အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Tor : The Onion Router

Tor (The Onion Router) ဆိုသည်မှာ proxy server များ၏ လွန်စွာရှုပ်ထွေးသိမ်မွေ့ သော ကွန်ရက်ဖြစ်သည်။

General Information

Supported operating system
Localization 13 languages
Web site https://www.torproject.org
Support Mailinglist: https://lists.torproject.org/cgi-bin/mailman/listinfo/tor-talk
FAQ: https://trac.torproject.org/projects/tor/wiki/TheOnionRouter/TorFAQ 
IRC: #tor on irc.oftc.net

Website တစ်ခုအား ကြည့်ရှု့ရန်သင် TOR ကို အသုံးပြုနေချိန် တွင်သင်၏ဆက်သွယ်မှုများသည် Volunteer proxy များ(အမှီအခိုကင်းမဲ့ သော ကွန်ယက်များ) ကို အစီအစဉ်မကျစွာ ဖြတ်သန်းသွားသည်။Tor server (သို့မဟုတ် relays) များ ကြားရှိ traffic (လမ်းကြောင်း) များ အားလုံးကို encrypted လုပ်ထားပြီး (စာဝှက်ထား) ပြီးထို relay တစ်ခုစီ သည် ၄င်းတို့ ၏ ရှေ့ ကပ်လျက်နှင် နောက်ကပ်လျက် relay နှစ်ခု၏ IP address ကို သာသိကြသည်။

ထိုသိုပြုလုပ်ခြင်းသည် အောက်ပါတို့ အတွက် ခက်ခဲ သွားစေသည်။

  • သင်၏ ISP သို့မဟုတ် အခြားသော local observer များသည် သင် မည်သည့် Website များ ကြည့်ချင် သည်(သို့မဟုတ်) မည်သည့် သတင်း အချက်အလက် များ ပေးပို့နေသည်ကို သိရှိရန်ခက်ခဲသွားစေသည်။
  •           သင်မည်သူဖြစ်ကြောင်း အနည်းဆုံးသင်၏ IPaddress ကို သင်ကြည်လိုသော website မှသိရှိရန်ခက်ခဲ ပေလိမ့်မည်။

  •           Independent relay (အမှီအခိုမရှိသော relay) များသည် သင် မည်သူဖြစ်ကြောင်းနှင့် မည်သည့်နေရာသို့ သွားခြင်းကိုသိရှိရန်ခက်လိမ့်မည်။

Tor ကွန်ရက်ကိုသုံးစွဲရန် ဘာတွေလိုသနည်း?

Tor ကွန်ယက်မှ တစ်ဆင့် internet သို့ ဆက်သွယ်ခြင်း နှင့် ၎င်းကို အသုံးပြုကာ အမည်ဝှက်ခြင်း၊ ကျော်လွှားခြင်း တို့ ပြုလုပ်ရန် သင်၏ ကွန်ပျူတာ ပေါ် တွင် Tor client software တစ်ခု install လုပ်ရန် လိုအပ်သည်။ (Memory Stick မှ (သို့မဟုတ်) အခြားသော ပြင်ပကိရိယာများမှထို program ၏ portable version ကိုအသုံးပြုလျှင်လဲဖြစ်နိုင်သည်။)

Torသည် Window version, Mac OSX နှင့် GNU/Linux အများစုနှင့် သဟဇာတ ဖြစ်သည်။

Tor နှင့်မည်သည့် ဆော့ဝဲများ သဟဇာတ ဖြစ်သနည်း?

Tor သည် application များဖြင့် ချိတ်ဆက်ထား သော SOCKS (version4, 4a and 5) ကို အသုံးပြုသည်။ ထို့ကြောင့် SOCKS ကို ပံ့ပိုးသော မည်သည့် application ဆို Tor ကို အသုံးပြုကာအမည်ဝှက်နိုင်သည်။ ၄င်းတို့ ထဲတွင်အောက်ပါ အချက်များ ပါဝင်သည်။

  • Web browser အများစု
  • Instant messaging နှင့်  IRC client များ
  • SSH client များနှင
  • email client တို့ဖြစ်သည်။

သင် Tor ကို Vidalia Bundle, Tor Browser Bundle (သို့ ) Tor IM Browser bundle တို့မှ install လုပ်ခဲ့ လျှင် Tor မှ http application proxy တစ်ခုအား Tor network ကို အသုံးပြုစေရန် ပြုလုပ်ပေးနိုင် သည်။ ထိုအရာသည် SOCKS နှင့် မကိုက်ညီသော application အချို့ အား Tor နှင့် အလုပ်လုပ်ခွင့် ပေးလိမ့် မည်။

