အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Ubuntu တွင် VPN သုံးခြင်း

သင့် operating system အဖြစ် Ubuntu ကို သင်သုံးသည်ဆိုပါက built-in ပါသော Network Manager feauture နှင့် free OpenVPN client ကို သုံးခြင်းအားဖြင့် VPN ကိုသင် ချိတ်ဆက်နိုင်သည်။

OpenVPN သည် aunthentication method မျိုးစုံကို သုံးခြင်းအားဖြင့် VPN network များကို ချိတ်ဆက်မိစေသည်။ ဥပမာ အားဖြင့် အခမဲ့ VPN service တစ်ခု ဖြစ်သော AirVPN ကိုသုံးကာ VPN server ကို မည်သို့ချိတ်ဆက်နိုင်သည်ဆိုတာကို လေ့လာနိုင်သည်။ မည်သည့် VPN serive ကိုဘဲ သင်သုံးသုံး Ubuntu ပေါ်ရှိ OpenVPN အတွက် configuration process သည် အတူတူ ပဲဖြစ်သည်။

NetworkManager တွင့် OpenVPN install လုပ်ခြင်း

သင့် VPN connection ကို ဖွင့်နိုင်ပိတ်နိုင်သော network utility တစ်ခု ဖြစ်သော NetworkManager သည် default အနေဖြင့် Ubuntu ထဲတွင် ပါဝင်သည်။ သင့် system clock ၏ ညာဘက်ခြမ်း screen ပေါ်ရှိ notification area ပေါ်တွင်ရှာနိုင်သည်။

ပြီးနောက် Ubuntu Software Center မှ NetworkManager ဖြင့် အလုပ်လုပ်သော OpenVPN extension တစ်ခုကို ရှာပါ။

  1. သင့် screen ဘယ်ဘက်ထိပ်ရှိ Application menu မှ Ubuntu Software Center ကို ဖွင့်ပါ။


  2. Ubuntu Software Center  သည် သင့်ကွန်ပျူတာပေါ်တွင် ရှာဖွေခွင့် ၊ တပ်ဆင်ခွင့် နှင့် software ကို ဖယ်ရှားခွင့် ပေးသည်။ Window ၏ ညာဘက်ထိပ် ရှိ search box ကို နှိပ်ပါ။

  3. Search Box ထဲတွင် ‘network-manager-openvpn-gnome’ ဟုရိုက်ထည့်လိုက်ပါ။ (OpenVPN ကို enable လုပ်ထားသော NetworkManager အတွက် extension) OpenVPN client အပါအဝင် ယင်း package ထဲတွင် VPN connection အားလုံးကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် လိုအပ်သမျှ ဖိုင်များအားလုံးပါဝင်သည်။ Install ကို နှိပ်ပါ။

  4. Program ကို တပ်ဆင်ရန် Ubuntu မှ additional permission များတောင်းပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက သင့် password ကို ရိုက်ထည့်ကာ Authenticate ကို နှိပ်ပါ။ Package ကို တပ်ဆင်ပြီးသည်နှင့် တပြိုင်နက် Software Center window ကို သင်ပိတ်နိုင်ပြီဖြစ်သည်။



  5. OpenVPN client အား တပ်ဆင်ခြင်း မှန်မမှန် စစ်ရန် NetworkManager ကိုနှိပ်ပြီး (သင့် system clock ၏ ဘယ်ဘက်ရှိ icon) VPN Connections ကို ရွေးချယ်ပါ။> Configure VPN.

  6. . VPN tab အောက်ရှိ Add ကို နှိပ်ပါ။

  7. သင် OpenVPN option ကို တွေ့ပါက အဓိပ္ပါယ် မှာ  Ubuntu ထဲတွင် OpenVPN client ကိုမှန်ကန်စွာတပ်ဆင်ပြီးပြီ ဟု ဆိုလိုခြင်းဖြစ်သည်။ Cancel ကို နှိပ်၍ NetworkManager ကိုပိတ်နိုင်သည်။
    '

AirVPN account မှတ်ပုံတင်ခြင်း

AirVPN (http://www.airvpn.org) ဆိုသည်မှာ free service တစ်ခု ဖြစ်သော်လည်း သင့် VPN connection အတွက် configuration file များကို download လုပ်ရန် သူတို့ Web site တွင် register လုပ်ရန် လိုသည်။

  1. https://airvpn.org/?option=com_user&view=register  သို့ သွားပြီး free account လုပ်ပါ။ သင့် VPN access အတွက် သုံးမည့် password ဖြစ်သောကြောင့် သင် ခိုင်မာသော password တစ်ခု ရွေးချယ်ရန် လိုအပ်ပေသည်။ (Strong password များ အတွက နည်းလမ်းကို ဤစာအုပ်ထဲရှိ ‘Threats and Threat Assessment’ ထဲတွင် ဖတ်ရှုနိုင်သည်။)

