အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Your-Freedom


Your-Freedom ဆိုသည်မှာ စီးပွားဖြစ် proxy tool တစ်ခုဖြစ်ပြီး ၎င်းကို အခမဲ့လည်း (ပုံမှန်ထက်ပိုနှေးသည်) ရရှိနိုင်သည်။

ယင်း Software ကို Microsoft Windows, Linux နှင့် Mac OS တို့ဖြင့် အသုံးပြုနိုင်ပြီး နိုင်ငံဆယ်ခုကို ဖြတ်၍ network ပေါင်း ၃၀ လောက်ဖြင့် ဆက်သွယ်ပေးသည်။ အသုံးပြုရန် ရှုပ်ထွေးသော OpenVPN နှင့် Socks ကဲ့သို့ သော နောက်ဆုံးပေါ် နည်းပညာများကို လည်း Your Freedom မှရရှိနိုင်သည်။

General Information

Supported operating system
Localization  20 languages
Web site https://www.your-freedom.net
Support Forum: https://www.your-freedom.net/index.php?id=2
User guide: https://www.your-freedom.net/ems-dist/Your%20Freedom%20User%20Guide.pdf

YOUR-FREEDOM ကိုအသုံးပြုရန်ပြင်ဆင်ခြင်း

ပထမဦးစွာ https://www.your-freedom.net/index.php?id=downloads. ရှိ အခမဲ့ရရှိနိုင်သော tool ကို download လုပ်ပါ။ Java install လုပ်ပြီးသားဆိုလျှင် 2MG မျှသာရှိသော small version ကို download လုပ်နိုင်သည်။ Java install လုပ်ထားခြင်းရှိမရှိ ကို စစ်ခြင်လျှင် http://www.java.com/en/download/testjava.jsp. ကိုသွားပါ။ Java install လုပ်ထားခြင်းမရှိလျှင် 12MB လောက်ရှိသော full installer ကို download လုပ်ရမည်ဖြစ်သည်။ File အားလုံးကို http://mediafire.com/yourfreedom တွင်ရရှိနိုင်သည်။

အကယ်၍သင့် နိုင်ငံအစိုးရသည် အင်တာနက်ကို ဆင်ဆာ လုပ်ထားလျှင် Your-Freedom သည် သင့် အတွက် Sesawe account ဖြင့်အလုပ်လုပ်ပေးလိမ့်မည်။ ( username : sesawe, password: sesawe)။ ထိုအရာအလုပ်မဖြစ်ခဲ့လျှင် account တစ်ခု register လုပ်ရမည်ဖြစ်သည်။ စတင်အသုံးပြုရန် https://www.your-freedom.net/index.php?id=170&L=0 တွင် free account တစ်ခုရယူပါ။

Login Fields အောက်ရှိ “First visit? Click here to register” link ကို click လုပ်ပါ။

နောက်စာမျက်နှာတွင် လိုအပ်သော အချက်များကိုဖြည့်စွက်ပါ။ Username, password နှင့် e-mail address များသာလိုအပ်သည်။ အခြားအချက်ကို ချန်ခဲ့လျှင်လည်း ဖြစ်သည်။

သင့် မှတ်ပုံတင်ခြင်း ကိစ္စ(registration) ပြီးဆုံးတော့မည် ဖြစ်ကြောင်း messageကိုမြင်ရ ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း တွင် သင်ဖြည့်စွက်ခဲ့သော email သို့ email တစ်စောင်ရရှိမည်ဖြစ်သည်။

 သင့် registration ကို confirm လုပ်ရန် ပို၍ရှည်သော ဒုတိယ link ကိုနှိပ်ပါ။

“Thank you” screen ကိုတွေ့ရလျှင် သင့် account သည် activate လုပ်ပြီးဖြစ်သည်။

Install လုပ်ရန်

အောက်ပါ instructions များနှင့် screenshots များသည် Windows OS အောက်တွင်ပြုလုပ်ထားခြင်းဖြစ်ပြီး အခြား operating system များအတွက်လည်း အတူတူပင်ဖြစ်သည်။

Your-Freedom အား install လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။

 

Download လုပ်ထားသော file ပေါ်တွင် click လုပ်ပါ။ New version များ အမြဲထွက်နေသောကြောင့် file name များကွဲပြားလိမ့်မည်။

ပထမဦးဆုံး ပေါ်လာသော screen ပေါ်ရှိ “next” ကိုနှိပ်ပါ။

နောက်ထပ် ပေါ်လာသော screen တွင် ယခု Program ကို သင်တစ်ဦးတည်း အသုံးပြုရန် သို့မဟုတ် အသုံးပြုသူ အားလုံးသုံးရန် ကို ရွေးချယ်ရမည်ဖြစ်သည်။ ရွေးပြီးလျှင် “next” ကို နှိပ်ပါ။

Your-Freedom ကို install လုပ်ရန် directory ကိုရွေးပါ။ အသုံးပြုသူတော်တော်များများ သည် default ကိုရွေးချယ်မည်ဖြစ်သည်။ ပြီးလျှင် “next” ကိုနှိပ်ပါ။

Installer ၏ နောက် screen တစ်ခုတွင် program folder တွင် အသုံးပြုမည့် အမည်ကို ပြောင်းလဲနိုင်မည်။ မပြောင်းလဲဘဲထား ခဲ့၍ “next” ကိုနှိပ်နိုင်သည်။

သင် Desktop ပေါ်တွင် icon ထားရန်မထားရန် ရွေးပါ။ Next ထပ်နှိပ်ပါ။ သင်လုပ်ခဲ့သော decisions များ၏ summary ကိုတွေ့ရမည်ဖြစ်သည်။ Next ကိုနှိပ်ပြီး ၎င်း တို့ကို confirm လုပ်ပါ။ သို့မဟုတ် တစ်ခုခုပြောင်းရန်လိုအပ်လျှင် နောက်သို့ပြန်သွားပါ။