အကယ်၍ သင်သည် Web အသုံးပြုရန် နှင့်  chatting လုပ်ရန်အတွက်သာ Tor ကိုအဓိက စိတ်ဝင်စားခဲ့ လျှင် Tor Browser Bundle နှင့် Tor IM Browser Bundle တို့ သည် အသင့်သုံးရန် ကြိုတင်စီစဉ် ထားပြီးဖြစ်သောကြောင့် အလွယ်တကူ အသုံးပြုဖြစ်လိမ့်မည်။Tor ကို web browser နှင့်အသုံးပြုနေချိန်တွင် ကိုယ်ပိုင်လုံခြုံရေး (Privacy protection) အတွက် ပိုမိုကောင်းမွန်စေနိုင် သည့် Torbutton လဲ Tor Browser bundle တွင် ပါဝင်သည်။Tor version နှစ်မျိုးစလုံးအား http://www.torproject.org/torbrowser.   တွင်download လုပ်နိုင်သည်။

ကောင်းကျိုးနှင့် ဆိုးကျိုးများ

Tor သည် သင်၏ ကိုယ်ပိုင်အချက်အလက် များနှင့် ကျော်လွှားခြင်းတို့ အတွက်အလွန် ထိရောက်စွာ အသုံးပြုနိုင် သည့် ကိရိယာ ဖြစ်သည်။Tor ၏အမည်ဝှက်ခြင်း သည် သင်၏ဆက်သွယ်ခြင်း အကြောင်းအရာများကို local network operator များမှ ကာကွယ်ပေးပြီး သင်မည်သူနှင့် ဆက်သွယ်နေသည် သို့ မဟုတ်မည်သည် website များ ကြည့်ရှုနေ သည်ကိုပါ ဖုံးကွယ်ပေးသည်။ စနစ်တကျ အသုံးပြုမည်ဆိုရင် Proxy တစ်ခုတည်း အသုံးပြုခြင်းထက် ပိုအားကောင်းသော အမည်ဝှက်ခြင်းကို ပေးစွမ်းနိုင်သည်။

  • Tor အားပိတ်ဆို့ နိုင်သည်။ Tor ဆုံမှတ် တော်တော်များများ အား public directory များထဲတွင် list လုပ်ထား သောကြောင့် Network operator များမှ ထို list များကို ရရှိရန် အလွန်လွယ်ကူပြီး ဆုံမှတ်များ၏ IP address များကိုစိစစ်မည့် ထဲသို့ထည့် လိုက်နိုင်သည်။ ထိုသို့ ပိတ်ဆို့ ခြင်းအား ရှောင်ကွင်းသွားရန် နည်းလမ်း တစ်ခုမှာTor bridges အမျိုးမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ၄င်းကို လူသိများအောင် listလုပ်ခြင်းမရှိပဲ ကျော်လွှားရန် သက်သက်သာ ဖြစ်သည်။
  • Tor ဖြင့် အသုံးပြုထားသောအချို့ program များတွင် အမည်ဝှက်ခြင်း များကို အဆင်ပြေစေရန် လုပ်ဆောင် နိုင်သော်လည်း ထို Program များကိုပြဿနာ ဖြစ်စေနိုင်သော အချက်အလက်များရှိသည်။ Tor Browser Bundle သည် Torbutton install လုပ်ထားသော firefox version နှင့်ဖြစ်နေပြီဖြစ်သည်။ Torbutton သည် အချို့သော plugin များကို disable လုပ်ပေးပြီး သင့် browser fingerprint ကိုပြောင်းလိုက်သော ကြောင့် အခြားသော Torbutton user များကဲ့သို့သာ ဖြစ်နေလိမ့်မည်။ အကယ်၍သင့် application များကို Tor မှတစ်ဆင့် အလုပ်လုပ်ရန် configure မလုပ်ထားလျှင် Tor သည် သင့်အား Protect လုပ်နိုင်မည်မဟုတ်ပေ။ အချို့သော plugin များနှင့် script များသည် local proxy setting ကို လစ်လျူရှုထားပြီး သင့် IP address ကို ဖော်ပြနိုင်သည်။
  • သင်၏ဆက်သွယ်မှုများ ကိုကာကွယ်ရန် additional encryption ကို အသုံးမပြု လျှင် သင်၏ data များ
    သည် Chain ထဲရှိ နောက်ဆုံးTor ဆုံမှတ်များ (exit node ဟုခေါ်သည်။) သို့ ရောက်သည်နှင့် Unencrypted ဖြစ်သွားလိမ့်မည်။ ဆိုလိုသည်မှာ သင့် data များကို နောက်ဆုံးTor ဆုံမှတ်များ ကိုပိုင်ဆိုင်သူ(last owner of the tor nodes) ၊ ထိုဆုံမှတ် (node) နှင့်သင်ကြည့် လိုသော Website ကြားရှိ ISP များမှ မြင်သွားနိုင်သည်။

