အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Port များပိတ်ဆို့ထားခြင်းအား ဖြေရှင်းခြင်း

Network firewall များကို port number တစ်ခုဆီ သို့ ညွှန်းပေးသော ဆက်သွယ်မှု များအားလုံးကို ပိတ်ဆို့ရာတွင် သုံးသည်။ Protocol တစ်ခု သို့မဟုတ် network software တစ်ခု သုံးခြင်းကို ကာကွယ်ရန်ကြိုးစားခြင်းတွင် သုံးနိုင်သည်။

၎င်းကန့်သတ်ချက်များကို ရှောင်ရှားရန်အတွက် သုံးရန် ISP များ နှင့် user များ သည် non standard port number များတွင် service များကို အသုံးးပြုရန် စီမံ ရ သည်။ ၎င်းသည် ရိုးရှင်းသော port blocking များကို ရှောင်ကွင်းရန် software အားလုပ်ဆောင်စေသည်။ Software application များကို non standard port numbe များတွင် သုံးရန် အလွယ်တကူ ပြုလုပ်နိုင်သည်။ Web page များအတွက် URL များတွင် URL ညာဘက်ခြမ်းတွင် အလွယ်တကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခု ရှိသည်။ဥပမာ URL http://www.example.com.8000/foo/ သည် default http port 80 ထက် port 8000 ပေါ်မှ example.com သို့ HTTP request လုပ် ရန် web browser ကိုစေခိုင်းနိုင်သည်။ www.example.com ပေါ်မှ web server software သည် port 8000 ပေါ်တွင် တောင်းဆိုမှုများ ပြုလုပ်သည် ဆိုမှ သာ အသုံးဝင်ပေလိမ့်မည်။

port ပိတ်ဆို့ထားမှုအား စမ်းသပ်ခြင်း

Telnet ကို အသုံးပြုကာ သင့် connection ပေါ်မှ မည်သည့် port များ (ရှိခဲ့ပါက) အား ပိတ်ဆို့ ထားသနည်းဆို သည်ကို သင် စမ်းသပ်နိုင်သည်။ Command Line ကို ဖွင့်ပါ၊ ‘telnet login.icq.com 5555’ သို့မဟုတ် ‘telnet login.oscar.aol.com 5555’ ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ ဂဏန်းမှာ သင်စမ်းသပ်ချင်သည့် port ဖြစ်သည်။ ထူးထူး ဆန်းဆန်း သင်္ကေတများ ပေါ်လာပါက connection အောင်မြင်ပြီဖြစ်သည်။

telnet_1

သို့သော် အကယ်၍ computer မှ connection failed, timed out သို့မဟုတ် was interrupted, disconnected သို့မဟုတ် reset ဖြစ်ကာ port ကို ပိတ်ဆို့ထားခြင်းခံရသည် ဟု report တက်လာပါက မအောင်မြင်ပေ။(အချို့ port များကို IP address များဖြင့်ဆက်စပ်နေသော နေရာများတွင် သာ ပိတ်ဆို့ ထားနိုင်သည် ကို သတိပြုပါ။)