပ်သော ဝက်ဘ် စာမျက်နှာ သို့မရောက်ရှိနိုင်တော့ပေ။ နောက်ဆုံး ရလဒ်ကတော့ domain name တစ်ခု၏အောက်ရှိ service များ၊ web server တစ်ခု၏ အောက်ရှိ page များကို အသုံးပြု၍ မရခြင်းဖြစ်သည်။

Censor သည် DNS entry ကို မမှန်ကန်သော IP address ကို point လုပ်စေရန် တွန်းအားပေးနိုင် သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အင်တာနက် အသုံးပြုသူများ သည် web site အမှားတစ်ခု သို့ရောက်ရှိ သွားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်း နည်းလမ်းကို DNS spoofing ဟုခေါ်ပြီး censor သည် ထိုနည်းလမ်း ကို အသုံးပြုပြီး server တစ်ခု၏ identiy ကိုခိုးယူခြင်း၊ web site အတုများဖော်ပြခြင်း သို့မဟုတ် user များ၏ data ကိုကြားဖြတ်ရယူနိုင်သည့် unauthorized server များထံသို့  user များ၏ traffic ကို လမ်းလွှဲပေးခြင်း စသည်တို့ကိုလုပ်နိုင်သည်။ (အချို့ network များတွင်တော့ ထို wrong answer များသည် ဖြစ်ပေါ်ခဲ့သော blocking များအကြောင်းရှင်းပြသော web server သို့ ရောက်ရှိသွား နိုင်သည်။ ထိုနည်းလမ်းကို censorship ပြုလုပ်နေကြောင်း ပြောပြရန်ဝန်မလေးသည့် censor များနှင့် user များအား ဘာဖြစ်သွားသည် ဆိုသော အကြောင်းကို ရှင်းရှင်းလင်းလင်း သိစေချင်သည့် censor များမှအသုံးပြုသည်။)

IP filtering(IP လိပ်စာအလိုက် စီစစ်ခြင်း)

အချက်အလက်များကို အင်တာနက်မှတဆင့် ပို့လွှတ်သောအခါ ၎င်းတို့ကို အစိတ်အပိုင်းခွဲ၍ ထုပ်ပိုးလိုက်သည်။ ထိုအထုပ်ထဲတွင် ပို့ပြီးသား  သတင်းအချက်အလက်များနှင့် မည်သို့ပို့ရမည် ဟူသောသတင်းအချက်များ ဥပမာ ကွန်ပျူတာတစ်ခုမှ လာသော IP address နှင့် ၎င်းသွားသင့်သော နေရာများပါဝင်သည်။ Routers ဆိုသည်မှာ ထို packet လေးများပို့သူထံမှ လက်ခံရရှိသူထံသွား ရာလမ်းတစ်လျှောက် မည်သည့်နေရာသို့ဆက်သွားရမည် ကိုသိရှိရန်ဖြတ်သန်းသွား ရသော ကွန်ပျူတာ တစ်မျိုးဖြစ်သည်။ အကယ်၍ ဆင်ဆာသည် အသုံးပြုသူအား server တစ်ခုမှ ပိတ်ပင် ချင်သည်ဆိုလျှင် Router များကို blacklist တွင်ရှိသော IP address ရယူရန်လာသော data များအား ဆက်လက်မပို့ လွှတ်ရန် သို့မဟုတ် အသုံးပြုသူများအား error ပြစေရန် ထိန်းချုပ်နိုင်သည်။ IP address တစ်ခုထဲကိုမူ တည်ပြီး စီစစ်ခြင်းသည် server တစ်ခု၏ ဝန်ဆောင်မှုအားလုံးကို ပိတ်ပင် သည်။ ဥပမာ ဝက်ဘ်ဆိုက်ဒ် နှင့် အီးမေးလ် နှစ်မျိုး လုံးကိုပိတ်ပင်ခြင်း ။ IP address ကို စစ်ဆေး နေခြင်းကြောင့် ထို IP address ကိုအသုံးပြုနေသော ဝက်ဘ်ဆိုက်ဒ် တစ်ခုထဲပိတ်ပင်ခံရပြီ ဆိုလျှင်တောင်မှ အားလုံးအပိတ်ခံ ရပြီဖြစ်သည်။