Tor ကိုတီတွင်သူများသည် သည် အကြောင်းအရာများနှင့် အခြား အန္တရာယ်များကို လွန်စွာစဉ်းစားခဲ့ ကြပြီး အောက်ပါ သတိပေးချက်(၃)ချက်ကိုထုတ်ပြန်ခဲ့ကြသည်။

  1. သင်Torကို မှန်ကန်စွာ အသုံးမပြုခဲ့လျှင် ၄င်းက သင့်အား ကာကွယ်ပေးမည်မဟုတ်။ ဤနေရာ တွင် သတိပေးချက် စာရင်း များကိုဖတ်ပါ။ https://www.torproject.org/download.html.en#waring. ပြီးနောက် သင်၏ platform အတွက် ညွှန်ကြား ချက်များ ကို သေသေချာချာ လိုက်နာပါ။  https://www.torproject.org/documentation.html.en#RunningTor
  2. သင် Tor ကို သေချာစွာ စီမံကာ သုံးမည် ဆိုလျှင်တောင်မှ သင့်အား ကာကွယ်မည့် Tor ၏ စွမ်းရည်ကို ကန့်သတ်နိုင်သည့် Potential attack များရှိသေးသည်။ https://trac.torproject.org/projects/tor/wiki/TheOnionRouter/TorFAQ#Whatattacksremainagainstonionrouting
  3. ယနေ့ခေတ်တွင် မည်သည့် anonymity စနစ်မှ ပြီးပြည့်စုံမှုမရှိဘဲ ၎င်းတို့ထဲတွင် tor လည်းပါဝင်သည်။ သင်သည် strong anonymity ကို လိုအပ်ပါက သင်သည်လက်ရှိ Torကွန်ယက်တစ်ခုတည်း ကို မှီခိုရန် လုံးဝ မဖြစ်နိုင်ပေ။

Tor Browser Bundle ကိုအသုံးပြုခြင်း

Tor Browser Bundle သည် Tor ကို Windows, OS X သို့မဟုတ် GNU/Linux များပေါ်တွင် Web Browser တစ်ခုကို configured မလိုဘဲ သုံးခွင့် ပေးသည်။ ပို၍ ကောင်းမွန်သည် မှာ ၎င်းသည် portable application တစ်ခုဖြစ်ပြီး  မည်သည့် နေရာသို့မဆို သယ် ဆောင်သွားနိုင်ကာ ကွန်ပျူတာ တိုင်း ၏ hard drive ထဲတွင် install လုပ်စရာမလိုဘဲ USB flash drive မှတဆင့် အသုံးပြုနိုင်သည်။

Tor Browser Bundle အားဒေါင်းလုပ်ချခြင်း

Tor Browser Bundle ကို torproject.org Web site မှ ဖိုင်တစ်ခု လုံးအဖြစ်သော်လည်းကောင်း ဖိုင်အများကြီး ပုံစံ ‘split’ version အဖြစ်သော်လည်းကောင်း download လုပ်နိုင် သည် ။ အကယ်၍ သင်၏အင်တာနက် connection က နှေးနေခြင်း နှင့် စိတ်မချရလျှင် ဖိုင် တစ်ခုတည်း အကြီးကြီး ကို download လုပ်မည့် အစား split version ကပိုမို အလုပ်ဖြစ်ပေလိမ့်မည်။

e-mail မှတဆင့် ရယူခြင်းgettor@torproject.org  သို့ အီးမေးပို့ပါ။ subject နေရာတွင် "help" ဆိုပြီးရေးပါ။ ထိုအခါ သင့်ထံသို့ Tor software နှင့် အသုံးပြုပုံအဆင့်ဆင့်လမ်းညွှန်ပါ ရပါလိမ့်မည်။

