အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Proxy Settings နှင့် FoxyProxy

သင့် နိုင်ငံ သို့မဟုတ် သင် ISP မှ direct access ကို ပိတ်ထားရင်တောင်မှ Proxy Server က သင့် အား သင် ကြည့်ချင်သော web site ကို ကြည့်ရှု့နိုင်ရန် ကူညီပေးနိုင်သည်။ Proxy အမျိုးမျိုး ရှိပါတယ်။ 

  • Web site address သာ သိရန်လိုအပ်သည့် web proxies များ။ web proxy တစ်ခုရဲ့ URL ကို ဖော်ပြပါအတိုင်း တွေ့ရလေ့ရှိသည်။ http://www.example.com/cgi-bin/nph-proxy.cgi

  • သင့် browser setting ကို ပြောင်းလဲရန်(modify လုပ်ရန်) လိုအပ်သည့် HTTP proxies များလည်းရှိသည်။ HTTP proxy များသည် web content များအတွက်သာ အလုပ်လုပ်လေ့ရှိသည်။ HTTP proxy နှင့် ပတ်သတ်သော information များကို “proxy.example.com:3128” သို့မဟုတ် “192.168.0.1:8080” တွင် ရရှိနိုင်သည်။ 

  •  နောက်တစ်မျိုးကတော့ SOCKS proxy များပါ။ သူလည်း သင့် browser setting ကို ပြောင်းလဲရန်(modify လုပ်ရန်) လိုအပ်သည်။ မတူတာကတော့ SOCK proxy များ ဟာ email နှင့် instant messaging tools များအပါအဝင် internet applications တော်တော်များများ အတွက် အသုံးပြုနိုင်ခြင်းဖြစ်သည်။ SOCK proxy ၏ Information သည်လည်း HTTP proxy နှင့် အတူတူပင်ဖြစ်သည်။

URL တွင်ဘာမှပြောင်းလဲ စရာမလိုဘဲ web proxy ကို တန်းအသုံးပြုလို့ ရသော်လည်း HTTP နှင့် SOCKS proxy များကို အသုံးပြုရန် အတွက်တော့ web browser ကို configure ပြုလုပ်ရ မည်ဖြစ်သည်။

Firefox ၏ မူလ (default) proxy configuration

Firefox 4 (Linux) တွင် screen ၏ ဘယ်ဘက်ထောင့်ရှိ firefox menu ကိုနှိပ်ပြီး configuration screen ကိုသွားပါ။ ထို့နောက် Options ကို select လုပ်ပါ။ ပေါ်လာသော window ပေါ်ရှိ Advanced ဆိုသော icon ကိုနှိပ်ပြီး network tab ကို choose လုပ်ပါ။ ဖော်ပြပါ ပုံကို ကြည့် လျှင် ရှင်းသွားပါ လိမ့်မည်။

Settings ကို select လုပ်ပြီး “Manual proxy configuration” ကို click လုပ်ပါ။ ပြီးနောက် သင်အသုံးပြုလိုသော proxy server ၏ Information ကို ထည့်ပါ။ သတိပြုရန်မှာ HTTP proxy နှင့် SOCKS proxy များသည် အလုပ်လုပ်ပုံ မတူဘဲ ၎င်းတို့နှင့် သက်ဆိုင်သော အကွက်များတွင်သာ ဖြည့်ရမည်ဖြစ်သည်။ အကယ်၍ သင့် proxy information တွင် (:) ဖော်ပြပါ colon လေးပါရှိလာလျှင် ၎င်းသည် သင့် proxy address နှင့် port number ကြားရှိ separator ဖြစ်ကြောင်းသိရမည်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။

သင် OK နှိပ်ပြီးလျှင်တော့ သင့် configuration သည် save လုပ်ပြီးသား ဖြစ်သွားမည်ဖြစ်ပြီး နောက်သုံးမည့် အချိန်တိုင်းတွင် သင့် web browser မှ ထို proxy ကို သာအလိုလျောက် အသုံးပြုမည်ဖြစ်သည်။ အကယ်၍ “The proxy server is refusing connections” သို့မဟုတ် “Unable to find the proxy server” စသည့် error message များကို ဖော်ပြခဲ့မည်ဆိုလျှင် သင့် proxy configuration တစ်ခုခု မှားနေပြီဖြစ်သည်။ ထိုသို့ဖြစ်လာပြီ ဆိုလျှင် ရှေ့တွင် ဖော်ပြခဲ့သည့် အဆင့်များအတိုင်း ပြုလုပ်ပြီး နောက်ဆုံး screen တွင် proxy ကို deactivate ပြုလုပ်ရန် “No proxy” ကို select လုပ်ပါ။

