အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Noscript နှင့် Adblock

သင် ၏ online privacy နှင့် လုံခြုံမှုအတွက် ခြိမ်းခြောက်မှု အားလုံးအား မည်သည့် tool က မှ ကာကွယ်မပေးနိုင်သော်လည်း ဤ အခန်းတွင် ဖော်ပြမည့် Firefox extension များသည် ဖြစ်တတ်သော ခြိမ်းခြောက်မှုများကို သိသိသာသာ လျော့ချပေး ပြီး သင့် အမည်မသိဘဲ နေနိုင်ခွင့် ကို ပိုမိုရရှိစေသည်။

AdBlock Plus

Adblosck Plus (http://www.adblockplus.org) သည် ကြေငြာများ နှင့် အခြား သင့် အားထောက်လှမ်းနိုင်မည့် အကြောင်း အရာ များ အတွက် web page များကို စစ်ဆေးပြီး ပိတ်ဆို့ပေးသည်။ နောက်ဆုံးပေါ် ခြိမ်းခြောက်မှုများ အား ရင်ဆိုင်နိုင်ရန် Adblock Plus သည် volunteers များ မှ ထိန်းသိမ်းထားသော backlist များပေါ်တွင် မှီခိုနေသည်။

AdBlock Plus ကိုအသုံးပြုခြင်း

Firefox ကို install လုပ်ပြီးသည်နှင့် တပြိုင်နက်

  1. http://adblockplus.org/en/installation#release မှ AdBlock Plus latest version ကို download လုပ်ပါ သို့မဟုတ် Firefox’s Add-ons Manager (“Firefox”> “Add-ons”)  ဖြင့် plugin ကို ရှာပါ။
  2. . ‘Install Now’ ကို နှိပ်ခြင်းအားဖြင့် AdBlock Plus အားသင်လို ချင်ကြောင်း အတည်ပြုပါ။

     

  3. AdBlock Plus install လုပ်ပြီးသော အခါ Firefox  ကို ပြန် စတင် ရပေမည်။



filter subscription ရွေးချယ်ခြင်း

Adblock Plus သည် သူ့ဟာသူ တော့ ဘာမှ မလုပ်ပေ။ Website တစ်ခု စီ မှ တင်ရန် ကြိုးစားနေသော element တစ်ခု ခြင်းစီကို မြင်နိုင်သော်လည်း မည်သည် ကို ပိတ်ဆို့ ရမည်ဟု မသိပေ။ AdBlock ၏ Filter များက တော့ လုပ်ပေးသည်။ Firefox ကို ပြန်လည်စတင် ပြီး နောက် အခမဲ့ filter subscription တစ်ခု ကို သင်ရွေးရပေမည်။

မည်သည့် filter subscription ကို သင်ရွေးရမည် နည်း။ Adblock Plus ထဲတွင် dropdown menu ရှိပြီး ထို အထဲတွင် filter အနည်းငယ်ရှိ သည်။ တစ်ခု ခြင်း စီ ၏ အားသာချက်ကို သင် လေ့လာချင်ပေလိမ့်မည်။ သင့် privacy ကို စတင် ကာကွယ်ရန် အတွက် filter ကောင်းတစ်ခု မှာ EasyList တွင်ရှာ နိုင်သည်။ (http://easylist.adblockplus.org/en)

အချို့ မှာ ထပ်နေတတ်သော ကြောင့် ရှိသမျှ subscription တိုင်းကို မထည့်ပါ နှင့်။ မမျှော်လင့်သော ရလာဒ်များ ဖြစ်လာလိမ့်မည်။ EasyList (အင်္ဂလိပ်ဘာသာ site များတွင် ဦးတည်ထားသည်) အခြား EasyList extension များ (ဥပမာ RuAdlist ကဲ့သို့သော region-specific စာရင်းများ သို့မဟုတ် EasyPrivacy ကဲ့သို့သော thematic စာရင်းများ )နှင့် အလုပ်လုပ်နိုင်သည်။ Fanboy’s list နှင့် ၎င်း သည် မှား ယွင်းနိုင်သည် (English language site များကို အဓိက ထားသော အခြား စာရင်း)။