Keyword filtering(စကားလုံးအလိုက် စီစစ်ခြင်း)

IP address များကိုစစ်ထုတ်ခြင်းသည် packets များ၏အသွားအလာကိုသာ တားဆီးနိုင်ပြီး ပါဝင်သည့် အရာများကို မတားဆီးနိုင်ပါဘူး။ Prohibited content များပါသော IP address အပြည့်ကို establish မလုပ်နိုင်ခဲ့လျှင် censor များအတွက် ဒုက္ခရောက်မည်ဖြစ်ပြီး လုံးဝမပိတ်ပစ်လိုက်နိုင်အောင်ကို non-prohibited content များဖြင့် အယောင် ဆောင်ထားနိုင်လျှင်လည်းဒုက္ခရောက်မည်ဖြစ်သည်။ မဖြစ်နိုင်တာတွေထဲက ဖြစ်နိုင်တာတစ်ခုကတော့ packet များ၏ content များကို keyword များအား ပိတ်ပစ်ခြင်းဖြင့် တားဆီးနိုင်သည်။ ပုံမှန်အားဖြင့် network router များသည် packet တစ်ခုလုံး၏ content များကိုမဖော်ထုတ်နိုင်လျှင် အပို equipment လိုအပ်ပြီဖြစ်သည်။ Packet content များကို ဖော်ထုတ်သည့် process ကို deep packet inspection ဟုခေါ်သည်။

Forbidden content တားမြစ်ထားသော အကြောင်းအရာများကို packets များအား block လုပ်ခြင်း သို့မဟုတ် communicate လုပ်နေသော နှစ်ဖက်လုံးကို conversation အားအခြား အဖွဲ့မှ terminate လုပ်လိုက်ပြီဖြစ်ကြောင်း message ပို့ခြင်းဖြင့် identify လုပ်နိုင်သည်။ ထို censoring functions များ ပြုလုပ်သော equipment များကို ဈေးကွက် တွင်ရရှိနိုင်ပြီဖြစ်သည်။

 

နောက်တစ်နည်းကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း censor လုပ်ရန် HTTP proxy ကိုအသုံးပြုနိုင်သည်။

Traffic shaping(အင်တာနက် လမ်းကြောင်းအား ထိန်းညှိခြင်း)

Traffic shaping ဆိုတာကတော့ network managers များမှအသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ပြီး အချို့ packets များကို ဦးစားပေးပြီး အချို့ကို delay လုပ်ခြင်းဖြင့် network ကို အဆင်ပြေပြေချောချောမွေ့မွေ့ လည်ပတ်စေရန် ပြုလုပ်သည့် နည်းလမ်းဖြစ်သည်။ Traffice shaping သည် လမ်းပေါ်ရှိ မော်တော်ယာဉ်များကို ထိန်းချုပ်ခြင်းနှင့် ဆင်တူသသည်။ ယာဉ်အားလုံး(packet) များသည် တူညီသော priority ရှိသော်လည်း အချို့ မော်တော်ယာဉ်များ ကို လမ်းမပိတ်စေရန် traffic controller များ သို့မဟုတ် မီးပွိုင့် များမှ delay လုပ်ထားသည်။ တစ်ချိန်ထဲမှာပဲ မီးသတ်ကားများ လူနာတင်ယာဉ်မျာ တို့ကဲ့သို့အရေးကြီးသော ယာဉ်များအတွက် အခြားယာဉ်များကို delay လုပ်ထားရသည်လည်းရှိ သည်။ Voice over IP (VoIP) တို့ကဲ့သို့သော အင်တာနက် ကွန်နက်ရှင် အပြတ်အတောက်မရှိမှ ကောင်းမွန်စွာ အလုပ်လုပ်နိုင်သော Internet packets များအတွက်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။

