အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Domains နှင့် DNS

အကယ်၍ သင်လေ့လာဆန်းစစ်ခြင်း၊ သံသယရှိခြင်း နှင့် သင့် network ပေါ်ရှိ အဓိက censorship technique သည် DNS filtering နှင့် spoofing ပေါ်တွင်မူတည်ခဲ့လျှင် အောက်ပါ နည်းလမ်းများကို စဉ်းစားသင့်ပေသည်။

အခြား Domain Servers သို့မဟုတ် နာမည်များ အသုံးပြုခြင်း

လွယ်ကူစွာပြောရမည်ဆိုလျှင် DNS server တစ်ခု သည် google.com ကဲ့သို့သော လူသားတိုင်းမှတ်လွယ်နိုင်သည့် Internet address ကို 72.14.207.19 ကဲ့သို့သော server တစ်ခု ခု သို့မဟုတ် ထို နာမည်နှင့် ဆက်စပ်နေသော internet  ပေါ်ရှိ server များကို လေ့လာဆန်းစစ်သော IP address အသွင်သို့ ဘာသာပြန်ပေးသည်။ ထို service ကို သင့် Internet Service Provider (ISP) မှ ထိန်းချုပ်သော DNS server များမှတဆင့်  ဝင်ရောက်နိုင်သည်။ ရိုးရှင်းသော DNS blocking ကို user များ ရှာနေသော server များကို နေရာချ ခြင်းမှ ကာကွယ်ရန် DNS request အား မမှန်ကန်သော invalid တုန့်ပြန်မှုများပေးခြင်းဖြင့် အကောင်အထည်ဖော်နိုင်သည်။ censor ဘက်မှ ဤနည်းလမ်းကို အကောင်အထည်ဖော်ရန် အလွန်လွယ်ကူသောကြောင့် အကျယ်တဝင့်သုံးကြသည်။ တခါတရံတွင် censorship method အမျိုးမျိုးပေါင်းစပ်တတ်သောကြောင့် DNS blocking တစ်ခုတည်းပြဿနာ မဟုတ် နိုင်ခြင်းကို သတိပြုပါ။

ယင်းကဲ့သိျု့သာ ပိတ်ဆို့ခြင်းများကို နည်းလမ်းနှစ်မျိုးဖြင့်ရှောင်ကွင်းနိုင်သည်။ - သင့်ကွန်ပျူတာ၏ DNS setting ကို အခြား DNS server အဖြစ်အသုံးပြုရန် ပြောင်းလဲပြစ်ခြင်း သို့မဟုတ် သင့် hosts file ကို ပြင်ဆင်ခြင်းများပြုလုပ်နိုင်ပါသည်။

အခြား DNS server များ

ISP ၏ DNS serve များမှ ပိတ်ဆို့နိုင်သည့် domain address များကို သင့်ကွန်ပျူတာမှ ရှာတွေ့စေရန် third – party server များအား သုံးကာ သင့် နိုင်ငံတွင်း ISP DNS Server များကို သင်ရှောင်ကွင်းနိုင်သည်။ နိုင်ငံတကာ တွင် အခမဲ့ရနိုင်သည့် DNS service မျိုးစုံရှိသည်။ OpenDNS (https://www.opendns.com) မှာ ထိုကဲ့သို့သော service များကို ထောက်ပံ့ပေးပြီး သင့်ကွန်ပျူတာပေါ်တွင် သုံးနေသော DNS server ကို မည်သို့ပြောင်းလဲရမနည်းဟူသော guide များကို ထိန်းချုပ်ပေးသည်။ (https://www.opendns.com/smb/start/computer) ကမ္ဘာတစ်ဝန်းရှိ ရနိုင်သော DNS server များ၏ Updated list ကို လည်း http://www.dnsserverlist.org  တွင်ရှာနိုင်သည်။ ဤ စာရင်းမှာ http://en.cship.org/wiki/DNS  ရှိ Internet Censorship Wiki မှ တဆင့် လူသိများသော DNS service များဖြစ်သည်။ (service အချို့မှာ  သူတို့ဟာသူတို့ site အချို့ ကို ကန့်သတ်ပိတ်ဆို့ထားပြီး သူတို့၏ policy များအကြောင်းကို ပိုမိုလေ့လာရန် provider site များနှင့် တိုင်ပင်ဆွေးနွေးကြသည်။)