Preference များ အတွင်း တွင် သင် filter subscription ကို ကြိုက်သည့် အချိန်တွင် ပြောင်း၍ ရသည်။ (Ctrl+Shift+E ကို နှိပ်ပါ။) ပြောင်းလဲမှုများ လုပ်ပြီးသည်နှင့် တပြိုင်နက် OK ကို နှိပ်ပါ။

ကိုယ်ပိုင် filters များပြုလုပ်ခြင်း

သင်လို အပ်နေပါက သင် ကိုယ်ပိုင် Filter များဖန်တီး၍ ရသည်။ filter တစ်ခု ထပ်ထည့် ရန် Adblock Plus preference များ (Ctrl+Shift+E) ဖြင့် စတင်ပြီး Window ဘယ်အောက်ခြေထောင့် ရှိ “Add Filter” ပေါ်တွင် နှိပ်ပါ။ ကိုယ်ပိုင် Filter များသည် EasyList ကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသော blacklist များ၏ ကောင်းကျိုး များကို အစားမထိုး နိုင်သော်လည်း public list များထဲတွင် ဖုံးကွယ်ထား ခြင်းမခံရသော ပိတ်ဆို့ထားသော specific contact များအတွက်တော့ အလွန်အသုံးဝင်သည်။ ဥပမာ အခြား web site များ နှင့် facebook ကြားထဲရှိ ဆက်နွယ်မှုများ ကို ကာကွယ်ချင်ပါ က အောက်ပါ filter များကို သင်ထည့်နိုင်သည်။

||facebook.*$domain=~facebook.com|~127.0.0.1

ပထမအပိုင်း (||facebook.*) သည် Facebook domain မှ လာသော အရာမှန်သမျှကို ပိတ်ဆို့ထားလိမ့်မည်။ ဒုတိယ ပိုင်းအနေဖြင့် ($domain=~facebook.com|~127.0.0.1) သင် facebook ထဲတွင် ရှိနေသည့် အခါ သို့မဟုတ် facebook မှ ပြုလုပ်နေသော feature အချို့ ကို သိမ်းရန် သင့် ကွန်ပျူတာ မှ facebook က တောင်းဆိုထားခဲ့ခြင်းမှ တစ်ပါး

 Facebook request များ မှ လွဲ၍ အခြား အရာ များကို filter လုပ်သည်။ သင့် ကိုယ်ပိုင် Adblock Plus Filter များ မည်သို့ဖန်တီးရမည်ဟူ သော နည်းလမ်းများကို http://adblockplus.org/en/filters တွင် ဖတ်ရှုနိုင်သည်။

Web site ပေါ်ရှိ element အချို့အတွက် adblock plus အား လိုချင်သလို ပြင်ဆင်ခြင်း 

သင့် browser ထဲရှိ AdBlock Plus icon (search bar ဘေးတွင် ရှိတတ်သည်)ကို နှိပ်ပြီး ‘Open bloackable items’ များကို ရွေးချယ်ခြင်း ဖြင့် သို့မဟုတ် Ctrl+Shift+V ကို နှိပ်ခြင်းဖြင့် ABP

AdBlock Plus icon

သတ်မှတ်ထားသော element များကို မြင်နိုင်သည်။ သင့် browser အောက်ခြေရှိ window တစ်ခုသည် element တစ်ခု ချင်းစီ အတွက် case by case စဉ်းစားကာ enable သို့မဟုတ် disable လုပ်နိုင်သည်။ အခြားနည်းမှာ domain တစ်ခု အတွက် သို့မဟုတ် ABP icon ကို နှိပ်ခြင်း နှင့် ‘Disable on[domain name]’ option ကို နှိပ်ခြင်း သို့မဟုတ် “Disable on this page only” ဟု ပြုလုပ်ထားသော page ဖြင့် Adblock Plus ကို disable လုပ်၍ ရသည်။