Traffic shapping ကို အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများ မှ လည်း specific information ပါသော packet များကို  delay လုပ်ရာတွင်အသုံးပြုသည်။ အကယ်၍ ဆင်ဆာမှ အချို့သော service များကို ကြည့်ရှုခြင်းမှ တားဆီးခြင်လျှင် ၎င်း တို့သည် ထို service များနှင့် ဆက်နွယ်သည့် packets များကို အလွယ်တကူပင် identify လုပ်နိုင်ပြီး ထို packet များ၏ priority ကို နှိမ့်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် user များမှ ထို site သည် အလွန်နှေးပြီး မယုံကြည့်ရသော သို့မဟုတ် ထို site နှင့် ဆက်နွယ်သည့် အခြား site များကိုပါသုံးချင်စိတ်ကုန် သွားစေနိုင်သည်။ ထိုနည်းလမ်းကို file sharing အားမနှစ်သက်သော ISP များမှ BitTorrent ကဲ့သို့သော peer-to-peer file –sharing networks များကို တားဆီးရာတွင်သုံးသည်။

Port blocking (Port ပိတ်ဆို့ခြင်း)

Port number တစ်ခုချင်းအား နာမည်ပျက်စာရင်း blacklist လုပ်ခြင်း သည် server အပေါ်ရှိ ဝန်ဆောင်မှုတစ်ခု စီကို တားမြစ်လိုက်ရာရောက်သည်။ ဥပမာ ဝက်ဘ် နှင့် အီးမေးလ်။ အင်တာနက် ပေါ်ရှိ ဝန်ဆောင်မှုတော်တော်များများတွင်ကိုယ်ပိုင် ထူးခြားသည့် port numbers များရှိသည်။ ဝန်ဆောင်မှုများနှင့် port number များကြားရှိဆက်သွယ်မှုကို IANA မှချမှတ်သည်။ သို့သော် မဖြစ် မနေ စည်းကမ်းအရ လုပ်ဆောင်ရခြင်းမျိုးမဟုတ်ပေ။ ထိုချမှတ်မှုများသည် router များကို ချမှတ် ထားပြီးသော ဝန်ဆောင်မှုများကိုခန့်မှန်းနိုင်စေသည်။ ထို့ကြောင့် Site တစ်ခု၏ လမ်းကြောင်းကို ပိတ်ပင်ရန် ဆင်ဆာ သည် port ၈၀ ကို သာပိတ်ပင်ပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထို port သည် ဝက်ဘ် ဆက်သွယ်ရေးအတွက် ကိုသာအသုံးပြု ထားသောကြောင့် ဖြစ်သည်။

Port များအသုံးပြုခြင်းကို သင်အသုံးပြုနေသော ကွန်ပျူတာ အား HOST လုပ်ပေးသော အဖွဲ့အစည်း တစ်ခု၏ network administrator များမှထိန်းချုပ်ထားသည်။ ယင်းထိန်းချုပ်ထားပုံမှာ ISP သည် ကိုယ်ပိုင်အဖွဲ့အစည်း သို့မဟုတ်  Intenet café ဟုတ်မဟုတ်၊  ISP တွင်ရှိသော connection များကို အသုံပြုခွင့်ရှိသူ အစိုးရ၏ ဆင်ဆာ အဖွဲ့ဝင် တစ်ယောက် ဟုတ်မဟုတ် ခွဲခြားပေးခြင်းဖြစ်သည်။ port များ ပိတ်ဆို့ခြင်း အတွက်  ဆင်ဆာပြုလုပ်ခြင်း ထက်ပိုမိုသော အကြောင်းပြ  ချက်များစွာရှိသည်။ spam များကို လျှော့ချရန် (သို့) peer-to-peer filesharing ကဲ့သို့ high-bandwidth များ အသုံးပြုခြင်း နှင့် instant messaging သို့မဟုတ် network gaming ထိန်းချုပ်ရန် တို့ဖြစ်သည်။  

