အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

Alkasir

Alkasir ဆိုသည်မှာ tracking,analysis နှင့် web site ဆင်ဆာများကို ကျော်လွှားသော circumvention များကို အထောက်အကူပြုသည့် Innovative server/client tool တစ်ခုဖြစ်သည်။ Alkasir ကို Middle East တွင်အသုံးများသော် လည်း တစ်ကမ္ဘာလုံးမှအသုံးပြုနိုင်သည်။

၎င်းသည်အထူးရည်ညွှန်းထားသော client software( dedicated client software) ကိုအသုံးပြုပြီး proxy server များမှ အထောက်အကူပြုထားသည်။ ၎င်း၏ innovative feature မှာ block လုပ်ခံထားရသော site များ၏ list ကို semi-automatic update များမှရယူပြီး အမြဲ up-to-date ဖြစ်အောင် လုပ်ခြင်းဖြစ်သည်။ ၎င်း၏ တစ်ကမ္ဘာလုံးမှ User များအား block လုပ်ခံရသော site များကို report လုပ်ပေးလေ့ရှိသည်။

General information

Supported operating system
Localization English နှင့် Arabic
Web site https://alkasir.com
Help https://alkasir.com/help
FAQ https://alkasir.com/faq
Contact https://alkasir.com/contact

Alkasir အလုပ်လုပ်ပုံ

Alkasir သည် ဆန်းသစ်ပြီး complementary feature အသစ်နှစ်ခုကို ထည့်သွင်းပေးထားသည်။ ၎င်းကို ( Mozilla firefox ပေါ်တွင် base လုပ်၍) web browser တစ်ခုအဖြစ် design လုပ်ထားသည်။ Configured လုပ်ပြီးသား (pre-configured)  HTTP proxy တစ်ခုပါပြီး block လုပ်ခံထားရသော URLs database များကို self learning လုပ်နိုင်သည်။

အင်တာနက်ဆင်ဆာ ကျော်လွှားခြင်း

Alkasir သည် block URLs များကို ကြည့်ရှုရန် ၎င်း၏ blocked URLs database နှင့် built-in proxy  များပေါ်တွင်သာ relies လုပ်လေ့ရှိသည်။ Non-blocked URLs များကို ကြည့်ရှုရန် proxy request မလိုဘဲ တိုက်ရိုက် access လုပ်နိုင် သည်။ ကောင်းမွန်သော bandwidth usage ကို လိုအပ်သော အချိန် နှင့် non blocked web page များကို ပိုမိုလျင်မြန်စွာ ဝင်ရောက်ကြည့်ရှုလိုသည့် အခါတွင် HTTP proxy ကို သုံးသည်။ (တိုက်ရိုက်ကြည့်ရှု၍ ရသော web page များပိုမို မြန်ဆန်သောကြောင့်ဖြစ်သည်။)

ပိတ်ထားသော URLs database အား အချိန်နှင့်တပြေးညီ update ပြုလုပ်ခြင်း

URL တစ်ခု block လုပ်ခံရသည်ဟုသံသယ ရှိလျှင် user တစ်ဦးမှ software interface မှတစ်ဆင့် report လုပ်နိုင်သည်။ Alkasir မှ ထို report ကို စစ်ဆေးပြီး နိုင်ငံတစ်နိုင်ငံ၏ moderator တစ်ဦးအား database ထဲသို့ ထို URL ကိုထည့်စေသည်။ (database ကို အမြဲ အဆင်သင့်ဖြစ်အောင်ထိန်းသိမ်းရန် နှင့် လိင်မှုဆိုင်ရာ ကဲ့သို့သော မလိုလားအပ်သော အကြောင်းအရာများ ဝင်ရောက်ခြင်းကို ကာကွယ်ရန်တို့ဖြစ်သည်။

“Blocked content unit” (အချို့နိုင်ငံများတွင် block လုပ်ခြင်းခံရသော website) တစ်ခုသည် တစ်ခုထက်ပိုသော URL များရှိတတ်သည်။ Alkasir မှ နိုင်ငံအချို့တွင် block လုပ်ခံရသော URL ကိုတွေ့ပြီဆိုသည်နှင့် ထို page ပေါ်ရှိ အခြား URLs referenced များသည်လည်း block လုပ်ခံရခြင်း ရှိမရှိ စစ်ဆေးလေ့ရှိသည်။ ထို့ကြောင့် Alkasir သည် ၎င်း၏ blocked content database ကို ရိုးရှင်းသော primitive ဖြစ်သော၊ one-level spidering နည်းပညာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

အကယ်၍ Alkasir အသုံးပြုသူတစ်ဦးသည် URL တစ်ခုကို proxy မှတစ်ဆင့်မဟုတ်ဘဲ direct request လုပ်လို့မရဘူး ဆိုလျှင် user သည် ထို URL ကို database ထဲတွင် မပါသေးသော Blocked URL ဟုတ်မဟုတ် စစ်ဆေးမည်ဖြစ်ပြီး ဟုတ်ပါက database ထဲသို့အလိုလျောက်ထည့်မည်ဖြစ်သည်။

အောက်ပါ လိပ်စာတွင် database ရှိသည်။ https://alkasir.com/map.