NoScript

NonScript extension သည် JavaScript များအားလုံးကို ပိတ်ခြင်း၊ website တစ်ခု မှ ရပြီး သင့်ကွန်ပျူတာပေါ် တွင် run နိုင်သော Java နှင့် အခြား executable content ကို ပိတ်ခြင်း ဖြင့် browser များကို ကာကွယ်နိုင်သည်။ အချို့ site များကို လှစ်လှူရှုရန် အတွက် NoScript ကို ပြုလုပ်ရန် သူ တို့ အား whitelist ထဲတွင် ထည့်ရန် လိုအပ်သည်။ ပျင်းစရာ အနည်းငယ်ကောင်းသော်လည်း NoScript သည် corss-site scripting(အန္တရာယ်ပေးနိုင်သော site တစ်ခုမှ code ကို တိုက်ခိုက်သူသည် အခြား site တစ်ခု တွင် ထားခြင်း ) နှင့် clickjacking (စာမျက်နှာ တစ်ခုတွင် ရှိသော အန္တရာယ် မရှိသည့် object ကို နှိပ်ခြင်းသည် လှို့ဝှက်ထားသော information များကို ဖော်ထုတ် နိုင်ခြင်း သို့မဟုတ် တိုက်ခိုက်သူအား သင့် ကွန်ပျူတာ ကို ထိန်းချုပ်နိုင်စေခြင်း ) စသော ခြိမ်းခြောက် မှု များ မှ Internet user များကို ကောင်းမွန်စွာ ကာကွယ်နိုင်သည်။ NoScipt ကိုရရှိရန် http://addons.mozilla.org သို့မဟုတ် http://noscript.net/getit. ကို သွားပါ။

NoScript သင့်အား ကာကွယ်သကဲ့သို့ နည်းလမ်းတူသည် Web page ကောင်းများ၏ သွင်ပြင်လက္ခဏာ နှင့် function များကို လည်း ပြောင်းလဲနိုင်သည်။ ကံကောင်းထောက်မ စွာ သင်သည် page တစ်ခု ချင်းစီ သို့မဟုတ် web site များအား NoScirpt မည်သို့ အကျိုးသက်ရောက် သည်ကို ညှိုနှိုင်း၍ ရသည်။  အဆင်ပြေသက်သာ ရေး နှင့် လုံခြုံရေး ကို မျှတအောင် သင် ရှာ သည့် ပေါ်တွင် မူတည်သည်။

Getting started with NoScript အားအသုံးပြုခြင်း

  1. http://noscript .net/getit ရှိ NoScript download section ကိုသွားပါ။ အစိမ်းရောင် ‘INSTALL’ button ကို နှိပ်ပါ။
  2. ‘Install Now’ ကို နှိပ်ခြင်း အားဖြင့် သင် NoScript အားလိုချင်သည် ကို အတည်ပြုပါ။



  3. တောင်းဆို သော အခါတွင် သင့် browser အားပြန်လည်စတင်ပါ။


NoScript သတိပေးချက်များနှင့် Web sites များအား whitelist တွင်ထည့်ခြင်း

စတင်သည် နှင့် တပြိုင်နက် သင့် browser ၏ ညာဘက်အောက်ခြေ တွင် NoScript icon ပေါ်လာလိမ့်မည်။ Status bar သည် လက်ရှိ website ၏ ခွင့်ပြုနိုင်သော အဆင့် သင့် ကွန်ပျူတာပေါ်တွင် ဖော်ပြ နိုင်သည် ကို ညွှန် ပြထားနိုင်သည်။