သတိပြုရန်။ သင် Tor Bundle ကို download လုပ်သောအခါ (ဖိုင်တစ်ခုလုံး သို့မဟုတ် split version) ဖိုင်များ ၏ သင်္ကေတ( signature of the files) ကို စစ်ဆေးသင့်သည်။ အထူးသဖြင့် သင် mirror site မှ ဖိုင်ကို download လုပ်နေသည် ဆိုလျှင် ပို၍ စစ်ဆေးသင့်သည်။ ထိုအဆင့် သည် ဖိုင် ကို ဝင်ရောက်စွက် ဖက်ခြင်းမရှိဟူသော အချက်ကို သေချာစေသည်။ ဖိုင်၏ သင်္ကေတ နှင့် မည်သို့စစ်ဆေး ရမည်နည်း ဟူသော အချက် ကို ပို မိုလေ့လာချင်လျှင် https://www.torproject.org/docs/verifying-signatures.  တွင်ဖတ် ရှုနိုင်ပါသည်။  

GnuPG software ကိုလည်း သင် download လုပ် နိုင် ပြီး Signature ကို  http://www.gnupg.org/download/index.en.html#auto-ref-2. နေရာတွင် စစ်ဆေးနိုင်သည်။)

အောက်တွင် ဖော်ပြထားသော ညွှန်ကြားချက်များသည် Tor Browser အား Microsoft Windows ပေါ်တွင် တပ်ဆင်ရန် အတွက် ဖြစ် သည် ။ အကယ်၍ သင်သည် အခြား operation system တစ်ခု ကို အသုံးပြုနေသည် ဆိုလျှင် tor Web site တွင် download link များနှင့် instructions များအတွက် သွားကြည့်နိုင် သည်။  

file တစ်ခုတည်းမှ install လုပ်ခြင်း

  1. သင်၏ Web Browser ထဲတွင် Tor Browser ၏ download URL ဖြစ်သည့်

    https://www.torproject.org/projects/torbrowser ကို ရိုက်ထည့်ပါ။
    2.Installation file ကို download လုပ်ရန် အတွက် ဘာသာစကားကို ရွေးပါ
  2. သင်ယခု download လုပ်ထားသော .EXE file ကို click နှစ်ချက် နှိပ်ပါ။ ‘7-Zip self-extracting archive’ ဆိုသော window တစ်ခုပေါ်လာလိမ့်မည်။ 
extract Tor Browser
  1. သင် ဖိုင်များကို extract လုပ်ချင်သော နေရာမှ folder ကို ရွေးပြီး ‘Extract’ ကို နှိပ်ပါ။


    သတိပြုရန် ။ Tor Browser ကို ကွန်ပျူတာအမျိုးမျိုး၌ သင်အသုံးပြု ချင်သည်ဆိုပါက USB key သို့မဟုတ် memory stick ပေါ်တွင် တိုက်ရိုက် ဖိုင်များကို extract လုပ်နိုင်သည်။  (ဥပမာ Internet cafe တွင် ရှိသော အများသုံး computer တစ်ခုပေါ်တွင်)
  2. Extraction ပြီးသောအခါ folder အားဖွင့် ပြီး အကြောင်းအရာနှင့် အောက်တွင် ဖော်ပြထားသော ပုံကိုက်မကိုက်ကို စစ်ဆေးပါ။
    the Tor browser folder after extraction

    ရှင်းလင်းပြစ်ရန် သင်မူလက download လုပ်ထားသော .EXE file ကိုဖျက်ပြစ်လိုက်ပါ။

    files ခွဲများမှ install လုပ်ခြင်း

    1. သင်၏ Web browser ထဲတွင် (https://www.torproject.org/projects/torbrowser-split.html.en)) ဟူသော Tor Browser Bundle ၏ split version အတွက် URL ကိုရိုက်ထည့်ပါ။ ပြီးနောက် အောက်တွင် ဖော်ပြထားသော English စာမျက်နှာပုံစံအတိုင်း ရရှိရန် ဘာသာစကား Link ကို နှိပ်ပါ။



      torsplitwww
    2. Download လုပ်ရန် ဖိုင်တိုင်းကို နှိပ်ပါ (တစ်ခုသည် ‘.exe’ နှင့် အဆုံးသတ်ပြီး ကျန် ကိုးခုသည် ‘.rar’ ဖြင့် အဆုံးသတ် သည်။) တစ်ခုပြိးတစ်ခု နှိပ် ၍ ၎င်းတို့အားလုံးအား သင်၏ hard drive ထဲမှ folder တစ်ခုထဲတွင် သိမ်းထားပါ။

    3. ပထမဦးဆုံး အပိုင်းကို နှစ်ခါနှိပ်ပါ။ (‘.exe’ ဖြင့် အဆုံးသတ်သော ဖိုင်) ထိုဖိုင်သည် ဖိုင်အားလုံးကို စုဝေးစေသည့် program တစ်ခုကို လုပ်ဆောင်စေသည်။