အကယ်၍ port တစ်ခုပိတ်ဆို့ခြင်းခံရ လျှင် ထို port ပေါ်ရှိ လမ်းကြောင်းများ အားလုံး ကို သင် အသုံးပြု၍ မရတော့ပေ။ ဆင်ဆာများသည် port 1080,3128, နှင့် 8080 များကို မကြာခဏပိတ်ပင် လေ့ ရှိသည်။ ၎င်းတို့သည် လူသုံးများသော port များ ဖြစ်သောကြောင့်ဖြစ်သည်။ ဤဖြစ်ရပ် မှန်ကန်ခဲ့လျှင် ထို port များမှအသုံးပြုရသော မည်သည့် proxy ကို မှ တိုက်ရိုက်အသုံးပြု၍ မရတော့ပါ။ အခြားသော circumvention technique များ သို့မဟုတ် လူသုံးမများသော port proxy များကို သင်ရှာဖွေရန် လိုအပ်လိမ့်မည်။

ဥပမာ အားဖြင့် တက္ကသိုလ်တစ်ခုတွင် port 22(SSH),110(POP3),143(IMAP), 993 (secure IMAP), 995 (secure POP3) and 5190 (ICQ instant messaging) တို့ကိုသာ ပြင်ပဆက်သွယ်မှု အတွက် ဖွင့်ထားလိမ့်သည် ဆိုပါစို့။ ထိုသို့ပြုလုပ်ခြင်း သည် user များအား အခြားသော internet service များကိုအသုံးပြုလိုလျှင် circumvention technology များကိုအသုံးပြုရန် သို့မဟုတ် nonstandard ports များပေါ်ရှိ service များကိုအသုံးပြုရန် ဖိအားပေးခြင်းဖြစ်သည်။

အင်တာနက်အား လုံးဝ ပိတ်ချလိုက်ခြင်း

အစိုးရများမှ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများကို တားမြစ်ရန် internet connectivity ကို ပိတ်ပြစ်ခြင်း သည် ပြင်းထန်သော ဆင်ဆာပြုလုပ်ခြင်း၏ ဥပမာတစ်ခုဖြစ်သည်။ သို့သော်လည်း network တစ်ခု လုံးကို (domestic နှင့် international networks နှစ်ခုလုံးကို ဆိုလိုသည်) ဖြတ်တောက်ရန် မှာ အလွန်ခက်ခဲလှသည်။ ကိုယ့်နိုင်ငံနှင့် international network ချိတ်ဆက်ထားသော protocols များသာ မကဘဲ ISP တစ်ခုနှင့် တစ်ခုကြား နှင့် ISP များနှင့် user များ ကြားချိတ်ဆက်ပေးသော protocols များကို ပါ ဖြတ်တောက်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ အချို့သော နိုင်ငံများ( ၂၀၀၅ ခုနှစ်တွင်နီပေါ်၊ ၂၀၀၇ တွင်မြန်မာပြည် နှင့် ၂၀၁၁ တွင် အီဂျစ်နှင့် လစ်ဗျား)  သည် နိုင်ငံရေးမတည် ငြိမ်မှုများကို ထိန်းသိမ်းရန် အင်တာနက်ကို လုံးဝဖျက်တောက်ဖူးသည်။ အချို့သော လူများသည် ထိုသို့ပိတ်ထားချိန်တွင် အခြားနိုင်ငံရှိ ISP သို့ dial-up ဖြင့် ချိတ်ဆက်ရန်ကြိုးစားခြင်း သို့ဟုတ် mobile connections များ သို့မဟုတ် satellite links များဖြင့် သုံးစွဲရန်ကြိုးစား ကြသော်လည်း ထိုပိတ်ဆို့ခြင်းများသည် နာရီပိုင်းမှ ရက်တော်တော်များများထိ ကြာတတ်သည်။

