အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Hotspot Shield

Hotspot Shield ဆိုသည်မှာ လုံခြုံသော Tunnel မှ တဆင့် ဆင်ဆာ မလုပ်ထားသော Internet ကို ကြည့်ရှုနိုင်ရန် သုံးသော Microsoft Window များ နှင့် Mac OS အတွက် အခမဲ့ ရနိုင်သော (သို့သော် commercial ဆန်သော) VPN solution ဖြစ်သည်။ 

Hotspot Shield သည် သင့် communication များအားလုံးကို encrypt လုပ်သောကြောင့် သင့် censor surveillance software သည် သင် မည်သည့် site အားဝင်ရောက်ကြည့် ရှုနေသည်ဆိုခြင်းကို မမြင်နိုင်ပေ။

 General Information 
 Support Operating System
 
 Localization  English
 Website  https://www.hotspotshield.com
 Support  

FAQ: https://www.anchorfree.com/support/hotspotshield.

html

E-mail: support@anchorfree.com

 Hotspot Shield ကိုဒေါင်းလုပ်ချခြင်း

Software အား https://www.hotspotshield.com မှ ရယူနိုင်သည်။ ဖိုင် ဆိုဒ်မှာ 6MB လောက်ရှိသောကြောင့် slow dial-up connection ပေါ်တွင် 25 မိနစ်နှင့် အထက်ကြာနိုင်သည်။ သင်ဝင်ရောက်ရန်ကြိုးစားနေသည့် site မှ download ကိုပိတ်ထားသည် ဆိုလျှင် hss-sesawe@anchorfree.com သို့ရေး ပြီး သင့် email ၏ subject နေရာတွင် အောက်ဖော်ပြပါ ဂဏန်း သုံးလုံးထဲက တစ်လုံး ‘hss’, ‘sesawe’, ‘hotspot’ သို့မဟုတ် ‘shield’ ပါအောင်ထည့်ရေးလိုက်ပါ။ သင့် Inbox ထဲတွင် email attachment တစ်ခု အနေဖြင့် သင် installer တစ်ခု လက်ခံရရှိလိမ့်မည်။

Important: အကယ်၍ သင်သည် NoScript extension ကို enable လုပ်ကာ Firefox ကို အသုံးပြုနေသည်ဆိုပါကHotspot Shield ကို အသုံးပြုရန် ကြိုးစားနေချိန်တွင် အခက်အခဲ နည်းနည်း ရှိပေလိမ့်မည်။

Hotspot Shield မှ ချိတ်ဆက်မည့် URL များအားလုံး whitelist ဖြစ်နေရန် အရေးကြီးသည် သို့မဟုတ် ဤ service ကိုသုံးနေသည့် အချိန်တွင် script များအား ခွင့်ပြုထားရန် လိုအပ်သည်။

Hotspot Shield အား install လုပ်ခြင်း


၁. Download လုပ်ပြီးသည့် နောက် ဖိုင်ကို သင့်ကွန်ပျူတာထဲတွင် နေရာ ချ ကာ icon ကို double click နှိပ်ခြင်းဖြင့် installation စပါ။


၂. Window မှ software install လုပ်ရန် အတွက် သင့် ထံမှ ခွင့် ပြုချက်တောင်းပေလိမ့်မည်။ Yes ကို နှိပ်ပါ။



၃.Dropdown menu မှ နေ၍ သင် ကြိုက်နှစ်သက်သော ဘာသာစကား installation ကို ရွေးပါ။



၎. ဘာသာစကားရွေးချယ်ပြီးနောက် welcome screen တစ်ခု သင်မြင်ပေမည်။ Next ကို နှိပ်ပါ။

၅. “I Agree” ကို နှိပ်ခြင်းအားဖြင့် license agreement ကို လက်ခံပါ။

၆. Additional software များထပ်မံ တပ်ဆင်လို့ ရသေးသည် ကို အသိပေးသော window တစ်ခု သင်မြင်ရပေမည်။ Next ကို နှိပ်ပါ။


၇. နောက်ထပ် screen ပေါ်တွင် optional Hotspot Shield Community Toolbar ကို install လုပ်ရန် option ကို uncheck လုပ်နိုင်သည်။ Hotspot Shield ကို run  ရန် feature မလိုပေ။

၈. Option အပို များ နောက်ထပ် screen များပေါ်တွင် ပေါ်လာပေလိမ့်မည်။ feature များအားလုံး သည် optional များဖြစ်ပြီး Hotspot Shield run ရန် တစ်ခု ကို မျှ enable လုပ်ရန် မလိုပေ။

