အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

ရိုးစင်းသော လှည့်ကွက်များ

အင်တာနက် စီစစ်ခြင်း အား ကျော်လွှားရန် နည်းလမ်းမြောက်များစွာ ရှိသည်။ အကယ်၍ သင်သည် သင်ရှိနေ သော နေရာမှ ပိတ်ပင်ထားသော အင်တာနက်စာမျက်နှာများ သို့မဟုတ် ဝန်ဆောင်မှုများ ကိုသာရရှိရန် နှင့် သင်အင်တာနက်အားကျော်လွှား နေသည်ကို တစ်ယောက်ယောက် မှ ကြည်.ရှုနေခြင်း၊ စုံစမ်းနေခြင်းအား ဂရုမ စိုက်၊စိတ်မဝင်စားလျှင် အောက်ပါနည်းလမ်းများ သည်သင့်အတွက် အသုံးဝင်ပေလိမ့်မည်။

  • HTTPS ပိတ်ဆို့ထားသော ဝက်ဆိုက်အား
  • တခြားအမည်တစ်မျိုးဖြင့်ဝင်ရောက်ခြင်း
  • ပိတ်ဆို့ထားသော ဝက်ဆိုက်အား ခြားခံဝက်ဆိုက်တစ်ခုံသုံး၍ ဝင်ရောက်ခြင်းအီးမေးမှတဆင့် ပိတ်ဆို့ထားသော ဝက်ဆိုက် အချက်အလက်များ ရယူုခြင်း

HTTPS ကို အသုံးပြုခြင်း

HTTPS ဆိုသည်မှာ  web site များကြည့်ရန် အသုံးပြုသည့် HTTP protocol ၏ secure version ဖြစ်သည်။

အကယ်၍ သင်ကြည့်ချင်သော site သည် HTTPS ကိုအသုံးပြုခွင့်ပေးထားသည်ဆိုလျှင် http:// URL ပိတ်ထားသည် ဆိုလျှင်တောင်မှ ထို site ၏ URL ကို http:// နှင့်စမည့်အစား  https:// နှင့် ရိုက်ပြီး ကြည့်ရှုနိုင်သည်။

ဥပမာ မြန်မာနိုင်ငံတွင် http://twitter.com သည် ပိတ်ခံထားရပြီး https://twitter.com နှင့်သုံးမှ အဆင်ပြေသည်။

အခြားသော circumvention tools များသို့မဟုတ် technique များကို အသုံးမပြုမီ သင်ကြည့်ချင် သော site ၏ URL ရှိ http ၏နောက်တွင် s ထည့်ကြည့်ပါ။ ထိုသို့ပြုလုပ်နိုင် သည်ဆိုလျှင် သင်ကြည့် ချင်သော site ကိုကြည့်နိုင်ရုံသာမကဘဲ သင်နှင့် ထို site ကြားရှိ traffic ကိုပါ encrypt လုပ်ပြီးသား ဖြစ်သွားလိမ့်မည်။

ထိုနည်းလမ်းနှင့်ပတ်သတ် ပြီး အသေးစိတ်သိလိုလျှင် “Confidentiality and HTTPS” နှင့် “HTTPS Everywher” အခန်းများတွင် ဖတ်ပါ။

ဝက်ဘ်ဆိုက်ဒ် ၏အခြားနာမည်ကို အသုံးပြုခြင်း

Web siteတစ်ခုအား ပိတ်ပင်ရန် သုံးလေ့သုံးထရှိသောနည်းလမ်းများထဲမှ တစ်ခုမှာ ထို web site ၏နာမည် ကိုပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဥပမာ "news.bbc.co.uk” သို့သော်လည်း တခါတရံတွင် ထို web site ကို တခြားနာမည် တစ်ခုတွင် ဖတ်ရှုနိုင်သည်။ "newsrss.bbc.co.uk" အကယ်၍ web site နာမည်တစ်ခုအပိတ်ခံလိုက် ရလျှင် အခြားနာမည်တစ်ခုတွင် ထို web site အား ဖတ်ရှုနိုင်ခြင်းရှိမရှိကို ရှာဖွေပါ။