အကျဉ်းချုပ်ဆိုရသော် Alkasir ၏ ပိတ်ဆို့ထားသော URLs database ကို Alkasir user တိုင်းက ဆက်တိုက်ဆိုသလို ထည့်သွင်းထားပြီး (လူကိုယ်တိုင်ထည့်သွင်းခြင်း သို့မဟုတ် အလိုအလျောက်တင်ပြချက်) Alkasir browser မှာ ပိတ်ဆို့ထားသော URLs တောင်းဆိုမှုများကို proxy မှ တဆင့် ညွှန်း ပြခြင်းဖြင့် global tool ၏ reactivity ကို ပိုမိုကောင်းမွန်စွာပြုလုပ်ရန် ဤ database ပေါ်တွင် မှီခိုနေရသည်။

Alkasir ကိုဘယ်ကနေ ရနိုင်သလည်း

Alkasir ကို website မှတိုက်ရိုက် download လုပ်နိုင်သလို email မှလည်းရယူနိုင်သည်။

Alkasir ကို website မှတဆင့် ဒေါင်းလုပ်ချခြင်း

Alkasi    official website ထံမှ လည်း Alkasir ကို ရယူနိုင်သည်။ https://alkasir.com

Operating system နှင့် သင့်တွင်ရှိသော program များပေါ်မူတည်၍ အောက်ပါ version ထဲမှ တစ်ခုကိုရွေးချယ်ရပေမည်။

  • အကယ်၍ သင့်တွင် Window Vista သို့မဟုတ် Windows 7 ရှိပြီး Mozilla Firefox ကို သွင်းထားပါက "Alkasir Installation package" သာလိုအပ်ပေလိမ့်မည်။ (installation လုပ်ရန်လိုသည်။ size: 3 MB)
  • မဟုတ်ဘူးဆိုလျှင် "Alkasir Complete Installation package" ကို download လုပ်ရန်လိုသည်။ (installation လုပ်ရန်လိုသည်။ size: 41.04 MB)

သင်အသုံးပြုနေသော ကွန်ပျူတာထဲတွင် Alkasir ကို အမြဲမတပ်ဆင်လိုဘူးဆိုလျှင်တော့ (ဥပမာ အင်တာနက်ဆိုင်တွင်း နှင့် စာကြည့်တိုက် ရှိ ကွန်ပျူတာ) Alkasir USB version နှစ်မျိုးထဲမှ တစ်မျိုးကို download လုပ်နိုင်သည်။

  • Mozilla မပါဘဲ Alkasir USB package (Installation လုပ်ရန်မလို - သယ်ယူရလွယ်ကူ - Mozilla Firefox တော့လိုအပ်သည်။ size:4MB)
  • Mozilla browser ဖြင့် Alkasir USB package (Installation လုပ်ရန်မလို - သယ်ယူရလွယ်ကူ size: 12MB)

Version နှစ်မျိုးစလုံး တွင် Widows Vista နှင့် Windows 7 operating system များအားလုံးပေါ်တွင် ကြိုတင်တပ်ဆင်ထားတတ်သော .Net Framework ကို တပ်ဆင်ရန်လိုအပ်သည်။

နောက်တနည်းမှာ ပုံမှန် update များ နှင့် Alkasir မှ သတင်းများကို email မှတဆင့် ပုံမှန်ရစေရန် account တစ်ခု register လုပ်နိုင်သည်။ Update များကို ပုံမှန်ဖော်ပြသောကြောင့် official website များမှ နောက်ဆုံး version ကို သင်ရရှိရန်လိုအပ်သည်။

Alkasir ကို e-mail မှတဆင့် တောင်းခံခြင်း

သင့် နိုင်ငံတွင်းတွင် Alkasir website ကိုပိတ်ဆို့ထားလျှင် email autoresponder ထံမှ installation file ကိုရနိုင်သည်။ Installation file ကို attachment အနေနှင့် တောင်းဆိုရန် get@alkasir.com ဆီသို့ email အလွတ်တစ်ခု သာ ပို့လိုက်ပါ။

ပြန်စာအနေဖြင့် Alkasir ဆော့ဝဲနှင့်အတူ သွင်းပုံသွင်းနည်း လမ်းညွှန်တစ်ခုပါ လက်ခံရရှိပါလိမ့်မည်။