၉. သင် Hotspot Shield ကို install လုပ်ချင်သည့်နေရာ ကို hard drive ပေါ်တွင် ရွေးချယ်ပါ။ ဖြစ်စဉ်တော်တော်များများတွင် default value များကို သင် ထားခဲ့နိုင်ပြီး Install ကို နှိပ်ခြင်းအားဖြင့် ဆက်လက်ဆောင်ရွက်နိုင်သည်။


၁၀. Hotspot Shield ၏ component များကို install လုပ်ရန် Window များမှ ခွင့်ပြုချက်များကို အကြိမ်ကြိမ်တောင်းဆိုလိမ့်မည်။။ install ကို ကြိုက်သည့်အချိန်တွင်နှိပ်ခြင်း ဖြင့် သင်လုံခြုံစိတ်ချစွာ ဆက်လက်လုပ်ဆောင်နိုင်သည်။


၁၁. Installation ပြီးဆုံးသော အခါတွင် Next ကို နှိပ်ပါ။


၁၂. နောက်ဆုံးတွင် installation ပြီးသည့်နောက် Hotspot Shield အားချက်ချင်းစတင်နိုင်ပြီဖြစ်ပြီး သင့် desktop ပေါ်တွင် icon တစ်ခု ဖန်တီးနိုင်ပေသည်။ သင့် စိတ်ကြိုက် preference များရွေးချယ်၍ Finish ကို နှိပ်ပါ။

Hotspot shield ကိုသင့်ကွန်ပျူတာတွင် Install လုပ်ပြီးဖြစ်ပါသည်။

Hotspot Shield service သို့ ချိတ်ဆက်ခြင်း

၁. သင့် desktop ပေါ်မှ Hotspot Shield Launch icon ကို နှိပ်ခြင်း သို့မဟုတ် Menu Programs ထဲမှ Hotspot Shield ကို ရွေးချယ်နိုင်သည်။



၂. သင် Hotspot Shield ကို စတင်သည်နှင့် တပြိုင်နက် ‘Authenticating’  နှင့် ‘Assigning IP address’ ကဲ့သို့သော ချိတ်ဆက်ရန် ကြိုးပမ်းမှု အဆင့် အမျိုးမျိုးကို ပြသော status page နှင့် အတူ browser window တစ်ခု ပေါ်လာ ပေလိမ့် မည်။


၃.ချိတ်ဆက် သည် နှင့် တပြိုင်နက် Hotspot Shield သည် welcome page ကို ဖော်ပြလိမ့်မည်။ surfing စလုပ်ရန် Start ကို နှိပ်ပါ။


၎. သင် Start ကို နှိပ်ပြီးသည့်နောက် Hotspot Shield သည် အောက်တွင် ဖော်ပြထားသည့် အတိုင်း advertisement page ကို ပြောင်းလွဲပေးလိမ့်မည် ကို သတိပြုပါ။ သင် ၎င်း ကို ပိတ်ပြစ်နိုင်ပြီး web surfing ကို ပုံမှန်အတိုင်းစတင်ပါ။ သင့် System Tray ထဲရှိ (clock ၏ ဘေးနားရှိ) Hotspot Shield green icon ကို ကြည့်ခြင်းဖြင့် သင် Hotspot Shield ကို ချိတ်ဆက်မိပြီလား ဆိုတာကို စစ်ဆေးနိုင်သည်။



၅. သင့် connection status ကို စစ်ဆေးရန်  Hotspot Shield system tray icon ပေါ်ရှိ right click ကို နှိပ်ပြီး Properties ကို ရွေးချယ်ပါ။


Hotspot Shield Service မှ  Disconnect လုပ်ခြင်း

၁. Hotspot Shield service မှ disconnect လုပ်ရန်  system tray icon ထဲတွင် right click နှိပ်ပြီး (အထက်ပါပုံကိုကြည့်ပါ) Disconnect/OFF ကို ရွေးချယ်ပါ။

၂. ဤ action အားအတည်ပြုရန် Hotspot Shield မှ သင့်အားမေးလိမ့်မည်။ Disconnect ကို နှိပ်ပါ။


၃. သင် disconnect ဖြစ်သွားသည် ကို အတည်ပြုခြင်းနှင့် သင့် သာမန် (filter လုပ်ခံထားရသော) connection ပေါ်တွင် surfing လုပ်ခြင်းဖြင့် status window တစ်ခု ပေါ်လာလိမ့်မည်။ circumvention အားပြန်လည်စတင်ရန် ‘CONNECT’ button ပေါ်တွင် click နှိပ်ပါ။