      Split installer for Tor Browser Bundle

    4. သင် ဖိုင်များကို install လုပ်ချင်သော folder ကို ရွေးပါ။ ပြီးနောက် ‘Install’ ကို နှိပ်ပါ။ run နေသော အချိန်တွင် သူ၏ဖြစ်စဉ်ကို ပြသော message များကို program မှဖော်ပြပြီး နောက် ရပ်သွားပေမည်။
    5. Extraction ပြီးသောအခါ folder အားဖွင့် ပြီး အကြောင်းအရာနှင့် အောက်တွင် ဖော်ပြထားသော ပုံနှင့် ကိုက်မကိုက်ကို စစ်ဆေးပါ။

      the Tor browser folder after extraction
    6. ရှင်းလင်းပြစ်ရန် သင်မူလက download လုပ်ထားသော .EXE file ကိုဖျက်ပြစ်လိုက်ပါ။

    Tor Browser ကိုအသုံးပြုခြင်း

    မစတင်ခင်

    • Tor ကိုပိတ်ပါ။ အကယ် ၍ Tor အားသင့် ကွန်ပျူတာပေါ်တွင် တပ်ဆင်ထားသည်ဆိုပါက ၎င်းကို လက်ရှိမဖွင့် ထားမိစေရန် သတိပြုပါ။

    Tor Browser ကို ဖွင့်ပါ

    ‘Tor Browser’ folder ထဲတွင် ‘Start Tor Browser’ ကို နှစ်ချက်နှိပ်ပါ။ Tor control panel (“Vidalia”) ဖွင့် ပြီး Tor network သို့ Tor စတင် ချိတ်ဆက်ပြီဖြစ်သည်။

    • Tor starting

    ချိတ်ဆက်မှု တည်ဆောက်ပြီးသော အခါ Firefox သည် TorCheck စာမျက်နှာသို့ အလိုအလျောက်ချိတ်ဆက်ပြီး သင် Tor network သို့အမှန်တကယ် ချိတ်ဆက်ခြင်းရှိမရှိ သေချာအောင်ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရန် သင်၏ Internet connection အရည်အသွေးပေါ်မူတည် ၍ အချိန်နည်းနည်း ကြာလိမ့်မည်။

    အကယ် ၍ သင် Tor network သို့ဆက်သွယ်နေပြီ ဆိုလျှင် အစိမ်းရောင်ကြက်သွန် icon လေးသင် ၏ screen ပေါ် ရှိ ညာဘက်အောက် ခြေထောင့် တွင် System Tray ထဲ ၌ ပေါ်လာပေလိမ့်မည်။
    Tray bar button on

    Tor Browser အသုံးပြု၍ ဝက်ဆိုက်များ ကြည့်ခြင်း

    Web site အချို့ကို ကြည့် ၍ ၎င်းတို့ ပေါ်မပေါ်စောင့် ကြည့် ပါ။ သင် ၏ connection သည် လက်ဆင့်ကမ်းခြင်း အမျိုးမျိုးမှဖြတ်သန်းသွား ရသောကြောင့် ထို site များသည် နဂိုထက် ပိုမို နှေးကွေးစွာ ပေါ်လာလိမ့်မည်။

    အလုပ်မလုပ်လျှင်

    အကယ် ၍ Vidalia Control Panel ထဲမှ ကြက်သွန်လေး မစိမ်းလာပါက (သို့မဟုတ်) Firefox ပွင့်လာပြိး ‘Sorry. You are not using Tor’ ဟုဖော်ပြထားသော စာမျက်နှာ တစ်ခု ပေါ်လာပါက (အောက်တွင် ဖော်ပြထားသော ပုံအတိုင်း) သင်သည် Tor အားအသုံးပြုခြင်းမဟုတ်ပေ။

    Tor check with red onion

    သင် ထို message အားမြင်ပါက Firefox နှင့် Tor Browser အားပိတ်ပြီး အထက်တွင် ဖော်ပြထားသော အဆင့်များ အတိုင်းပြန်လုပ်ပါ။

    နှစ်ခါ သို့မဟုတ် သုံးခါ ကြိုးစားသည့် တိုင်အောင် Tor Browser အလုပ်မလုပ် သေးဘူးဆို လျှင် သင် ၏ ISP ကြောင့် Tor ကို အစိတ်အပိုင်းတစ်ခု အဖြစ် ပိတ်ထားခြင်းခံ ရပြီး Tor ၏ bridge feature ကို သုံးရန် သင် ကြိုးစားသင့်သည်။