Web site များမှ Smartphone များအတွက်အထူး တီထွင်ထားသော version များကို လည်း စမ်းသုံး ကြည့်နိုင်သည်။ ၎င်းတို့မှာ URL ရှေ့တွင် “m” သို့မဟုတ် “mobile” ထည့်သွင်းထားခြင်းဖြစ်သည်။ ဥပမာ:

  • http://m.google.com/mail (Gmail)
  • http://mobile.twitter.com/
  • http://m.facebook.com or http://touch.facebook.com
  • http://m.flickr.com
  • http://m.spiegel.de
  • http://m.hushmail.com

ကြားခံ ဝက်ဘ်ဆိုက်ဒ် အားအသုံးပြုခြင်း

Your browser may not support display of this image. မူလ ဝက်ဘ်ဆိုက်ဒ် အားတိုက်ရိုက်ကြည့်ရှုမည့်အစားကြားခံ ဝက်ဘ်ဆိုက်ဒ် များအားအသုံး ပြု၍ထို web site ပေါ်ရှိ အကြောင်းအရာ များကို သင်ဖတ်ရှုနိုင်သည့် နည်းလမ်းမြောက်များစွာရှိသည်။

 

ဆင့်ပွားစာမျက်နှာများ

Search engines တော်တော်များများသည် ၎င်းတို့ယခင်က စာရင်းပြုစုခဲ့သော အင်တာနက် စာမျက်နှာများကို မူပွားကာ ထိန်းသိမ်းထားသည်။ ယင်းတို့အား cached pages ဆင့်ပွား စာမျက်နှာများ ဟုခေါ်သည်။ သင်ဝက်ဘ်ဆိုက်ဒ် များကို ရှာဖွေသောအခါတွင် ရရှိလာသော link များထဲမှ cache ဆိုသော link အားရှာဖွေပါ။ Search engine server များမှ သင်သည် ပိတ်ပင်ခံထားရသော မူလ ဝက်ဘ်ဆိုက်ဒ် ထံမှမဟုတ်ဘဲ ၎င်း၏ မူပွားစာမျက်နှာများ ကိုရရှိပြီး ဖြစ်သောကြောင့် ပိတ်ဆို့ထားသော အကြောင်းအရာများကို သင်သည် ဖတ်ရှုနိုင်ပေလိမ့်မည်။ သို့သော်လည်း တချို.သော နိုင်ငံများတွင် ထို ဆင့်ပွားစာမျက်နှာ များဝန်ဆောင်မှု caching services များကို ပစ်မှတ်ထား၍ ပိတ်ဆို့ နေ သည်လည်းရှိသည်။

 

RSS Aggregators

RSS Aggregators ဆိုသည်မှာ သင့်အားအခကြေးငွေပေး၍ ကြည့်ရှုခွင့်နှင့် RSS feeds ဟုခေါ်သော သင်ရွေးချယ်ထားသော မူလ ဝက်ဘ်ဆိုက်ဒ် မှ ကောက်နှုတ်ထားသော သတင်းများနှင့်အခြား အချက်အလက် များကိုဖတ်ရှုခွင့်ပေးသည်။ RSS ဆိုသည်မှာ"Really Simple Syndication" ဖြစ်သည်။ ၎င်းနှင့် ပတ်သက် သည် များ ကို ပိုမိုသိ ရှိလိုလျှင် http://rssexplained.blogspot.com/ တွင်ဖတ်ရှုနိုင်သည်။ RSS Aggregator တစ်ခုသည် သင်ရွေးချယ်ထားသော သတင်းအချက်အလက်များ ကို ဝက်ဘ်ဆိုက်ဒ် များမှ download လုပ်၍ ဖော်ပြသည်။ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ် ကိုဆက်သွယ်သူမှာ ထိုကြားခံ ဝက်ဘ်ဆိုက်ဒ် aggregator သာဖြစ်ပြီး သင်မဟုတ်သောကြောင့် ထို ဝက်ဘ်ဆိုက်ဒ် အားသင်ကြည့်ရှုခွင့်ရလိမ့်မည်။ ထိုနည်းလမ်းသည် RSS feeds အကြောင်းအရာ များကိုဖော်ပြထားသော ဝက်ဘ်ဆိုက်ဒ် များအတွက်သာ အသုံးဝင် ပေလိမ့်မည်။ ထို့ကြောင့် ထိုနည်းလမ်းသည် blogs များနှင့် သတင်းစာမျက်နှာများအတွက် အလွန်အသုံး ဝင်ပေလိမ့်မည်။ RSS Aggregator များကို online တွင် အခမဲ့အမြောက်အမြားရရှိနိုင်သည်။ လူသိများသော RSS aggregator များတွင် Google Reader (http://reader.google.com) နှင့် Bloglines (http://www.bloglines.com) ပါဝင်သည်။

