အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

UltraSurf

UltraReach Internet Corp တည်ထောင်သူမှ တည်ထွင်လိုက်သော UltraSurf သည် တရုတ်ပြည်မှ internet user များကို censorship များအား ရှောင်ကွင်းရစေရန် ကူညီနိုင်သည့် proxy tool တစ်ခုဖြစ်သည်။ အခြား နိုင်ငံမှ သူများအတွက် လည်း အသုံးဝင်သည်။

General Information

 Support Operating System
 Localization English
 Website http://www.ultrareach.com
 Support FAQ: http://www.ultrareach.com/usercenter_en.htm

Ultrasurf အားဒေါင်းလုပ်ချခြင်း

(Window များအတွက်သာ) Free Software ကို http://www.ultrareach.com သို့မဟုတ် http://www.ultrareach.net/ သို့မဟုတ် http://www.wujie.net တွင် ရယူနိုင်သည်။ (Page ပေါ်ရှိ စာများသည် တရုတ်လိုဖြစ်သော်လည်း download link အားအလွယ် တကူ အင်္ဂလိပ်ဘာသာဖြင့် ရှာနိုင်သည်။)

UltraSurf install လုပ်ခြင်းနှင့် အသုံးပြုခြင်း

သင် ‘u1006.zip’ ဟုခေါ်သော ဖိုင်ကို (version number ပေါ်မူတည်၍) download လုပ်ပြီးသည်နှင့် တပြိုင်နက် ဖိုင်ကို right-click နှိပ်ကာ “Extract All” ကို ရွေးချယ်ခြင်း အားဖြင့် extract လုပ်နိုင်သည်။ ‘u1006’ icon အသစ်အား click နှစ် ချက် နှိပ်ခြင်းဖြင့် application ကို စတင်ပါ။



UltraSurf သည် Internet Explorer ကို အလိုအလျောက် ဖွင့်ပေးပြီး UltraSurf search page http://www.ultrareach.com/search.htm ကို ဖော်ပြသည်။ UltraSurf မှ ဖော်ပြသော Internet Explorer ကို သုံးကာ browsing လုပ်နိုင်ပြီဖြစ်သည်။



UltraSurf ဖြင့် အခြား application များ သင်သုံးချင်ပါက (ဥပမာ Firefox Web browser သို့မဟုတ် Pidgin instant messaging client) Proxy server: IP 127.0.0.1 (သင့် ကွန်ပျူတာ “localhost” ဟုလည်းခေါ်သည်) နှင့် port 9666 ဖြင့် UltraSurf client ကို သုံးရန် ၎င်း တို့အား configure လုပ်ရပေသည်။ UltraSurf main window ထဲမှ Help ကို နှိပ်ခြင်းအားဖြင့် UltraSurf User Guide ကို သင်ဖွင့်နိုင်သည်။

UltraSurf ကို တရုတ်လို (wujie) : http://www.internetfreedom.org/UltraSurf တွင် ကြည့်နိုင်ပြီး

တရုတ် user guide မှာ http://www.wujie.net/userguide.htm တွင် ကြည့်နိုင်သည်။