လူအများသိသော DNS server များ

Address Provider
8.8.8.8
Google
8.8.4.4
Google
208.67.222.222
OpenDNS
208.67.220.220
OpenDNS
216.146.35.35
DynDNS
216.146.36.36
DynDNS
74.50.55.161
Visizone
74.50.55.162
Visizone
198.153.192.1
NortonDNS
198.153.194.1
NortonDNS
156.154.70.1
DNS Advantage
156.154.71.1
DNS Advantage
205.210.42.205
DNSResolvers
64.68.200.200
DNSResolvers
4.2.2.2
Level 3
141.1.1.1 Cable & Wireless

DNS Server တစ်ခုကို သုံးရန်ရွေးချယ်လိုက်သည်နှင့် တပြိုင်နက်သင့်ရွေးချယ်မှုကို သင့် Operating system ၏ DNS setting များထဲသို့ ရိုက်ထည့်ရန်လိုသည်။

Windows တွင် DNS setting ပြောင်းလဲပုံ

  1. Start Menu အောက်ရှိ control panel ကို ဖွင့်ပါ။


  2. Network and Internet အောက်တွင် ‘View network status and stats’ ကိုနှိပ်ပါ။



  3. Window ညာဘက်ခြမ်းရှိ your wireless connection ကို နှိပ်ပါ။



  4. Wireless Network Connection Status window ပွင့်လာလိမ့်မည်။ Properties ကို နှိပ်ပါ။



  5. Wireless Network Connection Properties Window ထဲတွင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။





  6. အခုဆိုလျှင် သင့်အခြား DNS address (ဥပမာ- Google Public DNS) ကို သတ်မှတ်နိုင်သည့် သင့် Internet Protocol Version 4 (TCP/IPv4) Properties window ထဲကို ရောက်နေပြီဖြစ်သည်။



  7. Window ၏ အောက်ခြေရှိ ‘Use the following DNS server addresses’ ကို နှိပ်၍ သင်ကြိုက်နှစ်သက်သော အခြား DNS server IP information ဖြင့် field များထဲတွင် ဖြည့်ပါ။ ပြီးသွားလျှင် OK ကိုနှိပ်ပါ။ Default အရ ပထမဆုံး DNS server ကို သုံးလိမ့်မည်။ အခြား DNS server မှာ အခြား ကုမ္ပဏီ မှ ဖြစ်နိုင်သည်။

Ubuntu တွင် DNS setting ပြောင်းခြင်း

  1. System menu ထဲတွင် Preferences > Network Connections  များဆီ သွားပါ။



  2. Google Public DNS ကို configure လုပ်ရန် connection ကို ရွေးချယ်ပါ။ Ethernet connection (cable) တစ်ခု အတွက် setting များကို ပြောင်းလဲချင်သည်ဆိုလျှင် Wired tab ကိုရွေးချယ်ပြီး list ထဲရှိ သင့် network interface ကိုသာရွေးချယ်ပါ။ အကယ်၍များ wireless connection တစ်ခု setting များကိုသာပြောင်းလဲခြင်လျှင်တော့ Wireless tab ကို ရွေးချယ်ကာ သင့်လျော်သော wireless network ကိုသာရွေးချယ်ပါ။


  3. Edit ကို နှိပ်ပြီး ပေါ်လာမည့် window ထဲတွင် IPv4 Settings tab ကို ရွေးချယ်ပါ။



  4. အကယ်၍ ရွေးချယ်လိုက်သည့် နည်းလမ်း မှာ Automatic (DHCP) ဆိုလျှင် dropdown menu ကို ဖွင့်ကာ ‘Automatic (DHCP) addresses only’ ကိုသာရွေးချယ်ပါ။ အကယ်၍ နည်းလမ်း မှာ အခြား တစ်ခု သို့သတ်မှတ်ထားပါက ပြန်မပြောင်းပါနှင့်။



  5. DNS servers field ထဲတွင် သင့် အခြား DNS IP information ကို space ခြားပြီးရိုက်ပါ။ ဥပမာ သင် Google DNS ကို ထည့်ခြင်ပါက8.8.8.8 8.8.4.4 ဟုရိုက်ပါ။