Google Reader မည်ကဲ့သို့သတင်း ဖော်ပြသည်ကို အောက်တွင်နမူနာ ဖော်ပြလိုက်သည်။


ဘာသာပြန်ဝန်ဆောင်မှု

အင်တာနက်ပေါ်တွင် ဘာသာပြန်သည့် ဝန်ဆောင်မှုများ မြောက်များစွာရှိသည်။ တစ်ခါတစ်ရံ search engines များမှထို ဝန်ဆောင်မှုများ ကို ပေး တတ်သည်။ အကယ်၍ သင်သည် Web site တစ်ခုအား ဘာသာပြန်သည့် ဝန်ဆောင်မှု မှတစ်ဆင့် ကြည့်ရှုနေခြင်း ဆိုလျှင်  ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ်  အား ကြည့်ရှုခွင့်ရသူသည် ထိုဘာသာပြန် ဝန်ဆောင်မှု ဖြစ်ပြီးသင်မဟုတ်ပေ။ ထိုအရာသည် သင့်အားပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ်  ကို ဘာသာပေါင်းများစွာဖြင့်ဖတ်ရှုခွင့်ပေးသည်။

သင်အမှန်တကယ် ဘာသာပြန်ရန်မလိုအပ်တောင်မှ ပိတ်ဆို့ထားခြင်းအားကျော်လွှားရန် ဘာသာပြန် ဝန်ဆောင်မှုအား အသုံးပြုနိုင်သည်။ မူလ ဝက်ဘ်စာမျက်နှာပေါ်ရှိ မူရင်း ဘာသာမဟုတ် သော တစ်ခြားဘာသာစကားတစ်ခုအား ရွေးချယ်ပါ။ ဥပမာ အင်္ဂလိပ်လို ရေးထားသော web site အား ကြည့်ရှုချင်သည် ဆိုလျှင် တရုတ်မှ အင်္ဂလိပ် သို့ဘာသာပြန်ုခြင်းကိုရွေးချယ်ပါ။ ဘာသာပြန် ဝန် ဆောင်မှုသည် web site ပေါ်တွင် လုံးဝမရှိသော တရုတ်စာများကိုသာ ဘာသာပြန် ၍ web site တစ်ခု လုံးဖြစ်သော အင်္ဂလိပ်စာများကို ဘာသာမပြန်ဘဲထားရှိခဲ့သည်။

လူသိများသောဘာသာပြန်ဝန်ဆောင်မှုများတွင် http://babelfish.yahoo.com/  နှင့် http://translate.google.com/ တို့ ပါ ဝင်သည်။

အောက်တွင် ဖော်ပြထားသော ဥပမာ သည် ဝက်ဘ်ဆိုက်ဒ်တစ်ခုအား Babelfish တွင် ကြည့်ရှုရန် လိုအပ်သော အချက်သုံးခုဖြစ်သည်။ ပထမဦးစွာ သင် သွားလိုသော ဝက်ဘ်ဆိုက်ဒ် ၏ နာမည်ကို ရိုက်ထည့်ပါ။  

