အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Tor Relay တစ်ခုထောင်ခြင်း

Internet censorship လုံးဝမရှိသည့်နေရာတွင် သင်နေထိုင်သည်ဆိုလျှင် အခြား Tor user များ uncensored Internet တစ်ခုကို ဝင်ရောက်ကြည့်ရှုနိုင်စေရန် Tor relay တစ်ခု သို့မဟုတ် Tor bridge ကို run ရန် သင်လိုအပ်ကောင်းလိုအပ်ပေမည်။

Tor network မှာ bandwidth အားထောက်ပံ့ပေးရန် အတွက် volunteer များပေါ်တွင် အားထားရပေသည်။ Relay များကို လူများများ သုံးလေလေ Tor Network ပိုမြန် ပြီး လုံခြုံလာလေလေ ဖြစ်သည်။ Tor ကို အသုံးပြုကာ Internet Censorship ကို ရှောင်ကွင်းရန် ကြိုးစားသူများကို ကူညီရန် ရိုးရိုး relay ထက် bridge relay တစ်ခု ကိုတည်ဆောက်ပါ။

Bridge relay များ (သို့မဟုတ် အတိုကောက် bridges) သည် Tor main directory ထဲတွင် စာရင်းသွင်းထားခြင်းမခံရသော Tor Relays ဖြစ်သည်။ ISP တစ်ခု သိသမျှ Tor relay များသို့ ဆက်သွယ်နေသော connection များအားလုံးကို filtering လုပ်နေလျှင်တောင် bridge များအားလုံးကို ပိတ်ဆို့ရန် မလွယ် ကူပေ။

Tor node (Tor relay) တစ်ခုထောင်ခြင်းကြောင့် ရင်ဆိုင်နိုင်သည့် အန္တရယ်များ

Tor Node ဆိုသည်မှာ public proxy တစ်ခု ဖြစ်သော ကြောင့် Tor Node တစ်ခုကို run ထားခြင်းသည် ဤဆောင်းပါးထဲတွင် ဖော်ပြထားသော ‘Risks of Operating a Proxy’  ထဲရှိ proxy တစ်ခု ကို run ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ ရရှိနိုင်သည်။ သို့သော် Tor node မှာ နည်းနှစ် နည်းထဲမှ တနည်းနည်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ Exit node တစ်ခု သို့မဟုတ် Middleman node တစ်ခု (တခါတရံ non-exit node ဟုလည်းခေါ်သည်) Middleman node တစ်ခု သည် encrypted traffic အား အခြား Tor node များကို သာ forward လုပ်ပေးပြီး Tor Network ၏ အပြင်ဘက် site များနှင့် တိုက်ရိုက် communicate လုပ်ရန် အမည် မသိသည့် user ကို ခွင့်မပြုချေ။  အခြားnode ပုံစံ ကို run ခြင်းသည် Tor network တစ်ခုလုံး အတွက် အသုံးဝင်သည်။ Exit node မှာ ရှားပါးဖြစ်သော ကြောင့် Exit node တစ်ခု run ခြင်းသည် အနည်းနှင့် အများတော့ အသုံးဝင်သည်။ Middleman node ၏ IP address မှာ log file များပေါ်တွင် ဘယ်တော့မှ ပေါ်လာနိုင်မည်မဟုတ် သော ကြောင့် Middleman node မှာ public proxy တစ်ခု တွင်ဖြစ်ပေါ်လာနိုင်မည့် complaint များ မဖြစ်နိုင်ဘဲ middleman node ကို run ခြင်းသည် အန္တရာယ် ဖြစ်ပေါ်နိုင်ခြေနည်းသည်။

Bridge မှာ exit node တစ်ခု မဟုတ်သောကြောင့် အခြားသူများ မှ bridge node အသုံးအတွက် complaint ပေါ်ပေါက်လာမည်ကို မပူရပေ။

Complaint မဖြစ်ပေါ်စေနိုင်သော်လည်း middleman သို့မဟုတ် bridge node တစ်ခု ကို operate လုပ်ခြင်းသည် အခြား သင့် ISP ကိုယေဘူယျ အကြောင်းအရင်းများအတွက် ဆန့်ကျင်စေသည်။ ဥပမာ ISP သည်Tor network ကို သဘောမတူခြင်း သို့မဟုတ် subscriber များအား  public service တစ်ခုခု ကို operate လုပ်ခြင်းမှ တားမြစ်နိုင်သည်။ Tor exit node တစ်ခု အားမည်သို့ လုံခြုံစွာ run ရမည်ဟုသည့် အကောင်းဆုံးသော လေ့ကျင့်နည်းများကို https://blog.torproject.org/blog/tipsrunning-exit-node-minimal-harassment တွင် ဖတ်ရှုနိုင်သည်။

Relay သို့မဟုတ် bridge relay တစ်ခုထောင်ရန် ဘာလိုသနည်း

Tor relay အား run ရန်အတွက် အခြေခံကျသော နည်းလမ်းအချက် အနည်းငယ်ရှိသည်။

  • Direction နှစ်မျိုးလုံးအတွက် သင့် internet connection bandwidth အနည်းဆုံး 20 kilobytes/ second ရှိရန်လိုအပ်သည်။ (နောက်ပြီး သင့် ကွန်ပျူတာဖွင့်ထားချိန်တွင် သင့် connection များ constantly အဆင်ပြေနေဖို့လိုသည်။)

  • Public route လုပ်နိုင်သည့် IP address တစ်ခု ဖြင့် internet connection တစ်ခု လိုအပ်သည်။ 
  • သင့်ကွန်ပျူတာသည် networkaddresstranslation (NAT) firewall တစ်ခု ၏ နောက်တွင်ရှိပြီး သူ၏ public (or external) IP address တစ်ခု သို့ဝင်ရောက်ခွင့်မရှိပါက သင့် router ပေါ်တွင် port forwarding rule တစ်ခု ချမှတ်ရန်လိုအပ်ပြီဖြစ်သည်။ သင့် router manual သို့မဟုတ် portforward.com ထဲရှိ  ညွှန်ကြားချက်ကို လိုက်နာကာ Tor Universal Plug နှင့် Play facility မှ ဖြတ်၍ သော်လည်းကောင်း manually ဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်သည်။

    (http://portforward.com/english/applications/port_forwarding/HTTPS/HTTPSindex.htm).