FoxyProxy

FoxyProxy ဆိုတာကတော့ proxy server တစ်ခုနှင့်တစ်ခုကြား ပြောင်းလဲအသုံးပြုခြင်းအား လွယ်ကူစေရန် firefox web browser အတွက် ထုတ်ထားသော freeware add-on တစ်ခုဖြစ်သည်။ foxyProxy အကြောင်း အသေးစိတ်သိ လိုလျှင် https://getfoxyproxy.org/ တွင်ကြည့်ရှုနိုင်သည်။

Install ပြုလုပ်ခြင်း

Firefox 4 (Linux) တွင် screen ၏ ဘယ်ဘက်ထောင့်ရှိ firefox menu ကိုနှိပ်ပြီး addons ကိုနှိပ်ပါ။ ပေါ်လာသော window ပေါ်ရှိ သင် အသုံးပြုလိုသော add-on ၏အမည်ကို ညာဘက်ထောင့်ရှိ search box ထဲတွင် ရိုက်ထည့်ပါ။(ဥပမာ FoxyProxy) Search Result တွင် Standard နှင့် Basic ဆိုသော versions နှစ်မျိုးကို တွေ့ရလိမ့်မည်။ ၎င်း version နှစ်ခု ၏ နှိုင်းယှဉ်ချက်ကို https://getfoxyproxy.org/downloads.html#editions တွင်တွေ့ရှိနိုင်သည်။ ဒါပေမယ့် basic circumvention အတွက်ကတော့ basic edition က လုံလောက်ပါတယ်။ မည်သည့် edition ယူမည်ကို ဆုံးဖြစ်ပြီးလျှင်တော့ Install ကို click လုပ်ပါ။

Install လုပ်ပြီး ရင်တော့ firefox ကို restart လုပ်ရပါမယ်။ ပြီးရင် foxyproxy ၏ help site ကို ဖွင့်ပါ။ ညာဘက်ထောင့်မှာ foxyproxy icon ကို တွေ့ရပါလိမ့်မယ်။

ပြင်ဆင်မှုများ ပြုလုပ်ခြင်း

FoxyProxy စတင်အလုပ်လုပ်ရန် ၎င်းသည် မည်သည့် proxy ကို အသုံးပြုရမည် ဖြစ်ကြောင်းသိ ရန်လိုအပ်သည်။ firfox window ၏ ညာဘက်ထောင့်ရှိ icon လေးကို click လုပ်ပြီး configuration window ကို ဖွင့်ပါ။ configuration window ကို အောက်ပါအတိုင်းတွေ့ရလိမ့်မည်။

“Add New Proxy” ကို နှိပ်ပါ။ ပေါ်လာသော window တွင် default firefox proxy configuration ကဲ့သို့ပင် proxy details ကို ဖြည့်ပါ။

“Manual Proxy Configuration” ကို select လုပ်ပါ။ Host သို့မဟုတ် IP address ကို ဖြည့်ပြီး သင့် proxy \ port ကို သက်ဆိုင်ရာ fields များတွင်ဖြည့်ပါ။ “SOCKS proxy?” ရှိမရှိ ကြည့်ပါ။ ရှိရင် OK ကိုနှိပ်ပါ။ အထက်ပါအဆင့်များအတိုင်း ပြုလုပ်ပြီး proxy များထပ်ဖြည့်နိုင်သည်။

အသုံးပြုခြင်း

သင့် Firefox window ၏ ညာဘက်ထောင့်ရှိ fox icon ကို နှိပ်ပြီး proxy များ ပြောင်းသုံးခြင်း သို့မဟုတ် proxy အသုံးမပြုရန် ပြုလုပ်နိုင်သည်။

Proxy server ရွေးချယ်ရန်ကတော့ အသုံးပြုခြင်သော proxy ပေါ်တွင် left-click လုပ်လိုက်ရုံပါပဲ။

TOOLS