အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Freegate

Freegate ဆိုသည်မှာ တရုတ်နှင့် အီရန်တွင် အင်တာနက်ဆင်ဆာများကို ကျော်လွှားရန် DIT-INC မှစတင် ပြုလုပ်ထားသော window user များအတွက် proxy tool တစ်ခုဖြစ်သည်။

http://www.softpedia.com/get/Network-Tools/Misc-Networking-Tools/Freegate.shtml တွင် software အား အခမဲ့ download လုပ်နိုင်သည်။

သင်ပြန် ချဲ့ ရ မည် ဖြစ်သော .zip extension ဖြင့် ဖိုင်တစ်ခု ရလိမ့်မည်။ download ချထားသော ဖိုင်ပေါ်တွင် Right-click နှိပ်ပြီး ‘Extract All’ ကိုရွေးချယ်ပါ။ ပြီးနောက် ‘Extract’ ခလုတ်ကို နှိပ်ပါ။ ဖိုင် မှာ 1.5MB လောက်ရှိလိမ့်မည်။ ထို ဖိုင်၏နာမည်သည် စာလုံးများနှင့် နံပါတ်များပါသော စာလုံးတိုအတွဲလိုက် အဖြစ်မြင်တွေ့ရနိုင်သည်။ (ဥပမာ “fg677pa6.exe’)

Install ပြုလုပ်ခြင်း

ပထမဦး ဆုံး အကြိမ် application အားrun သောအခါတွင် Security Warning တစ်ခု မြင်ရပေမည်။ ‘Always ask before opening this file’ box အား uncheck လုပ်ခြင်း နှင့် Run ကို နှိပ်ခြင်းအားဖြင့် ဤ Security Warning ကို လက်ခံ နိုင်သည်။



Freegate အားအသုံးပြုခြင်း

ယခု application သည် စတင်ပြီး ဆာဗာ အား အလိုအလျောက် ချိတ်ဆက်လိမ့်မည်။



Secure Tunnel အောင်မြင်စွာ စတင်ပြီးနောက် Freegate status Window မြင်ရမည်ဖြစ်ပြီး Internet Explorer အသစ် URL ဖြင့် အလိုအလျောက်ပွင့် လာပေလိမ့်မည်။ သင့် version နှင့် ဘာသာ စကားပေါ်မူတည်၍ “http://dongtaiwang.com/loc/phome.php?v7.07&l=409”  တက်နိုင်သည်။ ယင်းသည် encrypted tunnel မှ တဆင့် သင် Freegate အားမှန်ကန်စွာ အသုံးပြုနေသည် ဆိုသည့် အတည်ပြုချက်ပင် ဖြစ်သည်။



Freegate ထဲမှ ‘Settings’ tab ၏အောက်တွင် သင်လိုချင်သောဘာသာစကားအားရွေးချယ်နိုင်သည်။ (English, Traditional Chinese, Simplified Chinese, Farsi and Spanish) ‘Status’ ၏ အောက်တွင် သင်၏ upload နှင့် download လမ်းကြောင်းများကို Freegate nework မှနေ၍ ကြည့်ရှုနိုင်သည်။ ‘Server’ tab ထဲတွင် မူ သင်၏လက်ရှိ connection ထက် မြန်ကောင်းမြန်နိုင်သည့် server အမျိုးမျိုးကို ရွေးချယ်နိုင်သည်။