  6. ပြောင်းလဲမှုများကို သိမ်းရန် Apply ကို နှိပ်ပါ။ အကယ်၍ password တစ်ခု အတွက် သို့မဟုတ် confirmation တစ်ခု အတွက် သေချာချင်လျှင် password ကိုရိုက်ခြင်း သို့မဟုတ် သင် ပြောင်းလဲမှုလုပ်ချင်သည် ဆိုတာကို အတည်ပြုပါ။



  7. သင် ပြောင်းလဲမှုလုပ်ချင်သည့် network connection တိုင်းအတွက် အဆင့် ၁ မှ ၆ အထိ ထပ်ခါ တလဲလဲ ပြုလုပ်ပါ။

hosts file များကိုပြင်ဆင်ခြင်း

အကယ်၍ website တစ်ခု သို့မဟုတ် သင့် ISP ၏ DNS servers များမှ ပိတ်ဆို့ထားသော အခြား internet service ၏ IP address  ကိုသင်သိပါက ပြင်ပ DNS server များကိုမစစ်ခင် သင့်ကွန်ပျူတာမှ သုံးမည့် IP address ပြည်တွင်း နာမည်စာရင်းနှင့်တူညီသည့် သင့်ကိုယ်ပိုင် ကွန်ပျူတာ၏ hosts file ထဲတွင် ဤ site ကို စာရင်းသွင်းထားနိုင်ပြီဖြစ်သည်။ Hosts file မှာ အလွန်လွယ်ကူသော format များဖြင့်ရေးထားသည့် text file တစ်ခု ဖြစ်သည်။ အကြောင်းအရာမှာ လိုင်းတိုင်းတွင် IPaddress တစ်ခု ပြီးနောက် space ပြီးနောက် နာမည်တစ်ခု ပါဝင်သော 208.80.152.134 secure.wikimedia.org နှင့် တူသည်။ သင့် hosts file တိုင်းသို့ သင် မည်သည့် site မဆို ထည့်နိုင်သည်။ (သို့သော် အကယ်၍ site တစ်ခု အတွက် address မှားယွင်းစွာသုံးမိပါက သင်၎င်းကို မပြင် မချင်း သို့မဟုတ် list မှ မထုတ်မချင်း ထို site ကို ၎င်း နာမည်ဖြင့်ဝင်ရောက်ခြင်းမှ ကာကွယ်လိမ့်မည်။)

သင့် ISP DNS ပိတ်ဆို့ခြင်းကြောင့် site တစ်ခု ၏ IP address ကို သင်ရှာမတွေ့ဘူးဆိုပါက uncensored DNS ကို ရှာဖွေရန် အတွက် service များ ရာချီ ၍ ရှိသည်။ ဥပမာ http://www.dnsstuff.com/tools တွင်ရှိသည့် မည်သည့် tool များကို မဆို သုံးနိုင်သည်။

ISP မျိုးစုံမှ ထောက်ပံ့ပေးထားသော ရှုပ်ထွေးလှသည့် network diagnostic tool များ ရနိုင်သည့် http://www.traceroute.org မှ tool များကို သုံးရန် စဉ်းစားသင့်သည်။ ၎င်း တို့ကို နိုင်ငံတကာ censorship များထက် accidental network outages များကို ဆန်းစစ်ခြင်းများ အတွက်ရည်ရွယ်ထားသော်လည်း censorship ကို ဆန်းစစ်ရန်အတွက်လည်း အသုံးဝင်သည်။ ထို tool များတွင်လည်း server တစ်ခုခု၏ IP address ကိုရှာဖွေနိုင်သည့်စွမ်းရည်များပါဝင်သည်။

Windows Vista / 7 တို့တွင် host files များပြင်ဆင်ခြင်း

သင့် hosts file ကိုပြင်ဆင်ရန် Notepad ကဲ့သို့သော လွယ်ကူရိုးရှင်းသည့် text editor တစ်ခုကိုသုံးရန်လိုအပ်သည်။ Window Vista နှင့် 7 ထဲတွင် သင့် hosts file မှာ ပုံမှန်အားဖြင့် C:\Windows\system32\drivers\etc\hosts ထဲတွင် ရှိတတ်သည်။