ယခုအခါတွင် စတင် install ပြုလုပ်ပြီဖြစ်ပြီး ကြာချိန်သည် သင်၏ကွန်ပျူတာေါ်တွင်မူတည်လိမ့်မည်။

နောက်ဆုံးတွင် install ပြုလုပ်ခြင်းပြီးဆုံး ပြီဖြစ်သည်. “Finish” ကိုနှိပ်၍ installation program ကိုထွက်ပါ။

Setup

Your-Freedom သည် အလိုလျောက်စတင်မည် ဖြစ်သည်။ နောက်တစ်ကြိမ်အသုံးပြုသော အချိန်တွင် Your-Freedom icon (တံခါးပုံ) ကို နှိပ်၍ အသုံးပြုနိုင်မည်။

Your-Freedom ကိုစတင်အသုံး ပြုလျှင် ၎င်းကို ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်သည်။

ပထမဆုံးအချက်က language ရွေးရန်ဖြစ်သည်။ သင်လိုချင်သော language ပေါ်တွင် click လုပ်ပါ။ ပြီးနောက်တွင် setting များကို change နိုင်လိမ့်မည်။

First start ပြီးပြီဆိုတာနှင့် configuration wizard ကိုတွေ့မှာဖြစ်သည်။ Next ကိုနှိပ်ပါ။

“Proxy Server” dialog တွင် သင်အသုံးပြုနိုင်သော proxy server ကို program မှ auto-detect လုပ်လိမ့်မည်။“Next” ကိုနှိပ်ပါ။

Select Protocols dialog တွင် Default values ကိုသာထားသင့်ပြီး Next ကိုနှိပ်ပါ။

 

ယခုအခါ Your-Freedom configuration wizard မှ အသုံးပြုနိုင်သော server များကို ရရှိရန်နှင့် သင့် connection၊ စီစစ်ခြင်း ပုံစံကို စစ်ဆေးရန် စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်း အတွက် အချိန်အနည်း ငယ်စောင့်ရလိမ့်မည်။

သင့် Friewall မှ warning တစ်ခုကိုပေးလိမ့်မည်။( windows7 မှ နမူနာတစ်ခုကို ဖော်ပြလိုက်သည်။) Your-Freedom ကို အသုံးပြုရန် allow လုပ်နိုင်သည်။

Wizard အဆင်သင့်ဖြစ်သော အခါ သင်သည် Server တစ်ခုရွေးချယ်နိုင်သော “Found Freedom Servers” screen ကို တွေ့ရလိမ့်မည်။ ပြီးလျှင် “next” ကိုနှိပ်ပါ။

အခုဆိုရင် သင် create လုပ်ခဲ့သော account information များကိုဖြည့်စွက်ပါ။ အကယ်၍ မရှိခဲ့လျှင် English@sesawe.net သို့ email ပို့ခြင်ဖြင့် free access ရယူနိုင်သည်။ ပြီးလျှင် next ကိုနှိပ်ပါ။

“Congratulations!” ကို တွေ့ပြီဆိုလျှင် configuration wizard သည်အဆင်သင့်ဖြစ်ပြီဖြစ်သည်။ Save and Exit ပေါ်တွင် click လုပ်ပါ။  Your-Freedom သည်သင့် computer ပေါ်တွင် စတင်လည်ပတ်နေပြီဖြစ်ပြီး ထို icon ကို သင့် task bar ပေါ်တွင် တွေ့ရမည်ဖြစ်သည်။

 

ပိုမို လုံခြုံရန်နှင့် ပိုကောင်းမွန်သော ကျော်လွှားခြင်းများ အတွက်  Your-Freedom main window ပေါ်ရှိ “configure” ကို clickလုပ်ပြီး ၎င်း၏ အောက်တွင် ဖော်ပြထားသော screenshot ရှိ option ကို ရွေးချယ်ပါ။ ပြီးနောက် “Save and Exit”ကိုနှိပ်ပါ။

ယခုအခါ Your-Freedom သည် server တစ်ခုနှင့် ချိတ်ဆက်ပြီး၍ Internet Explorer သို့မဟုတ် Firefox ကဲ့သို့ သင့်စိတ်ကြိုက် software နှင့် အသုံးပြုနိုင်သည့် local proxy တစ်ခုကို ရရှိနိုင်ပြီဖြစ်သည်။ software တစ်ခုစီအတွက် အလိုလျောက် configure ပြုလုပ် စေလိုလျှင် Your-Freedom main window ရှိ “Application” tab ကိုနှိပ်ပြီး  သင်အသုံးပြုမည့် software ကို ရွေးချယ်ကာ OK ကိုနှိပ်ပါ။ Your-Freedom မှ ယင်းsoftware ကို အလိုလျောက် configure ပြုလုပ်၍ အင်တာနက်သို့ စကားဝှက်ပြုလုပ်ထားသော Your-Freedom tunnel ကို ဖြတ်၍ ဆက်သွယ်လိမ့်မည်။

Your-Freedom မှန်ကန်စွာအလုပ် လုပ်နေကြောင်းသေချာ စေရန် https://www.your-freedom.net/ သို့သွားပြီး ဘယ်ဘက်ရှိ “Your Footprint” ကို စစ်ပါ။ သင်ရှိနေသော နေရာကို နိုင်ငံတွင်းမှ မစုံစမ်း နိုင်ဘူးဆိုလျှင် သင်သည် အင်တာနက်ကို encrypted Your-Freedom tunnel ကို ဖြတ်၍ သုံးစွဲနေခြင်း ဖြစ်သည်။

ADVANCED TECHNIQUES