ထို့နောက် ယင်းဝက်ဘ်ဆိုက်ဒ်အား သင်မည်သည့်ဘာသာစကားနှင့်ဖတ်လိုသည်ကို ရွေးပါ။ ဤဥပမာ တွင် Babelfish က ကိုရီးယားမှ အင်္ဂလိပ်စာ ကို ပြောင်းလဲလိုက်သည်။  ကိုရီးယားစာမရှိသောကြောင့် ထို စာမျက်နှာ သည် ဘာသာပြန်၍မရဘဲ ကျန်ရှိခဲ့လိမ့်မည်။

သင်ဘာသာစကားအားရွေးချယ်ပြီးသောအခါ Translate ကိုနှိပ်ပြီး စာမျက်နှာ ကို ဖွင့်ပါ။

Low-Bandwidth Filters

Low-bandwidth filter များသည် အင်တာနက် connection နှေးသောနေရာများတွင် web site များ ကြည့်ရှု ခြင်းအား လွယ်ကူအောင် ပြုလုပ်ပေးထားသော web service များဖြစ်သည်။ ၎င်းတို့သည် ရုပ်ပုံများ ကြော်ငြာ များ ကိုဖယ်ရှားလျော့ချပေးပြီး ဝက်ဘ်ဆိုက်ဒ်အား data နည်းနည်းပဲ အသုံးပြုစေသည်။ ထို့ကြောင့် download လုပ်ရာတွင် ပိုမိုမြန်ဆန်လာစေသည်။

သင့် ကွန်ပျူတာ မှမဟုတ်ဘဲ ဘာသာပြန်ခြင်း နှင့် သတင်းအချက်အလက် စုစည်းခြင်း  ဝန်ဆောင် မှုများ နှင့် အတူ Low-bandwidth filter များ ၏ server များမှတစ်ဆင့် ရိုးရှင်းသော web site ပိတ်ဆို့ခြင်းများကို ကျော်လွှား နိုင်သည်။ အသုံးဝင်သော ကြိမ်နှုန်းနည်း စီစစ်စက်သည် http://loband.org/ တွင် ရှိသည်။

Web archive

User များသည် အတိတ်မှ web page များ၏ archived version ကို  Archive.org cache (the Wayback Engine – http://www.archive.org/web/web.php) တွင်ရရှိနိုင်သည်။ မြောက်များ လှစွာသော web site များနှင့် ၎င်းတို့နှင့် ပတ်သတ်သော data များ(ဓာတ်ပုံများ၊ source code များ၊ documents များ) စသည်တို့ကို အလွန်ကြီးမားသော database ထဲတွင် သိမ်းဆည်းထားသည်။

သို့သော်လည်း web site တိုင်းကိုတော့ တွေ့နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ web site owner တော်တော်များများ ဟာ ၎င်းတို့၏ site များကို မထည့်သွင်းတတ်ကြလို့ပါပဲ။

အီးမေးလ်များမှတဆင့် ပိတ်ပင်ထားသော web site များအားလေ့လာခြင်း

အီးမေးလ် နှင့် ဝက်ဘ်မေးလ် ဝန်ဆောင်မှုများကို သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များနှင့် အချက်အလက်များ ဝေမျှ ရန်၊ ဝက်ဘ်ဆိုက်ဒ်များကြည့်ရန်အသုံးပြုနိုင်သည်။

အီးမေးလ်မှတဆင့် web page များကို လေ့လာခြင်း

Low-bandwidht filters များကဲ့သို့ပင် နှေးကွေးသော သို့မဟုတ် မယုံကြည်ရသော အင်တာနက် connection ရှိသော နေရာများတွင် နေထိုင်သော လူများအတွက် အီးမေးလ်မှတဆင့် အင်တာနက် စာမျက်နှာများ ကို ကြည့်ရှုနိုင်သော ဝန်ဆောင်မှုများရှိသည်။ ထို ဝန်ဆောင်မှုသည် သင် ကြည့်ရှုချင် သော အင်တာနက်စာမျက်နှာကို attachment နှင့် ဖြစ်စေ စာပိုဒ်နှင့်ဖြစ်စေ အီးမေးလ်ပြန်ပို့သည်။ ထို ဝန်ဆောင်မှုသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဝက်ဘ် စာမျက်နှာများအတွက်  သီးခြား စာ တစ်ခုပို့ရန်လိုအပ် ၍ ပြန်လည်ပို့မည့်စာကိုစောင့်မျှော် ရခြင်းအတွက် အကျိုးသက်ရောက် မှုသိပ် မရှိ ပေ။ သို့သော် အချို.နေရာများတွင် ထိုနည်းလမ်းကိုအသုံးပြုခြင်းသည် ပိတ်ထားသော web site များကို ကြည့်ရှုရန် အလွန်အသုံးဝင်သည်။ အထူးသဖြင့် ယုံကြည်စိတ်ချရသော အီးမေးလ် ဝန်ဆောင်မှုမှ အသုံးပြုလျှင်ဖြစ်သည်။