    pidgin


    Tor IM Browser Bundle အား အသုံးပြုခြင်း

    Tor IM Browser Bundle ဆိုသည်မှာ Tor Browser Bundle ကဲ့သို့ပင်ဖြစ်သည်။ သို့သော် သင့်အား Pidgin multi protocol Instant Messaging client အား အသုံးပြုခွင့် ပေးသဖြင့် အသုံးပြုရန်ပိတ်ထားခြင်း ခံရနိုင်သော ICQ, MSN Messenger, Yahoo! Messenger သို့မဟုတ် QQ စသည့် Instant Messenger protocol များ တွင် စကားဝှက်ဖြင့် chat နိုင်မည်ဖြစ်သည်။

    http://www.pidgin.im/ တွင် Pidgen အကြောင်းဖတ်ရှုနိုင်သည်။

    Tor IM Browser Bundle ကိုဒေါင်းလုပ်ချခြင်း

    Tor IM Browser Bundle ကို https://www.torproject.org/projects/torbrowser မှ တိုက်ရိုက် download လုပ်နိုင်သည်။

    torimdl

    အကယ်၍ သင်၏အင်တာနက် connection သည် နှေးခြင်း သို့မဟုတ် စိတ်ချ မရနိုင်လျှင် https://www.torproject.org/projects/torbrowser-split.html.en တွင် split up version ကို ရရှိနိုင်သည်။

    torimsplitwww

    archive အား auto-extract လုပ်ခြင်း

    စတင်ရန်သင် download လုပ်ထားသော .exe file ကို double-click လုပ်ပါ။

      အောက်ဖော်ပြပါ Window ကို တွေ့လိမ့်မည်။

      extract Tor Browser

      • File များကိုသင် extract လုပ်ချင်သော folder ကို ရွေးပါ။ အကယ်၍ မသေချာလျှင် default value ကို နဂိုအတိုင်း ထားလိုက်ပါ။ ထို့နောက် “Extract” ကို click လုပ်ပါ။
      မှတ်ချက်: အကယ်၍ Tor Browser ကို အခြား ကွန်ပျူတာ (ဥပမာအင်တာနက် ဆိုင်များ ရှိ အများ သုံး ကွန်ပျူတာများ) ပေါ်တွင် အသုံးပြုလိုလျှင် USB key သို့မဟုတ် memory stick ပေါ်သို့ file များ တိုက်ရိုက် extract လုပ်နိုင်သည်။
        • Extract ပြုလုပ်ခြင်း ပြီးဆုံးသွားလျှင် သင်တည်ဆောက်ထားသော folder အသစ်ကို ဖွင့်၍ အောက်တွင် ဖော်ပြထာားသော ပုံနှင့် တူမတူ စစ်ဆေးပါ (“PidginPortable” folder ကို သတိပြုပါ။)
        the Tor IM browser folder after extraction
        • ယခုအခါ သင် မူလက download လုပ်ထားသော “.exe” file (အကယ်၍ သင် split version ကို အသုံးပြုခဲ့လျှင် “.rar” နှင့် “.exe” file များ) ကို လုံခြုံစိတ်ချစွာ delete လုပ်၍ရပြီဖြစ်သည်။

          Tor IM Browser Bundle အားအသုံးပြုခြင်း

          သင် စတင်အသုံးမပြုခင်

          • Firefox ကိုပိတ်ပါ: အကယ်၍သင့် ကွန်ပျူတာပေါ်တွင် firefox browser သွင်းထားလျှင် ၎င်း ကို လောလောလတ်လတ် အသုံးပြုနေခြင်း မရှိစေရန် ဂရုစိုက်ပါ။
          • Tor ကို ပိတ်ပါ : အကယ်၍သင့် ကွန်ပျူတာပေါ်တွင် Tor ကို သွင်းထားလျှင် ၎င်း ကို လောလောလတ်လတ် အသုံးပြုနေခြင်း မရှိစေရန် ဂရုစိုက်ပါ။

          Tor IM Browser ကိုဖွင့်ပါ:

          • “Tor Browser” folder တွင် “Start Tor Browser” ကို double-click လုပ်ပါ။ ထိုအခါ Tor control panel မှ (“Vidalia”) ကို ဖွင့်ပြီး Tor network ကို ဆက်သွယ်လိမ့်မည်။
            Tor starting

            Connection ရရှိသောအခါ

            • Firefox browser window တက်လာသောအခါ TorCheck page ပေါ်လာလိမ့်မည်။ ၎င်းသည် သင် Tor network ကိုဆက်သွယ်နေကြောင်းသေချာ စေရန် ကြက်သွန်နီ အစိမ်းလေးကို ဖော်ပြလိမ့်မည်။
            • အောက်တွင်ဖော်ပြထားသော Pidgin assistant window ပေါ်လာ၍ Pidgin ပေါ်တွင် IM account ပြုလုပ်ရန် invite လုပ်လိမ့်မည်။

