အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

HTTPS Everywhere

HTTPS Everywhere ဆိုတာ ကတော့ The Tor Project (https://www.torproject.org) နှင့် the Electronic Frontier Foundation (https://eff.org/) တို့ပူးပေါင်းဆောင်ရွက်နိုင်အောင် firefox မှတီထွင်ထားသော add-on တစ်ခုဖြစ်သည်။ ၎င်းသည် သင်နှင့် major web site များဖြစ်သော google, wikepedia နှင့် ကျော်ကြားသော social network များဖြစ်သည့် facebook နှင့် twitter များ ကြားရှိ ဆက်သွယ်မှုများကို encrypt လုပ်ပေးသည်။

Web ပေါ်ရှိ site များသည် HTTPS ဖြင့် encryption များအတွက် အကူအညီများ ပေးသော်လည်း သုံးရ ခက်ခဲသည်။ ဥပမာ HTTPS ရှိနေရင်တောင် ၎င်းတို့သည် သင့်အား HTTP ဖြင့်သာ default ချိတ်ဆက်ပေးသည်။ သို့မဟုတ် ၎င်းတို့ကို unencrypted site များသို့ပြန်လည် ရောက်သွားနိုင်စေသည့် link များနှင့် encrypted page များဖြင့် ပြည့်နေနိုင်သည်။ website များမှ ပို့နိုင် လက်ခံနိုင်သည့် usernameများ နှင့် password များကဲ့သို့သော data (နည်းလမ်းများသည်)သည် plain text ကဲ့သို့ အသွင်ပြောင်းကာ third party များမှ ဖတ်ရှုရန်လွယ်ကူသည်။

HTTPS Everywhere extension သည် ဤ site များသို့ တောင်းဆိုမှုများအားလုံးကို HTTPS အဖြစ် ပြန်ပြောင်းရေးကာ ပြသနာများကို ဖြေရှင်းနိုင်သည်။ (Extension အား ‘HTTPS Everywhere’ ဟုခေါ်သော်လည်း အချို့ site များတွင် သာ HTTPS activate လုပ်၍ရပြီး သုံးရန် ရွေးချယ်ထားသော site များတွင် သာ HTTPS ကို သုံးနိုင်သည်။site မှ HTTPS ကို Option တစ်ခုအနေနှင့် မပေးထားလျှင် ၎င်းsite သို့လုံခြုံစိတ်ချစွာ သင်မချိတ်ဆက်နိုင်ပေ။)

အချို့ site များတွင် image များ သို့မဟုတ် icon များကဲ့သို့သော HTTPS မရနိုင်သည့် third party domain များမှ လာသော အကြောင်းအရာမျိုးစုံပါဝင်သည်ကို သတိပြုပါ။ ထုံးစံအတိုင်းပင် browser lock icon ပျက်နေပါက သို့မဟုတ် exclamation mark တစ်ခုဖော်ပြထားပါက ထိရောက်သော တိုက်ခိုက်မှုများ သို့မဟုတ် လမ်းကြောင်းလေ့လာသူများ သုံးသော ရန်သူ အချို့ အတွက် သင် အားနည်းနေပေလိမ့်မည်။ သို့သော် သင့် browsing များအား စောင့်ကြည့်ရန် အတွက် လိုအပ်သည့် အားထုတ်မှုများ ကတော့ အသုံးဝင်စေရန် တိုးမြှင့် သင့်ပေသည်။

Gmail ကဲ့သို့သော website အချို့သည် HTTPS ကို အလိုအလျောက်ပြုလုပ်ပေးသော်လည်း HTTPS Everywhere သည် အကယ်၍ သင် ပထမဦးစွာ HTTP version ကို အသုံးပြုရန် ကြိုးစားခဲ့သည်ဆိုလျှင် သင့်ကွန်ပျူတာဆီ မှ site ၏ HTTPS version  အား တိုက်ခိုက်သူ တစ်ယောက်ဝှက်ထားနိုင်သော SSL-stripping attack များမှ သင့် အားကာကွယ် နိုင်သည်။ အခြား သတင်း အချက်အလက်များကို https://www.eff.org/https-everwhere တွင် ရှာဖွေနိုင်သည်။

Install ပြုလုပ်ခြင်း

ပထမဦးဆုံး HTTPS Everywhere ကို ၎င်း၏ official web site မှ download ချပါ။

https://www.eff.org/https-everywhere

နောက်ဆုံး ထုတ်ထားသော version ကို ရွေးချယ်ပါ။ ဖော်ပြပါ example မှာတော့ version 0.9.4 HTTPS Everywhere ကို အသုံးပြုထားပါတယ်။ (အဲ့ဒီထက် သစ်တဲ့ version များကို ယခုအချိန်မှာ ရနေနိုင်ပါပြီ။)

“Allow” ကို နှိပ်ပါ။ ပြီးရင်တော့ “Restart Now” ကို နှိပ်ပြီး Firefox ကို restart လုပ်ရပါမယ်။ ပြီးရင်တော့ HTTPS Everywhere ဟာ install လုပ်ပြီး ဖြစ်သွားပါပြီ။