အကယ်၍ အီးမေး မရရှိပါက get@alkasir.com ကို contact အဖြစ်ထည့်မှသာ spam အဖြစ်သတ်မှတ်မခံရနိုင်မည်ဖြစ်ပါသည်။

Install ပြုလုပ်ခြင်း

ဒေါင်းလုပ်ချပြီးသည်နှင့် တပြိုင်နက် ဆော့ဝဲ icon ကို double click ခေါက်ပါ။

လုံခြုံရေးဆိုင်ရာ သတိပေးချက်ရလာပါလိမ့်မည်။ Run သို့မဟုတ် Accept ကိုနှိပ်ပါ။

Alkasir သွင်းခြင်း အဆင့်ဆင့်လမ်းညွှန် အား Next နှိပ်ခြင်းဖြင့် ရှေ့ဆက်သွားပါ။

သွင်းလိုသော တည်နေရာကို ပြောင်းနိုင်ပါသည်။ (မပြောင်းလျှင်လည်းသင့်တော်ပါသည်)

အဆင်သင့်ဖြစ်လျှင် Next ကိုနှိပ်ပါ။

လုံခြုံရေး သတိပေးချက်ကို အတည်ပြုရန် Yes ကိုနှိပ်ပါ။

Install လုပ်ပြီးလျှင် Close နှိပ်လိုက်ပါ။

Alkasir အသုံးပြုပုံ

Window စလိုက်တာနှင့် Alkasir လည်း တစ်ပြိုင်တည်းအလုပ်လုပ်ပါသည်။ ဆော့ဝဲ run မ run စစ်ဆေးရန် system task bar ရှိ နာရီလေးနားတွင် Alkasir icon လေးကို ကြည့်နိုင်ပါသည်။

 Right Click ကိုနှိပ်လိုက်လျှင် configuration menu ကျလာလိမ့်မည်။

  • Browser စတင်ရန်
  • Alkasir interface ဖွင့်ရန်
  • ပိတ်ထားသော URL များကို သတင်းပို့ရန်

Alkasir ၏ main interface တွင် ဆော့ဝဲ၏ လုပ်ဆောင်ချက် အကုန်လုံးကိုတွေ့နိုင်သည်။ Main interfae မှအောက်ပါတို့ကိုလုပ်ဆောင်နိုင်ပါသည်။

ပထမဦးစွာ Alkasir browser ကိုဖွင့်လိုက်ပါ

ထို Brower ၏ ပုံစံသည် Mozilla firefox နှင့် နည်းပညာအခြေခံတူညီသောကြောင့် Firefox နှင့်ဆင်တူပါသည်။ ထူးခြားသော features များမှာ-

  • a button for complete Arabic ဘာသာပြောင်းရန် button ပါရှိခြင်း
  • ပိတ်ထားသောဝက်ဆိုက်ကိုကြုံပါက သတင်းပို့ ရန် "Report Blocked URLs" Button ပါရှိခြင်း. ထို button ကို address bar နှင့် status bar ဘေးနားတွင်တွေ့နိုင်သည်။
  • main interface သို့ပြန်သွားရန် Alkasir icon တစ်ခု

သင့် Alkasir Browser နှင့် Alkasir account အား ထိန်းညှိမှုများလည်း ပြုလုပ်နိုင်သော menu များကိုလည်းတွေ့နိုင်ပါသည်။

ဆော့ဝဲ၊ proxy စာရင်းနှင့် ပိတ်ထားသော website များ၏ database များအတွက်အလိုအလျှောက် update လုပ်ခြင်းကို ပိတ်ထားနိုင်ပါသည်။

အကယ်၍ ပိတ်ထားသော website တစ်ခုကိုကြုံလာပါက ( Access Denied ပြရင်ပဲဖြစ်ဖြစ် Connection Timeout error ပဲဖြစ်ဖြစ်) ၊ ထို website အား Alkasir database သို့ "Report Blocked URL" Button ကိုနှိပ်၍ သတင်းပို့နိုင်ပါသည်။ ထိုသတင်းပေးပို့ချက်ကို moderator မှလက်ခံမခံကြောင်းကို သင့်ထံသို့ notice ဝင်လာစေရန်လည်း ရွေးချယ်ထားနိုင်ပါသည်။ (လက်ခံမခံ ဆုံးဖြတ်ချက်သည် Alkasir ၏ Policy ပေါ်တွင် မူတည်ပါသည်။)

ထပ်မံသိလိုပါက

https://alkasir.com ကိုသွားနိုင်ပြီး-

  • ဆော့ဝဲအတွက် လမ်းညွှန်: https://alkasir.com/help
  • မေးလေ့မေးထရှိသော မေးခွန်းများ  https://alkasir.com/faq
  • သို့သွားရောက်လေ့လာနိုင်ပါသည်။