Web2mail

တူညီသော ဝန်ဆောင်မှုကို web2mail.com တွင် တွေ့ရှိနိုင်သည်။ အသုံးပြုရန် သင်ကြည့်ချင်သော ဝက်ဘ်ဆိုက်ဒ် ၏နာမည် ကို အီးမေးလ် ၏ subject နေရာတွင် ရိုက် ထည့် ၍ www@web2mail.com သို့ပို့ပါ။ ဝက်ဘ်ဆိုက်ဒ် နာမည် မဟုတ်ဘဲ အခြားရှာဖွေ လိုသည့်အရာကို subject ထဲတွင် ထည့်ရိုက် ၍ ရှာဖွေနိုင်သည်။ ဥပမာ သင်သည် ဆင်ဆာအားကျော်လွှားသော circumvention tools များကို ရှာဖွေလိုသည်ဆိုလျှင် "search censorship circumvention tools" ကို အီးမေးလ် ၏ subject နေရာတွင်ရိုက်ထည့်ပြီး www@web2mail.com သို့ အီးမေးလ်ပို့နိုင်သည်။

EmailTheWeb

နောက်ထပ် service တစ်ခုကတော့ http://www.emailtheweb.com တွင်ရရှိနိုင်သော EmailTheWeb ဖြစ်ပါတယ်။ ၎င်းသည် သင့်အား မည်သည့် web page ကိုမဆိ သင်အပါအဝင် လူတိုင်းထံသို့ email ပို့နိုင်သည့် service ကိုပေးသည်။ web page တစ်ခုကို email ပို့ရန် ထို site ပေါ်တွင် register လုပ်ခြင်း သို့မဟုတ် gmail account တစ်ခုရှိရန် လိုအပ်သည်။ ထို free service ကိုသုံး၍ တစ်ရက်လျှင် 25page ပို့နိုင်သည်။

ဤအကြောင်းအရာ နှင့်ပတ်သက်သော သတင်းနှင့် အချက်အလက်များကို ACCMAIL စာပို့စာရင်းတွင် ဖတ်ရှုနိုင်သည်။ လစဉ်ကြေးပေး ၍ သုံးစွဲ လိုလျှင် listserv@listserv.aol.com သို့စာကိုယ် တွင် "SUBSCRIBE ACCMAIL" ရိုက် ၍ အီးမေးလ် ပို့နိုင်သည်။

RSS to e-mail

အချို့သော platforms များသည် web to e-mail service နှင့် ဆင်တူသော service ကိုပေးသည်။ သို့သော် ၎င်းတို့အား simple web page များထက် RSS feeds များအတွက် သုံးကြသည်။ ၎င်းတို့အား အောက်တွင်ဖော်ပြလိုက်သည်။

  • https://www.feedmyinbox.com
  • http://www.myrssalerts.com
  • http://www.feedmailer.net
  • http://blogtrottr.com

FoE

FoE(Feed over Email) သည်လည်း စိတ်ဝင်စားစရာကောင်းသော project တစ်ခုဖြစ်ပြီး ၎င်းကို Broadcasting Board of Governors မှ Sho Sing Ho က တီထွင်ခဲ့သည်။ ယခုစာအုပ်ကို ရေးသား နေချိန်တွင် FoE ဟာ under development ပဲရှိပါသေးတယ်။ FoE ရဲ့ progress ကို http://code.google.com/p/foe-project တွင် ဖတ်နိုင်သည်။

Sabznameh

content via e-mail.