ပြင်ဆင်မှုများ ပြုလုပ်ခြင်း

Firefox 4(Linux) တွင် HTTPS Everywhere setting panel ကို အသုံးပြုနိုင်ရန် သင့် screen ၏ ဘယ်ဘက်ထောင့် ရှိ Firefox menu ကိုနှိပ်ပြီး Add-ons Manager ကိုရွေးပါ။ (သတိပြုရန်မှာ Firefox version များနှင့် Operating system များပေါ်တွင်မူတည်ပြီး Add-ons manager ၏ တည်နေရာကွဲပြားနိုင်ပါသည်။)

Options button ကို နှိပ်ပါ။

HTTPS redirection rules များနှင့် အသုံးပြုသင့် သော web site များ၏ list ကို တွေ့ရလိမ့်မည်။ အကယ်၍ သင်သည် redirection rule တစ်ခု နှင့် အဆင်မပြေပါက သင်ဒီမှာ ပြန်လည် ၍ uncheck လုပ်နိုင်သည်။ ထိုသို့လုပ်ရာ တွင် HTTPS Everywhere သည် သင့် အား  site များ နှင့် ချိတ်ဆက်မှုများအား ပြင်ဆင်ပေးတော့မည် မဟုတ် ချေ။

အသုံးပြုခြင်း

Enable နှင့် configure လုပ်သည်နှင့် တပြိုင်နက် HTTPS Everwhere သည် သုံးရန် အလွန်လွယ်ကူသော အနေအထားဖြစ်သွားလိမ့်မည်။ မလုံခြုံ သော HTTP URL တစ်ခု ရိုက်ထည့်ပါ။ (ဥပမာ - http://www.google.com)

Enter နှိပ်ပါ။ လုံခြုံသော HTTPS encrypted Web site ဆီသို့ သင် အလိုအလျောက် ပေးပို့ခြင်း ခံရလိမ့်မည်။ (ဥပမာ - https//encrypted.google.com) ဘာမှ လုပ်စရာမလိုပါ။

network မှ HTTP အားအသုံးပြုခွင့်ပိတ်ထားလျှင်

သင့် network operator မှ သင်လုပ်သမျှကို အဆက်မပြတ်ကြည့်ရှုနိုင် ရန် web site တစ်ခု၏ secure version များကို ပိတ်ထားကောင်း ပိတ်ထားလိမ့်မည်။ အဲ့ဒီလိုအချိန်မျိုးမှာ ဆိုရင်တော့ HTTPS Everywhere မှ သင့်အား ထိုသို့သော site မျိုး အသုံးပြုခြင်းမှ တားဆီးလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ၎င်းသည် သင့် browser အား insecure version များကို ဘယ်တော့မှ မသုံးဘဲ secure version ကိုသာ အသုံးပြုရန် force လုပ်သောကြောင့်ဖြစ်သည်။(ဥပမာ airport တစ်ခုက wi-fi network တစ်ခုဟာ HTTP connections များကိုသာ အသုံးပြုခွင့်ပေးပြီး HTTPS connections များကို အသုံးပြုခွင့် မပေးဘူးဆိုပါစို့။ ဖြစ်နိုင်တာက wi-fi operator များမှ user များဘာလုပ် နေတယ်ဆိုတာကို စောင့်ကြည့်ချင်တာလဲဖြစ်နိုင်တယ်။ အဲ့ဒါဆိုရင်တော့ HTTPS Everywhere user များသည် HTTPS Everywhere ကို temporarily disabled မလုပ်ထားလျှင် လေဆိပ်တွင် အချို့သော web site များကို ကြည့်ရှုခွင့်ရမည်မဟုတ်ပါ။)

ဤ နောက်ခံ ဖြစ်ရပ်ထဲတွင် website များသို့ လုံခြုံစွာ ကြည့်ရှုခွင့် အား network အရ ပိတ်ဆို့မှုကို ရှောင်ရှား ရန် Tor သို့မဟုတ် VPN ကဲ့သို့သော circumvention technology နှင့် အတူု HTTPS Everywhere ကို သုံးရန် ရွေးချယ် ကောင်းရွေးချယ်ပေလိမ့်မည်။

HTTPS Everywhere တွင်တခြား website များအတွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်း

သင့် စိတ်ကြိုက် web site များအတွက် HTTPS Everywhre add-on ကို သင့် စိတ်ကြိုက် rules များထည့်နိုင်သည်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ https://www.eff.org/https-everywhere/rulesets. တွင်တွေ့နိုင်သည်။ Rules များထည့်ခြင်း၏ အကျိုးကျေးဇူးကတော့ ၎င်း တို့သည် HTTPS Everywhere အား ထို website များသို့ သင့်ဆက်သွယ်ခြင်းများ မည်သို့ စိတ်ချရအောင်ပို့ရလဲဆိုတာကို သင်ပေးခြင်းဖြစ်သည်။ သတိပြုရန်မှာ HTTPS Everywhere သည် site operator မှ HTTPS အသုံးပြုခွင့် မပေးသော site များကို ကြည့် ခွင့်ပေးမည်မဟုတ်ပါ။ HTTPS အသုံးပြုခွင့်မရှိသော site ဆိုရင်တော့ သင် rules များထည့်လည်းအလကားပဲဖြစ်လိမ့်မည်။

အကယ်၍ သင်သည် web site တစ်ခုကို manage လုပ်နေသူတစ်ယောက်ဖြစ်ပြီး ထို site အတွက် HTTPS version ကို အသုံးပြုခွင့် ပေးထားပြီ ဆိုလျှင် သင့် web site ကို official HTTPS Everywhere သို့ submit လုပ်သင့်သည်။