ထို့ကြောင့် international connections များကို ဖျက်ဆီးခြင်းသည် domestic ISP တစ်ခုနှင့်တစ်ခု ကြား ရှိ connectivity သို့မဟုတ် single ISP တစ်ခု၏ အသုံးပြုသူများ ကြားရှိ communication ကို ဖျက်ဆီးခြင်းမပြုနိုင်ပါ။ User များကို internal network မှ လုံးဝ isoloate ဖြစ်အောင်လုပ်ရန် နောက် ထပ်အဆင့်များကို ပြုလုပ်ရန်လိုသည်။ ထို့ကြောင့် ISP အများအပြားရှိသော တိုင်းပြည်များအတွက် local interconnectivity ကို ဖျက်ဆီးရန် အလွန်ခက်ခဲသည်။

Publish လုပ်သူများကို ရည်ရွယ်တိုက်ခိုက်ခြင်း

ဆင်ဆာများသည် publishers များ၏ publish လုပ်ခြင်း သို့မဟုတ် information များကို host လုပ်ထားခြင်း စသည်တို့ကို တိုက်ခိုက်ပြီး ၎င်းတို့ source ရှိ content နှင့် services များကို ဖျက်ဆီး နိုင်သည်။ ထိုသို့ပြုလုပ်ရန် နည်းလမ်းမျိုးစုံရှိသည်။

ဥပဒေကြောင်းအရ တားမြစ်ခြင်း

 

တစ်ခါတစ်ရံမှာ အာဏာပိုင်များသည် service operator များကို censorship နှင့်ပတ်သတ်ပြီး cooperate လုပ်ရန် ဆွဲဆောင်လေ့ရှိသည်။ ဥပမာ အချို့သော blog host များသို့မဟုတ် email provider များသည် ၎င်းတို့၏ ကိုယ်ပိုင် server များအတွင်းတွင် keyword filtering များကို ထည့်သွင်းရန် စဉ်းစားကောင်းစဉ်းစားလိမ့်မည်- အစိုးရမှ လုပ်ခိုင်းတာ လည်းဖြစ်နိုင်သည်။ (ဒီအခြေအနေမျိုးတွင် တန်ပြန် တုန့်ပြန်နိုင်သော circumvention နည်းလမ်းနည်းပါးပါလိမ့်မည်။  )

Denial of service(DoS) 

စီစစ်ခြင်းများကို ထိထိရောက်ရောက် အသုံးပြုသော အဖွဲ့အစည်းသည် ပုံမှန်ပိတ်ဆို့သော ကိစ္စများကို ဖြည့်စွက်ရန် အခွင့် မရှိသော အခါတွင် (သို့မဟုတ် ကွန်ယက်တည်ဆောက် မှုများကို ကြည့်ရှုခွင့် မရှိသော အခါတွင်)  network connection သို့မဟုတ် server ကို လေးလံအောင် ပြုလုပ်ခြင်းဖြင့် website များကို ကြည့်ရှုခွင့် မပေးတော့ပေ။ ဝန်ဆောင်မှု ငြင်းဆို ခြင်း (Denial of Service) ဟုလူသိများသော နည်းလမ်းကို မြန်ဆန်သော ကွန်ယက်အဆက်အသွယ် ရှိသော ကွန်ပျူတာ တစ်ခုဖြင့် စုစည်းထားသည်။ ယေဘုယျ အားဖြင့် ကွန်ပျူတာ အများစုကို ၎င်းမှ ထိန်းချုပ်ထားပြီး ပြန့်ကျဲနေ သော DoS(DDoS) တစ်ခုကို စုစည်းထားခြင်းဖြစ်သည်။

Domain deregistration(ဒိုမိန်း ဖျက်သိမ်းခြင်း)