Iran နိုင်ငံတွင်းရှိ Persian မှ filter new များအကြောင်းကို လေ့လာရန် စိတ်ဝင်စားလျှင် Sabznameh သည် သင်ထည့်သွင်းစဉ်းစားသင့် သည့် option တစ်ခုဖြစ်သည်။ Sabznameh သည် independent news consumer များအတွက် ဆင်ဆာလုပ်ထားသော block လုပ်ထားသော သတင်း များကို ရရှိစေနိုင်သည့် ကြီးမားခိုင်ခံ့သော “feeds over e-mail” newsletter platform တစ်ခု ဖြစ်သည်။

Sabznameh ကိုရရှိနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းကတော့ help@sabznameh.com သို့ blank e-mail (subject နှင့် body တွင် ဘာမှမပါသော mail) တစ်ခုပို့လိုက်ပါ။ http://sabznameh.com ဆိုသော web site ကို မကြည့်ရှုနိုင်ရင်တောင် ထိုသို့ပြုလုပ်ခြင်းဖြင့် သင် register လုပ်နိုင်သည်။ သင့်ထံသို့ email တစ်စောင်ပြန်ရောက်လာမည်ဖြစ်ပြီး ထိုemail မှ သင့် အား ရရှိနိုင်သော publication များတွင် register လုပ်ရန် နည်းလမ်းများကို ပေးလိမ့်မည်။

Web mail အသုံးပြု၍ shared documents များကိုဝင်ရောက်ခြင်း

သင်သည် online တွင် အချက်အလက်များဝေမျှရန် ကြိုးစားနေခြင်းဖြစ်ပြီး ကြည့်ရှုနိုင်သည့် လူကို ထိန်းချုပ်ချင်သည်ဆိုလျှင် မှန်ကန်သော password ရှိသူသာကြည့်ရှုနိုင်သည့် ကိုယ်ပိုင် နေရာတွင် ထိန်းသိမ်းထားနိုင်သည်။ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အချက်အလက်များ ဝေမျှရန် ရိုးစင်းသော နည်းလမ်းတစ်ခုမှာ Gmail (https://mail.google.com/) ကဲ့သို့သော email account တစ်ခုထဲကို အသုံးပြု ၍ အချက်အလက်လိုအပ်သူကို Username နှင့် Password ဝေမျှသုံးစွဲ ခြင်းဖြစ် သည်။ ဝက်ဘ်မေးလ်တော်တော်များများ ကိုအခမဲ့ သုံးစွဲနိုင်သောကြောင့်အကောင့် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရန်လွယ်ကူပြီး ထိုသို့လုပ်ခြင်းဖြင့် မိမိတို့ အဖွဲ့အပြင်မှ လူများအား မျက်စိလည်စေသည်။ အခမဲ့ online အီးမေးလ်များကို www.emailaddresses.com/email_web.htm တွင်ရရှိနိုင်သည်။

ကောင်းကျိုး ၊ ဆိုးကျိုး

ထိုနည်းလမ်းများ ကို လွယ်လွယ်ကူကူ နှင့် လျှင်လျှင်မြန်မြန် အသုံးပြုနိုင် ၍အားစိုက်ထုတ်ရန် သိပ်မ လိုအပ်ပေ။ ထိုနည်းလမ်း တော်တော်များများသည် နေရာအနှံ့ အပြားတွင် အနည်းဆုံး ခဏ တော့ အလုပ်လုပ်နိုင်သည်။ သို့သော်လည်း စုံစမ်းရန် နှင့် ပိတ်ပင်ရန် အလွန်လွယ်ကူသည်။ သင်၏ဆက် သွယ် မှုများအား ဖုံးကွယ် မထားခြင်း၊ စကားဝှက်မထားရှိခြင်း တို့ကြောင့် အဓိကစာလုံး များ အား ရှာဖွေ ပိတ်ဆို့ခြင်းနှင့်စောင့်ကြည့်ခြင်း တို့ ကို မတွန်းလှန်နိုင်သေးပေ။