အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

ယခုစာအုပ်နှင့်ပတ်သတ်၍

“Bypassing Internet Censorship” အင်တာနက်ဆင်ဆာကို ကျော်လွှားခြင်း လမ်းညွှန်သည် ဆင်ဆာကို ကျော်လွှားရာတွင် အသုံးများသော နည်းလမ်းများ၊ software အချို့အကြောင်းနှင့် အင်တာနက်ဆင်ဆာ ကျော်လွှားခြင်းကို မိတ်ဆက်ပေးသည်။

အမည်ဝှက်ခြင်း နည်းလမ်းအပြည့်အစုံနှင့် အကြောင်းအရာများ သို့မဟုတ် လုပ်ဆောင်ချက် များကို စုံစမ်းဖော်ထုတ်ခြင်း မှ ကာကွယ်ခြင်း တို့သည် ယခုစာအုပ်တွင်ပါဝင်မည်မဟုတ်ပေ။

ဤစာအုပ်အတွက် ကူညီပံ့ပိုးခဲ့ကြသူများ

 

ဤ စာအုပ်၏ ပထမ version ကို ၂၀၀၈ ခုနှစ်တွင် အမေရိကားနိုင်ငံရှိ လှပသော တောင်ကုန်းတစ်နေရာတွင် ပြုလုပ်ခဲ့သော book sprint (စာအစုအဝေးရေးသားခြင်း) မှစတင်ပေါ်ပေါက်လာပါသည်။  ဤစာအုပ်ဖြစ်ပေါ်လာရန် လူ ၈ ယောက် အလုပ် ၅ ရက်မနေမနားလုပ် ခဲ့ရသည်။

သင်ယခု ဖတ်နေသည့် manual ၏ နောက်ဆုံး version သည် ၂၀၁၁ အစပိုင်း ဂျာမနီ နိုင်ငံ ဘာလင် မြို့ အနီး ရှိ ဒုတိယ book Sprint  တွင်ရေးသားခဲ့သော အကြောင်းအရာများ ပေါင်းစပ် ပါဝင်ပေသည်။ ဤ တစ်ခါတွင်တော့ လူ ၁၁ ယောက် အလုပ် ၅ ရက် မနေမနား လုပ်ခဲ့ရသည်။

ဤ စာအုပ်သည် ခေတ်နှင့် တပြေးညီ ဖြစ်ပြီး online ပေါ်တွင်အခမဲ့ ရယူနိုင်ပြီး သင်ကိုယ်တိုင်လည်း ပြင်ဆင်တည်းဖြတ်နိုင်ပါသည်။  

Book Sprint တွင် ရေးသားခဲ့သော စာအုပ် သည် ရှေ့က ထုတ်ဝေခဲ့သော စာအုပ်များကို ကိုးကားထားပါသည်။ အောက်ပါပုဂ္ဂိုလ်များ မှ အကူအညီကို ယူထားသည်။

Ronald Deibert

Ethan Zuckerman

Roger Dingledine

Nart Villeneuve

Steven Murdoch

Ross Anderson

Freerk Ohling

Frontline Defenders

Hal Roberts, Ethan Zuckerman, Jillian York, Robert Faris, and John Palfrey from The

Berkman Center for Internet & Society at Harvard University

ထိုစာရေးဆရာများ သည် ၎င်းတို့စာအုပ်များကို GPL လိုင်စင်အတွင်းအသုံးပြုရန် ကျွန်ုပ်တို့ကို ခွင့်ပြုခဲ့သည်။ ယခုစာအုပ်ကို FLOSS Manuals ဖြင့် ရေးသားခဲ့သည်။ ယခုစာအုပ်ကို ပြင်ဆင် ချင်သည်ဆိုလျှင် အောက်ပါအချက်များ ကို လိုက်နာပါ။

၁။ မှတ်ပုံတင်ခြင်း

http://en.flossmanuals.net/register  တွင် မှတ်ပုံတင်ပါ။

၂။ဖြန့်ဝေပါ။

ပြင်ဆင်ချင်သော စာအုပ်(http://en.flossmanuals.net/bin/view/CircumventionToolsနှင့် အခန်းကို ရွေးပါ။

မည်ကဲ့သို့ ဖြန့်ဝေရမည်နှင့်ပတ်သတ်၍ မေးလိုလျှင် chat room ထဲသို့ဝင်ပြီး ကျွန်ုပ်တို့ကို မေးမြန်းနိုင်သည်။ သင်၏ ဖြန့်ဝေကို ကျွန်ုပ်တို့စောင့်မျှော်လျက်ရှိသည်။

FLOSS Manuals အသုံးပြုခြင်း နှင့်ပတ်သတ်သည်များကို သိလိုလျှင်ု http://en.flossmanuals.net/FLOSSManuals ရှိ ကျွန်ုပ်တို့ လမ်းညွှန်ကို လေ့လာနိုင်သည်။

၃။ Chat

သင်၏ဖြန့်ဝေမှု့နှင့် ပတ်သတ်၍ ကူညီနိုင်ရန် ကျွန်ုပ်တို့နှင့် စကားပြောရန်အကြံပြုပါသည်။ ထိုသို့စကားပြောရန် ကျွန်ုပ်တို့ထံတွင် Internet Relay Chat (IRC) room ရှိသည်။ သင် IRC အသုံးပြုပုံကို သိလျှင် အောက်ပါ link သို့ဆက်သွယ်နိုင်သည်။

server: irc.freenode.net
channel: #booksprint

IRC မသုံးတတ်လျှင် အောက်ပါ chat software link သို့ဆက်သွယ်နိုင်သည်။

http://irc.flossmanuals.net/

ထို chat sofrware နှင့်ပတ်သတ်သည်များကို အောက်ပါ link တွင် လေ့လာနိုင်သည်။

http://en.flossmanuals.net/FLOSSManuals/IRC

၎။အီးမေးလ် စာရင်းများ (mailing list)

 

FLOSS Manuals နှင့် ပတ်သတ် သည့်အရာအားလုံးကို ဆွေးနွေးရန် ကျွန်ုပ်တို့၏ အီးမေးလ် စာရင်းသို့ ပါဝင်ပါ။

http://lists.flossmanuals.net/listinfo.cgi/discuss-flossmanuals.net

QUICK START