အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Firefox မိတ်ဆက်

Web browser ဘာလဲဆိုတာ ကို သင်သိနေတယ်ဆို ရင် အခု အခန်းကို သင် ဖတ်စရာ မလိုပါဘူး။ မသိသေးဘူးဆိုရင်တော့ browser ဆိုတာ အင်တာနက်ပေါ်က web site တွေကို ကြည့်တဲ့နေရာမှာ သုံးတဲ့ software တစ်ခုပါ။ ရှေ့က အခန်းမှာတော့ အင်တာနက်ဆိုတာ ကွန်ပျူတာ များ အချင်းချင်းချိတ်ဆက် ထားတဲ့ ကွန်ယက် အကြီးစား ဖြစ်တယ် ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ အဲ့ဒီထဲက ကွန်ပျူတာအချို့ကတော့ “Web server” လို့ခေါ်တဲ့ web site များရှိတဲ့ကွန်ပျူတာ များဖြစ်ပါတယ်။ အဲ့ဒီ site များကို သင့်ကွန်ပျူတာ သို့မဟုတ် mobile device တစ်ခုခု ကနေတစ်ဆင့် ကြည့်ရှုချင်တယ် ဆိုရင်တော့ ၎င်း တို့အား ဖော်ပြပေးနိုင်တဲ့ လမ်းကြောင်းတစ်ခု ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒါကို တော့ browser မှလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

လူသိများထင်ရှားတဲ့ browser တွေထဲက တစ်ခုကတော့ firefox ဖြစ်ပါတယ်။ firefox ဟာ အခမဲ့ open web browser တစ်ခုဖြစ်ပြီး ၎င်းကို mozilla foundation မှ ၂၀၀၃ ခုနှစ်မှာ စတင် ဖန်တီးခဲ့ပါတယ်။ firefox ကို Windows, MacOS နှင့် Linux ကဲ့သို့ အဓိက operating system များပေါ်တွင် အသုံးပြုနိုင်ပြီး ၎င်းကို ဘာသာစကား ၇၅ မျိုးထက်မနည်းဘဲ ဘာသာပြန်ပြီး ဖြစ်ပါသည်။ အကောင်းဆုံးချက်ကတော့ ၎င်းကို အခမဲ့ရရှိနိုင်ခြင်းပင်ဖြစ်သည်။

Where to get Firefox

Firefox ကို install လုပ်ချင်ရင်တော့ installation files များ ရရှိနိုင်တဲ့ link ကို ဖော်ပြပေး လိုက်ပါတယ်။

https://www.mozilla.com/en-US/firefox/

အဲ့ဒီ site ကို သင်ကြည့်လိုက်တာနဲ့ သင့် OS(windows, Mac,Linux) နှင့် သင့်တော်တဲ့ installation file ကို တစ်ခါထဲ ဖော်ပြပေးမှာဖြစ်ပါတယ်။ ထို OS တစ်ခုချင်းတွင် firefox install လုပ်ပုံလုပ်နည်းကို အသေးစိတ်သိချင်လျှင်တော့ FLOSS manuals firefox manual link ကို အောက်တွင် ဖော်ပြပေး လိုက်ပါတယ်။

http://en.flossmanuals.net/firefox

What is a Firefox add-on?

သင့်  firefox ကို download လုပ်ပြီး Install လုပ်လိုက်သည်နှင့် ၎င်း သည် browser တစ်ခု၏ အခြေခံလုပ်ဆောင်ချက်များ ကို ချက်ချင်းပြုလုပ်နိုင်ကြောင်းတွေ့ရလိမ့်မည်။ firefox ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင် ပြီး firefox အလုပ်လုပ်ဆောင်ပုံကို ပြောင်းလဲပေးနိုင်တဲ့ add-ons လို့ ခေါ်တဲ့ small additions များကို လည်း ထပ်ဖြည့်နိုင်ပါသည်။ add-ons အမျိုးမျိုးရှိပါတယ်။

  • browser ကို function ပိုစုံအောင်ဖြည့်သော extension များ
  •             firefox ၏ appearance ကို ပြောင်းလဲနိုင်သော themes များ

  •             Flash movies များ java applicatons များကဲ့သို့ ပုံမှန်အားဖြင့် firefox  handle မလုပ်နိုင်သော အရာများကို ဖော်ပြပေးနိုင်သည့် plugins များ

ရရှိနိုင်တဲ့ add-ons တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ ဘာသာစကားအမျိုးမျိုးအတွက် dictionaries များ၊ အခြားနိုင်ငံများ၏ ရာသီဥတု အခြေအနေများကို လေ့လာနိုင်သော add-on၊ သင်ကြည့်နေသော website နှင့် ဆင်တူသော web site များကို suggestion ပေးသော add-on စသည်ဖြင့် အမျိုးမျိုးတွေ့နိုင်သည်။

Firefox ၏ လက်ရှိ add-on များကို (https://addons.mozilla.org/firefox) သို့မဟုတ် category အလိုက် https://addons.mozilla.org/firefox/browse တွင် browse လုပ်နိုင်သည်။

Add-on များကို install မလုပ်ခင် သိရမှာတစ်ခု က ၎င်းသည် သင့် browser မှ တစ်ဆင့် အချက် အလက်တော်တော်များများ ကို ဖတ်ရှုနိုင်သဖြင့် စိတ်ချယုံကြည်ရသော source များမှ ယူရန် အရေးကြီးသည်။ အဲ့လိုမဟုတ်ဘူး ဆိုလျှင်တော့ သင် install လုပ်လိုက်သော add-on သည် သင် မသိလိုက်ဘဲ သင့် အချက်အလက်များကို share ခြင်း၊ သင်ကြည့်သော site များကို မှတ်ထားခြင်း သို့မဟုတ် သင့် ကွန်ပျူတာ ကိုပင် အန္တရာယ် ပေးသည်အထိ လုပ်ဆောင်နိုင်သည်။

Firefox add-on page မှမဟုတ်လျှင် add-on များကို Install မလုပ်ရန် အကြံပေးပါရစေ။ Firefox ကိုလည်း installation files များ အား စိတ်ချရသော soruce မှရရှိချင်း မဟုတ်လျှင် install မလုပ်သင့်ပါ။ အခြားလူတစ်ယောက်၏ ကွန်ပျူတာ သို့မဟုတ် အင်တာနက်ကဖေးတွင် အသုံးပြုခြင်းက သင့် အားဒုက္ခပေးနိုင်သည် ကို သိထားသင့်ပါသည်။

နောက်လာမည့် သုံးခန်းတွင် အင်တာနက်ဆင်ဆာ နှင့် ပတ်သတ်ပြီး အထူးအသုံးပြုနိုင်သော add-on များအကြောင်း ဖော်ပြသွားမည်ဖြစ်သည်။

FIREFOX AND ITS ADD-ONS