            Pidgin and Firefox startup windows

            သင့် screen ၏ ညာဘက်အောက်ထောင့် ရှိ System Tray တွင် Tor icon ကြက်သွန်နီအစိမ်းလေး (အကယ်၍ ဆက်သွယ်ထားသည်ဆိုလျှင်) နှင့် Pidgin icon ကို တွေ့ရလိမ့်မည်။

            Tray bar with Tor and Pidgin on

            Pidgin တွင် IM account ကိုထည့်သွင်းခြင်း

            သင်၏ IM account ကို Pidgin window တွင် ပြင်ဆင်နိုင်သည်။ အဓိက IM services အများစု (AIM, MSN, Yahoo!, Google Talk, Jabber, XMPP, ICQ, ) နှင့် Pidgin ကို တွဲဖက် အသုံးပြု ၍ရသည်။

            Pidgin account set up window

            Pidgin အသုံးပြုပုံနှင့် ပတ်သတ်၍ ထပ်မံလေ့လာလိုလျှင် အောက်ပါ link တွင် ဖတ်ရှုနိုင်သည်။

            http://developer.pidgin.im/wiki/Using%20Pidgin#GSoCMentoring.Evaluations

            Pidgin တွင် setup လုပ်တာ မအောင်မြင်လျှင်

            Tor check with red onion

            အကယ်၍ Vidalia Control Panel ရှိ ကြက်သွန်နီ ပုံလေးမစိမ်းလျှင် သို့မဟုတ် Firefox ပွင့်လာပြီး "Sorry. You are not using Tor" ဆိုသည့် စာမျက်နှာပေါ်လာလျှင် သင် အောက်ပါအချက်များ ကို လုပ်ဆောင်သင့်သည်။

            • Vidalia နှင့် Pidgin ကို ထွက်လိုက်ပါ (အောက်တွင် အသေးစိတ်ကိုဖော်ပြထားသည်)
            • အထက်တွင် ဖော်ပြထားသည့်အတိုင်း(“Using Tor IM Browser”) Tor IM Browser ကို ပြန်ဖွင့်ပါ။

            နှစ်ကြိမ် သုံးကြိမ်ကြိုးစားပြီးသည် အထိ Tor Browser အလုပ်မလုပ်သေးလျှင် သင်၏ ISP မှ Tor ကို တစ်ဆိတ်တစ်ဒေသ ပိတ်ဆို့ထားခြင်းဖြစ်လိမ့်မည်။ Tor ၏ bridge feature ကို အသုံးပြု၍ ယခု လမ်းညွှန်စာအုပ်၏ "Using Tor with Bridges" အခန်းကိုဖတ်ရှုကာ ပြန်လည်ကြိုးစားပါ။

            Tor IM Browser ကိုပိတ်ရန်

            Tor IM Browser မှထွက်ရန် အောက်ပါအချက်များ ကို သင်လုပ်ဆောင်ရန်လိုအပ်သည်။

            • Vidalia မှ ထွက်ရန် သင်၏ tray bar ရှိ ကြက်သွန်နီ ပုံလေးပေါ်တွင် right-click နှိပ်၍ Vidalia contextual menu ရှိ “Exit” ကို နှိပ်ပါ။
              Exit Vidalia
              • Pidgin မှထွက်ရန် tray ပေါ်မှ icon လေးအား right click နှိပ်၍ quit ကိုနှိပ်လိုက်ပါ။
              Exit Pidgin

              Vidalia ကြက်သွန်နီပုံနှင့် Pidgin ပုံတို့  သင့် screen ၏ ညာဘက်အောက် ထောင့် ရှိ Windows System Tray ပျောက်ကွယ်သွားပြီ ဆိုလျှင် Tor IM Browser ပိတ်သွားပြီဖြစ်သည်။

              Tray bar with Tor off

              Tor အား Bridges များဖြင့်အသုံးပြုခြင်း

              သင့်၏ Tor လမ်းကြောင်းသည်ပိတ်ထားခြင်းခံရသည်ဟု သံသယရှိပါက Tor ၏ Bridge Feature ကိုအသုံးပြုနိုင်ပါသည်။ Bridge Feature သည် Tor ၏ဆက်ကြောင်းပိတ်ခံရသောနေရာများမှ လူအများအတွက် အထူးပြုလုပ်ထား ပေးခြင်း ဖြစ်သည်။ (အသုံးပြုရန်အတွက် Tor software ကိုဒေါင်းလုပ်ချ install လုပ်ပြီးသားဖြစ်နေရပါလိမ့်မည်။)