  •   အပြည့်အဝ ကာကွယ်ခြင်း - လက်ရှိ site နှင့် ၎င်း၏ subframe များအတွက် script များကို ပိတ်ဆို့ထားသည်။ Page များမှ တင်ပို့ထားသော script ရင်းမြစ် အချို့ သင့် whitelist ထဲတွင် ရှိနေသည်ဆိုလျှင်တောင် မှ code များသည် မလုပ်ဆောင်နိုင်ပေ။ (ဖော်ပြထားသော document များသည် enable မလုပ်နိုင်ပေ။)
  •   အလွန်အမင်း တင်းကျပ်ထားခြင်း - မူလ site အား တားမြစ် ထားသော်လည်း အချို့ အရာများ (ဥပမာ frame များ)ကို ဖော်ပြထားသည်။ ဤ ကိစ္စတွင် အချို့ code များ သည် run နေနိုင်သော်လည်း ထို page၏ main script source မှာ ပိတ်ထားခြင်း ခံရဆဲဖြစ်သော ကြောင့် ကောင်းမွန်စွာ အလုပ်လုပ် နိုင်မှာ မဟုတ်ချေ။
  •   ကန့်သတ်မှုဖြင့် ခွင့်ပြုချက်များ - မူလ document အတွက် script များကို ခွင့်ပြုထားသော်လည်း အခြား active element များ သို့မဟုတ် page မှ တင်ပို့ထားသော script source များကို မူ ခွင့်မပြုထားပေ။ စာမျက်နှာ တစ်ခုပေါ်တွင် frame များရှိသည့် အခါ သို့မဟုတ် အခြား platform များ ပေါ်တွင် ဖော်ပြထားသော code နှင့် ဆက်စပ်နေသော script element များ ရှိသည့် အခါတွင် ၎င်းကဲ့သို့ ဖြစ်ပွားသည်။
  •   အများအားဖြင့် ယုံကြည်၍ ရ ခြင်း - page အတွက် script source များအားလုံးကို ခွင့်ပြုသော်လည်း အချို့ ဝှက်ထားသော အကြောင်းအရာများ (ဥပမာ frame များ) ကို ပိတ်ဆို့ထားသည်။
  •   ကာကွယ်မှုကို ရွေးချယ်ခြင်း - အချို့ URL များအတွက် script များကို ခွင့်ပြုထားသည်။ အခြား URL များအတွက် မူ untrusted ဟု သတ်မှတ်ထားသည်။
  •   လက်ရှိ site အတွက် script များ ခွင့်ပြုထားသည်။
  •   script များ ကို ကမ္ဘာ တစ်ဝန်းတွင် ခွင့်ပြုထားသော်လည်း untrusted ဟု ပြုလုပ်ခြင်းခံ ထားရသော အကြောင်းအရာများကို တင်ပြမည်မဟုတ် ချေ။

သင်ယုံကြည်သော site အား သင့် whitelist ထဲတွင် ထည့်ရန် NoScript icon ကို နှိပ်ပြီး အောက်ပါတို့ကို ရွေးချယ်ပါ။

  • “Allow [domain name]” – Domain name တစ်ခု ၏ အောက်တွင် ရှိသော script များကို ခွင့်ပြု ရန် သို့မဟုတ်
  • “Allow all this page”- အခြားတစ်နေရာတွင် ရှိသော်လည်း မူလ web site မှတင်ပို့သော third party script များ အပါအဝင် script execution များကို ပြီး ပြည့်စုံစေရန် ။

(လက်ရှိ browsing session များအတွက် အကြောင်းအရာတင်ပြခြင်းများ ကို ခွင့်ပြုရန် ‘Temporarity allow’ option ကို ပါ သုံး၍ ရ သည်။ site တစ်ခု အား တစ်ကြိမ်သာ လည်ပတ်ချင်သော သူများ အတွက် နှင့် ထိန်းချုပ်ရနိုင်သော size ထဲရှိ သူတို့ ၏ whitelist ထဲတွင် သိမ်းထားချင် သူများ အတွက် အသုံးဝင်သည်။)

အခြားနည်းလမ်းအနေဖြင့် NoScript button အားနှိပ်ခြင်း၊ Option အား ရွေးချယ်ကာ Whitelist tab ကို နှိပ်ခြင်း ဖြင့် whitelist ထဲသို့ domain name များ တိုက်ရိုက်ထည့်နိုင်သည်။

Websites များအား စိတ်မချရသောစာရင်းထဲတွင့်ထည့်ခြင်း

Web site တစ်ခု မှ script များတင်ပြခြင်း ကို ထာဝရ ကာကွယ်လိုလျှင် ၎င်း အား untrusted ဟု သင် mark လုပ်နိုင်သည်။ NoScript icon ကို နှိပ်၊ ‘Untrusted’ menu ကို ဖွင့်ကာ ‘Mark [domain name] as Untrusted’ ကို ရွေးချယ်ပါ။ ‘Allow Scripts Globally’ option အား enable လုပ်ထားလျှင်တောင်မှ သင့် ရွေးချယ်မှုအား NoScript မှ သတိရတော့မည်မဟုတ်ပေ။