 အထက်မှာပြောခဲ့သလိုပဲ web site တစ်ခုကြည့်ရန် ပထမဆုံး အလုပ်ကတော့ လိုအပ်သော IP address ရရှိရန် local DNS server သို့ request လုပ်ခြင်းဖြစ်သည်။ ရှိသမျှ domain name အားလုံးကို store လုပ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် “recursive resolvers” ဆိုတဲ့ အရာတွေသုံးပြီး request ကိုသိနိုင်တဲ့ DNS server ကိုညွှန်းပေးပါတယ်။ ထို DNS server မှထပ်ဆင့် ထပ်ညွှန်းပြီး လိုချင်တဲ့ request ကိုပြန်ပြပေးပါသည်။

 

Domain name စနစ်အားအစီအစဉ် ကျစွာ ဖွဲ့စည်းထားသည်။ နိုင်ငံ domain များ (ဥပမာ .uk နှင့် .de) အရင်လာပြီး ဒေသနှင့် မသက်ဆိုင်သော “.org” နှင့် “.com” ကဲ့သို့သော ထိပ်တန်း domain များ သည် နိုင်ငံ domain များ ၏ နောက်တွင်အစဉ်လိုက်အတိုင်းဖြစ်သည်။ ထို domain များအတွက် တာဝန်ရှိသော server များသည်  subdomain များကို တာဝန်ခွဲဝေပေးသည်။ ဥပမာ example.com သည် အခြားသော DNS server များသို့ ထို domain များ၏တောင်းဆိုမှုကို လမ်းညွှန်ပေးသည်။ ထို့ကြောင့် ထိပ်တန်း domain တစ်ခု၏ DNS server သည် domain name ကို မှတ်ပုံတင် မထားပါက recursive resolver သည် IP address ကို မရှာဖွေနိုင်ဘဲ ကို ကြည့်ရှုခွင့် ရမည်မဟုတ်ပေ။

 

နိုင်ငံကိုယ်စားပြု ထိပ်တန်း domain ကို နိုင်ငံတစ်ခု၏ အစိုးရ (သို့မဟုတ်) ထိုနိုင်ငံမှ ခန့်ထားသော အဖွဲ့အစည်းမှ ထိန်းချုပ်ပေလိမ့်မည်။ ပါဝင်သော အကြောင်းအရာများကို တားမြစ်သည့် နိုင်ငံတစ်ခု၏ domain အောက်တွင်  site တစ်ခုမှ မှတ်ပုံတင်ထားလျှင် ထို site သည် ဒိုမိန်းဖျက်သိမ်းခံရခြင်း  အန္တရာယ်များ ကြားတွင် ရောက်ရှိနေပေမည်။

Server takedown (server ဖြုတ်ချခြင်း)

အကြောင်းအရာများကို လက်ခံဖော်ပြထားသည့် server များသည် ပြင်ပတစ်နေရာရာ တွင် အမှန်တစ်ကယ် ရှိရမည်ဖြစ်ပြီး ၎င်းတို့အား လည်ပတ်စေသည့် အုပ်ချုပ်သူများ မှလုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ထိုနေရာများသည် လက်ခံထားသော အကြောင်းအရာ များကို ဆန့်ကျင်သည့် ဥပဒေ အရာရှိ တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလျှင် server အားဖြတ်တောက်ခံရခြင်း သို့မဟုတ် server ပိုင်ရှင်အား ဖျက်ပစ်ရန် တောင်းဆိုလာလိမ့်မည်။

Intimidation of users (အင်တာနက်အသုံးပြုသူများအား ခြိမ်းခြောက်ခြင်း)

ဆင်ဆာသည် banned material တားမြစ်ထားသော အကြောင်းအရာများကို ကြည့်ရှုရန် ကြိုးစားခြင်းကိုတောင် ပိတ်ပင်နိုင်သည်။

Surveillance (စုံစမ်းစစ်ဆေးခြင်း)