  2. ၏ site navigation menu တွင် More>Access with…>Linux/Ubuntu ကို ရွေးချယ်ပါ။

  3. ‘Access without our client’ ကို နှိပ်ပါ။ သင် register လုပ်သော အခါ သုံးသည့် username နှင့် Password အတွက် သင် ပြင်ဆင်ရပေမည်။

  4. NetworkManager ထဲတွင် configure လုပ်ချင်သော VPN Mode (ဥပမာ ‘Free-TCP-53’) ကို ရွေးချယ်ပြီး ကျန်တဲ့ တခြား option များကို နဂို အတိုင်းထားလိုက်ပါ။ page အောက်ခြေရှိ Terms of Service agreement ကို သင် စစ်ဆေး ပြီးကြောင်း သေချာစေပြီး Generate ကို နှိပ်ပါ။



  5. Pop-up window တစ်ခု သည် air.zip file သည် download လုပ်ရန် အဆင်သင့်ဖြစ်ပြီ ကို အသိပေးခြင်းဖြစ်သည်။၎င်းတွင် configuration file များ နှင့် VPN ကို ချိတ်ဆက်ရန် သင်လိုအပ်သည့် credential များပါဝင်သည်။ OK ကို နှိပ်ပါ။

NetworkManager တွင် AirVPN အတွက် ပြင်ဆင်မှုပြုလုပ်ခြင်း

ယခု သင် configuration file များနှင့် credential များ ရနေပြီဖြစ်သော ကြောင့် AirVPN service ကို ချိတ်ဆက်ရန် NetworkManager ကိုသင် configure လုပ်နိုင်ပြီဖြစ်သည်။

  1. သင့် hard drive ထဲရှိ folder တစ်ခု ထဲသို့ သင် download လုပ်ထားသော file ကို unzipလုပ်ပါ။ (ဥပမာ - ‘/home/[yourusername]/.vpn’) ယခု ဖိုင် ၄ ဖိုင်ကို သင်ရပြီဖြစ်သည်။ ‘air.ovpn’ file သည် NetworkManager ဆီ သို့ import လုပ်ရန် လိုအပ်သည့် configuration file တစ်ခု ဖြစ်သည်။
  2. Configuration file ကို တင်ပို့ရန် NetworkManager ကို ဖွင့်ပြီး VPN Connections > Configure VPN ကို သွားပါ။

  3. VPN tab ၏ အောက်တွင် Import ကို နှိပ်ပါ။

  4. သင် ခုန က unzip လုပ်ထားသော air.ovpn ကို နေရာ ချပါ။ Open ကို နှိပ်ပါ။

  5. Window အသစ် ပေါ်လာပေလိမ့်မည်။ နဂို အတိုင်းထား၍ Apply ကို နှိပ်ပါ။

  6. Congratulation! သင့် VPN connection ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး VPN tab အောက်ရှိ connection list တွင် ပေါ်လာမည်ဖြစ်သည်။ အခု NetworkManager ကိုသင်ပိတ်နိုင်ပြီဖြစ်သည်။

VPN connection အသစ်အားအသုံးပြုခြင်း

OpenVPN client ကို သုံးကာ VPN service တစ်ခု ကိုချိတ်ဆက်ရန် NetworkManager ကို configure လုပ်ပြီးသောအခါ Internet censorship ကို ရှောင်ကွင်းရန် VPN connection အသစ် ကို သုံးနိုင်သည်။ စတင်ရန် အောက်ပါအချက်များကို လုပ်ဆောင်ပါ။

  1. NetworkManager menu ထဲတွင် VPN connection များမှ connection အသစ်ကို ရွေးချယ်ပါ။
  2. VPN connection တည်ဆောက်ပြီးသည် အထိ စောင့်ပါ။ ချိတ်ဆက်ပြီးသောအခါ လုံခြုံသော connection တစ်ခု သင်သုံးနေပါသည်ဟုရည်ညွှန်းသော သော့ခလောက်တစ်ခု သင့် NetworkManager icon ၏ ညာဘက်ခြမ်းတွင် ပေါ်လာပေလိမ့်မည်။ VPN connection active ဖြစ်နေသည်ကို သေချာစေရန် cursor အား icon ပေါ်ကို ရွှေ့လိုက်ပါ။

  3. http://www.ipchicken.com ကို ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် သင့် connection status ကို စစ်ဆေးနိုင်သည်။ ဤအခမဲ့ IP-checker သည် သင် airvpn.org server တစ်ခု တကယ်သုံးမသုံး သေချာစေသည်။

  4. VPN မှ disconnect လုပ်ရန်  NetworkManager Menu ထဲတွင် VPN Connections>Disconnect VPN ကို ရွေးချယ်ပါ။ ထိုအခါ သင် သာမန် (filter လုပ်ထားသော) connection ကိုပြန်လည် အသုံးပြုနေပြီဖြစ်သည်။