ဘာမလိုအပ်ဘူးလဲ။

  • သင့်ကွန်ပျူတာ အမြဲဖွင့်ထားစရာ နှင့် online ဖြစ်နေစရာမလိုပါ။ (Tor directory မှ မည်သည့် အချိန်တွင် လုပ်ရမည်ကို ဖြေရှင်းပေးလိမ့်မည်။)

  • Static IP address ရှိစရာမလိုပေ။

Tor ဒေါင်းလုပ်ချခြင်း

Tor Download လုပ်ရန် https://www.torproject.org/ web site ကို သွားကာ navigation menu ထဲမှ Download ကို နှိပ်ပါ။

Tor Bundles ရနိုင်သော page တွင် သင့် operating system ဖြင့် ကိုက်ညီသော stable version ကိုရွေးချယ်ပါ။

torbun

GNU/Linux တွင် TOR ကို install လုပ်ခြင်း

Tor relay တစ်ခု သို့မဟုတ် bridge ကို တပ်ဆင်နည်းပါသော ညွှန်ကြားချက် ကို https://www.torproject.org/docs/tor-doc-relay.html.en.

တွင်ရှာနိုင်သည်။

Microsoft Windows TOR ကို install လုပ်ခြင်း

Installer ကိုစတင်ပြီး တောင်းဆိုသောအခါတွင် Next ကို နှိပ်ပါ။

အကယ်၍ သင် Firefox ကို အသုံးပြုနေသည်ဆိုလျှင် အောက်တွင်ဖြော်ပထားသော dialog ထဲမှ component များအားလုံးကို install လုပ်ပါ။

Choose components to install 

Firefox install လုပ်ပြီးသားမရှိဘူးဆိုလျှင် Torbutton ကို deselect လုပ်ပါ။ (၎င်းနောက် Firefox နှင့် Torbutton ကို တပ်ဆင်ရန် option ဖော်ပြလိမ့်မည်။)

တပ်ဆင်ခြင်းပြီးဆုံးပါက အောက်တွင်ဖော်ပြထားသည့် ‘Run installed components now’ box  ကို Finish နှိပ်ခြင်းဖြင့် Tor  ကို စတင်နိုင်သည်။

Finish Tor installation 

Tor ကို bridge အနေဖြင့် operate လုပ်ရန် ပြင်ဆင်ခြင်း

သင့် bridge အား activate လုပ်ရန်

  1. Vidalia control panel ကို ဖွင့်ပါ။
  2. Vidalia control panel ထဲတွင် Settings ကိုနှိပ်ပါ။

  3. Settings window ထဲတွင် Sharing ကို နှိပ်ပါ။
    the sharing settings window

  4. Bridge ကို ဖန်တီးရန် ‘Help censorerd users reach the Tor network’ ကို နှိပ်ပါ။
    Activate a bridge

  5.  Local network ပေါ်ရှိ NAT IP address ကို သင်သုံးနေသည်ဆိုလျှင် သင့် router ထဲတွင် port forwarding rule တစ်ခု ဖန်တီး ရန် လိုအပ်ပေလိမ့်မည်။ Tor အား သင့်အတွက် port forwarding configure လုပ်ဖို့ကြိုးစား ရန်စေခိုင်းနိုင်သည်။ ထိုသို့လုပ်ရန် ‘Attempt to automatically configure port forwarding’ ကို နှိပ်ပါ။
    setupRelay02

  6. Router ထဲတွင် port forwarding setting တစ်ခု အောင်မြင်စွာ Tor မှ ဖန်တီး ပြီးမပြီးကို စမ်းသပ်ရန် Test ကို နှိပ်ပါ။
setupRelay03

Tor က port forwarding ကို configure မလုပ်နိုင်ဘူးဆိုပါက ဤ ခေါင်းစဉ်ထဲရှိ Tor FAQ ကို ဖတ်ပါ။ https://trac.torproject.org/projects/tor/wiki/TheOnionRouter/TorFAQ#ServerForFirewalledClients

Congratulations. အားလုံးအဆင်ပြေသည်ဆိုလျှင် သင့် bridge ပေါ်လာပြီး run လိမ့်မည်။ သင့် bridge information ကို ဖုံးကွယ်ထားသော bridge directory ထဲတွင် ထည့်၍ တောင်းဆိုသော user များအတွက် အလွယ်တကူ ရနိုင်ရန် ပြုလုပ်ထားသည်။

သင့် Bridge အား မိတ်ဆွေများဖြင့် ဝေမျှခြင်း

သင့် bridge အား သူငယ်ချင်းတစ်ယောက် Tor network ကို ဝင်ခွင့်ရရှိရန် အတွက်ကူညီရန် ရည်ရွယ်တည်ဆောက်ထားခဲ့သည်ဆိုလျှင် Settings window အောက်ခြေရှိ သတင်းအချက်အလက်ကို copy လုပ်နိုင်ပြီး သူ့ဆီ ပို့နိုင်သည်။

setupRelay04