  1. Start button ကို နှိပ်ပါ။





  2. Search box ထဲတွင် ‘notepad’ ဟုရိုက်ထည့်ပါ။



  3. Program ကိုသင်ရှာတွေ့သည်နှင့် တပြိုင်နက် ၎င်းအပေါ်တွင် right-click နှိပ်၍ ‘Run as administrator’ ကိုရွေးချယ်ပါ။



  4. ဖိုင်များကို ပြောင်းလဲမှုများပြုလုပ်ရန် window များမှ သင့် ခွင့်ပြုချက်တောင်းမည်ဖြစ်ပြီး Yes ကို နှိပ်ပါ။



  5. File menu အောက်ရှိ Open ကိုရွေးပါ။



  6. C:\Windows\System32\Drivers\etc\ အောက်တွင် folder မှာ အစပိုင်းတွင် ဘာမှ မရှိသည်ကို သင် သတိထားမိပေလိမ့်မည်။


  7. ဖွင့်ထားသော dialog ညာဘက်အောက်ခြေတွင် File များအားလုံးကို ရွေးချယ်ပါ။



  8. ‘hosts’ ဖိုင်ကို ရွေးချယ်ပြီး Open ကို နှိပ်ပါ။





  9. ဖိုင်အဆုံးတွင် ဥပမာ စာကြောင်း "69.63.181.12 www.facebook.com" ကို ရိုက်ထည့်ပါ။ Ctrl+S ကို နှိပ်ခြင်းဖြင့်သော်လည်းကောင်း menu ထဲမှ File>Save ကိုရွေးချယ်ခြင်းဖြင့်သော်လည်းကောင်း သိမ်းပါ။


Edit your hosts file in Ubuntu တွင် host file များ ပြင်ဆင်ခြင်း

Ubuntu ထဲတွင် သင့် hosts file မှာ /etc/hosts ထဲတွင်ရှိသည်။ ပြင်ဆင်ရန် command line အတွက် အသိပညာအချို့ သင်လိုအပ်ပေမည်။ ယင်းfeature နှင့်ပတ်သက်သော အကြောင်းအရာ အကြမ်းဖျဉ်းကို ‘The Command Line’ chapter ထဲတွင်ဖတ်ပါ။

  1. သင့် Applications menu အောက်ရှိ Accessories> Terminal ကို သွားခြင်းဖြင့် Terminal ကိုဖွင့်ပါ။



  2. သင့် hosts file ထဲသို့ Line တစ်ခု အလိုအလျောက် ထည့်ရန် အောက်ပါ command line ကို အသုံးပြုပါ။ echo 69.63.181.12 www.facebook.com | sudo tee -a /etc/hosts



  3. ဖိုင်ကို ပြုပြင်ပြောင်းလဲရန်  သင့် password အတွက် သင်တွန်းအားပေးခြင်းခံရကောင်းခံရနိုင်သည်။ ခွင့်ပြုသည်နှင့် တပြိုင်နက် hosts file ၏ နောက်ဆုံးအကြောင်းတွင် command "69.63.181.12 www.facebook.com" ပေါ်လာလိမ့်မည်။





  4. နောက်ထပ်ရွေးချယ်စရာ တစ်ခု က အကယ်၍ graphical interface တစ်ခု နှင့် အလုပ်လုပ်ရတာ အဆင်ပြေလျှင်တော့ terminal ကို ဖွင့်ကာ text editor တစ်ခုကို စတင်ရန် အောက်ပါ command line ကို သုံးပါ။ sudo gedit /etc/hosts

  5. ဖိုင်ကို ပြုပြင်ပြောင်းလဲရန်  သင့် password အတွက် သင်တွန်းအားပေးခြင်းခံရကောင်းခံရနိုင်သည်။ Window ပွင့်လာသည်နှင့် တပြိုင်နက် ဖိုင်အဆုံးတွင် "69.63.181.12 www.facebook.com" ကို ရိုးရှင်းစွာထည့်လိုက်ပြီး Ctrl+S ကို နှိပ်ခြင်းဖြင့်သော်လည်းကောင်း menu ထဲမှ File>Save ကိုရွေးချယ်ခြင်းဖြင့်သော်လည်းကောင်း သိမ်းပါ။