 အထက်ပါ နည်းလမ်းများသည်တားမြစ်ထားသည့်အရာ များကို ကြည့်ရှုခြင်းမှ တားစီးထားသော် လည်း နှစ်ခုလုံးမှာ အကြမ်းသာဖြစ်ပြီး ကျော်လွှား၍ ရနိုင်သေးသည်။ ကျော်လွှားနေစဉ် တစ်ချိန်ထဲမှာ စီစစ်နိုင်သော အခြားနည်းလမ်း တစ်ခုမှာ မည်သည့် website များကြည့်ရှုပြီး ဖြစ်ကြောင်းကို စောင့်ကြည့်ခြင်းဖြစ်သည်။ အကယ်၍တားမြစ်ထားသော အကြောင်းအရာများ အားကြည့်ရှုခဲ့လျှင် (သို့မဟုတ် ကြည့်ရှုရန်ကြိုးစားခဲ့လျှင်) ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ခံရလိမ့်မည်။ 

ထိုအချက်ကို လူသိများအောင် ပြုလုပ်နိုင်ခဲ့ပြီ ဆိုလျှင် ပိတ်ဆို့ခြင်းနည်းပညာ များမလုံလောက်ခဲ့ ဘူးဆိုလျှင်တောင်မှ တားမြစ်ထားသော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ တားနိုင်သည်။ အချို့နေရာများတွင် ဆင်ဆာသည် ဟုတ်ဟုတ် မဟုတ်ဟုတ် ၎င်းတို့၏ လူများ နေရာတိုင်းတွင်ရှိကြောင်းနှင့် လူတိုင်းကို စောင့်ကြည့်နေကြောင်း လူအထင်ကြီး အောင် ပြောလေ့ရှိသည်။

Social Techniques လူမှုရေးဆိုင်ရာ နည်းလမ်းများ

လူမှုရေးနည်းပညာများကို အသုံးပြုသူများ မသင့်လျော်သော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ ဟန့်တားရန် အသုံးပြု လေ့ရှိသည်။ ဥပမာ ကလေးသူငယ်များ မသင့်လျော် သော site များကို ကြည့်ရှုခြင်းမှဟန့်တားရန် ကွန်ပျူတာကို သီးသန့် ကြည့်နိုင်သောနေရာတွင် ထားမည့်အစား မိသားစုများသည် ၎င်းတို့ ကွန်ပျူတာ screen ကိုအားလုံးမြင်သော နေရာဖြစ် သည့် ဧည့်ခန်း တွင်ထားပေလိမ့်မည်။ စာကြည့်တိုက် တစ်ခုသည် ကွန်ပျူတာ များကို ကောင်းမွန်စွာ နေရာချ လိမ့်မည်။ သို့မှသာ သူတို့၏ screen များကို စာကြည့်တိုက် မှူး၏ခုံမှ မြင်သာစေရန်ဖြစ်သည်။ Internet Café တစ်ခု တွင် CCTV စုံစမ်းစစ်ဆေးသည့် ကင်မရာ ရှိပေလိမ့် မည်။ ကင်မရာများအတွက် ပြည်တွင်း ဥပဒေ ရှိနိုင်ပြီး အသုံးပြု သူများ အစိုးရ မှ ထုတ်ပြန်ထားသော ဓာတ်ပုံ များ နှင့် ပတ်သတ် ၍ မှတ်ပုံတင် ထားခြင်းလည်း ရှိ ပေလိမ့်မည်။

ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများအား ဖျက်ဆီးခြင်း ခိုးယူခြင်း

အချို့သော နေရာများတွင် ဆင်ဆာသည် communications technology တစ်ခုလုံးကို တားမြစ် နိုင်သော စွမ်းအားရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဆင်ဆာသည် communications equipment ကို သိသိသာသာ သိမ်းဆည်းခြင်း နှင့် ဖျက်ဆီးခြင်းများကို ပြုလုပ်သည်။