              bridge ဆိုတာဘာလည်း

              Bridge relays သို့မဟုတ် အတိုကောက်အားဖြင့် Bridge လို့ခေါ်သောအရာများသည် Tor ၏ public directory တွင် ဖော်ပြမထားသော relays များဖြစ်သည်။ ပိတ်ပင်ခြင်းမခံရအောင် ဝှက်ထားခြင်းမျိုးဖြစ်သည်။ အကယ်၍ သင့် ISP က အများသိသော tor relays များကိုပိတ်နိုင်သောငြားလည်း bridges များကိုတော့ ပိတ်နိုင်စွမ်းမရှိပါ။

              Bridge များကိုဘယ်လိုရှာမလည်း

              Bridge ကိုအသုံးပြုရန်အတွက် ၊ ပထမဆုံး Bridge ရှိရာကိုရှာပြီး network setting တွင် ထို အချက်အလက်များကိုထည့်သွင်းရပါလိမ့်မည်။ briges@torproject.org  သို့ Gmail အက်ကောန့်တစ်ခုထံမှအီးမေးပို့ပါ။ စာကိုယ်နေရာတွင် get bridge ဆိုပြီးရေးထည့်ပါ။

              gmail

              ချက်ချင်းပင် bridge တစ်ချို့ရဲ့ information ကို ပြန်စာ ရပါလိမ့်မည်။

              setupbridge05_1


              အရေးကြီးသော အချက်များ

              1. စာပို့ရန်အတွက် Gmail account ကိုသာအသုံးပြုရမည်။
              2. အင်တာနက်ကွန်နက်ရှင်နှေးနေပါက https://mail.google.com/mail/h  မှ html version သို့တိုက်ရိုက်အသုံးပြုနိုင်ပါသည်။

              Bridge ကိုအသုံးပြုခြင်းနှင့် Bridge ၏ အချက်အလက်များ ကိုထည့်သွင်းခြင်း

              Bridge အချို့ရဲ့လိပ်စာများကိုရပြီဆိုပါက၊ ကိုယ်အသုံးပြုလိုသော Bridge၏ အချက်အလက်များကိုထည့်သွင်းရပါလိမ့်မည်။

              Tor control panel (Vidalia) ကိုဖွင့်လိုက်ပါ။



              1. Vidalia with "settings" button highlighted
              2. Setting ကိုနှိပ်လိုက်ပါ။ Setting window ပွင့်လာပါလိမ့်မည်။

                Network settings window

              3. Net work ကိုနှိပ်လိုက်ပါ။

              4. "My Firewall only lets me connect to certain ports" နှင့် "My ISP blocks Connections to the Tor network" ဆိုတာကိုရွေးချယ်လိုက်ပါ။
              5. Add a Bridge ဆိုသောကွက်လပ်မှာ အီးမေးမှ တဆင့်ရသော Bridge အချက်အလက်များအား ထည့်သွင်းလိုက်ပါ။
              6. အစိမ်းရောင် + သင်္ကေတလေးကိုနှိပ်လိုက်ပါ။ ခုနထည့်သွင်းထားသော Bridge အချက်အလက်သည် ဝင်သွားပါလိမ့်မည်။

                add bridge info
              7. Window အောက်ခြေမှာရှိတဲ့ OK ကိုနှိပ်ပြီး setting များကိုသိမ်းနိုင်ပါပြီ။



                Validate bridge settings
              8. Tor control panel တွင် tor အားပိတ်ပြီး ပြန်ဖွင့်လိုက်ပါက setting အသစ်ကိုအသုံးပြုနိုင်ပြီဖြစ်ပါသည်။

              မှတ်ချက်

              တတ်နိုင်သမျှ Bridge လိပ်စာများနိုင်သလောက်ထည့်ထားပါ။ အပို bridge လိပ်စာများရှိပါက ပို၍အားထားရပါသည်။ Bridge တစ်ခုတည်းဖြင့် Tor Network ကိုချိတ်ဆက်နိုင်သော်လည်း ၄င်း bridge သည် အပိတ်ခံရလျှင်သော်၎င်း အလုပ်မလုပ်တော့လျှင်သော်၎င်း Tor Network ကိုဆက်သွယ်မှုပြုနိုင်မည်မဟုတ်ပေ။

              Bridge အသစ်များထပ်ထည့်ရန် bridges@torproject.org  မှရသော bridge အသစ်များကို အထက်ပါအဆင့်အတိုင်းထပ်မံပြုလုပ်ရန်လိုအပ်ပါလိမ့်မည်။